နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာအမျိုးသားလေကြောင်း(MNA) (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်

 

နေပြည်တော်    စက်တင်ဘာ    ၁၆


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊    မြန်မာအမျိုးသားလေကြောင်း (Myanmar National Airlines - MNA)  ၏  (၇၅)နှစ်မြောက်  စိန်ရတုနှစ်ပတ်လည် နေ့အခမ်းအနားကို     ယနေ့နံနက်ပိုင်း က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ Melia Hotel  ၌   ကျင်းပပြုလုပ်ရာ    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံ တော်ဝန်ကြီးချုပ်      ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။


အဆိုပါ အခမ်းအနားသို့  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ   ကောင်စီဝင်များ ဖြစ်ကြသည့်   ဗိုလ်ချုပ်ကြီး   မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင် စုအဆင့်   ပုဂ္ဂိုလ်များနှင့်   ပြည်ထောင်စု ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ်၊  ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့် မြင့် တပ်မတော်အရာရှိကြီးများ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊  ဒုတိယဝန်ကြီး များ၊ မြန်မာအမျိုးသားလေကြောင်းမှ အရာ ထမ်း၊  အမှုထမ်းများနှင့်  တာဝန်ရှိသူများ၊ဖိတ်ကြားထားသည့်     ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ် နှင့်  ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဗိုလ်ချုပ်ကြီး   မြထွန်းဦးနှင့် မြန်မာအမျိုးသားလေကြောင်းမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။


အောင်မြင်မှုမှတ်တိုင်များ စိုက်ထူ


ထို့နောက်  အခမ်းအနားကို  LED Annimation ဖြင့်  စတင်ဖွင့်လှစ်ပြီး   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်က  မြန်မာ အမျိုးသားလေကြောင်း၏ (၇၅)နှစ်မြောက် စိန်ရတု နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံတွင် လေယာဉ်ခရီးစဉ် များ၊ လေကြောင်းလိုင်း ပြေးဆွဲမှုများဟု ပြောလိုက်ပါ က မိမိအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး၏ရင်ထဲ၌ အရင်ဦးဆုံး ပြေးမြင်မိသည်မှာ UBA နှင့် BAC  ပင် ဖြစ်ပါကြောင်း၊   မြန်မာ့လွတ်လပ်ရေးရပြီးနောက် ပေါ်ပေါက်လာသည့်  UBA နှင့် BAC သည် ပြည်တွင်း လေကြောင်းခရီးစဉ်များကိုသာမက     ဒေသတွင်း ပြည်ပနိုင်ငံများနှင့်     ခရီးစဉ်များကိုပါ    ပြေးဆွဲခဲ့ပြီး သမိုင်းတစ်ခေတ်တွင်      အောင်မြင်မှုမှတ်တိုင်များ စိုက်ထူနိုင်ခဲ့သည်ကို  တွေ့ရပါကြောင်း၊  ထို့ကြောင့် လည်း ပြည်သူလူထု၏ရင်ထဲတွင်  ရှိနေခဲ့ခြင်းဖြစ်ပြီး ဂုဏ်ယူဖွယ်ရာလည်း ဖြစ်ပါကြောင်း၊ လေကြောင်း ပို့ဆောင်ရေးစနစ်         အောင်မြင်နိုင်ရေးဆိုရာတွင် လေကြောင်းလိုင်းများ၏   လေယာဉ်အမှုထမ်းများ စွမ်းရည်ကောင်းမွန်မှုသာမက  လေယာဉ်ကွင်းများ၊ လေဆိပ်ဝန်ဆောင်မှုများလည်း     ကောင်းမွန်ရန် လိုပါကြောင်း၊ နိုင်ငံတော်အနေဖြင့် လေယာဉ်ပြေးလမ်း များ အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ခြင်းများ ပြုလုပ်ပေး နေသကဲ့သို့ လေဆိပ်ဝန်ဆောင်မှုများ ကောင်းမွန်စေ ရန်လည်း ဖြစ်နိုင်သမျှ အဆင့်မြှင့်တင်ဆောင်ရွက်ပေး နေပါကြောင်း၊   အလားတူ   လေဆိပ်တွင်    တာဝန် ထမ်းဆောင်နေကြသည့်      ဝန်ထမ်းအသီးသီး၏ စွမ်းဆောင်ရည်       ကောင်းမွန်ရန်လည်း       လိုပါ ကြောင်း။


နိုင်ငံတစ်နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လေကြောင်းပို့ဆောင်ရေးကဏ္ဍ သည်   အရေးပါသည့်လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ လေကြောင်းခရီးနှင့်  သွားလာခြင်းသည်  ငွေကြေး ကုန်ကျမှုများသော်လည်း  အချိန်တိုအတွင်း  လိုရာ ခရီးသို့ရောက်နိုင်ပြီး     လုပ်ငန်းတွင်ကျယ်မှုလည်း ရှိစေပါကြောင်း၊ ထို့ကြောင့် လေကြောင်းပို့ဆောင်ရေး ကဏ္ဍကို အလေးအနက်ထားဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်းကိုလည်း ပြောကြားလိုပါကြောင်း။


မြန်မာအမျိုးသားလေကြောင်းသည် မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့်အတူ ၁၉၄၈ ခုနှစ်၊ စက်တင်ဘာ လ   (၁၅)   ရက်တွင်  “ပြည်ထောင်စုမြန်မာနိုင်ငံ လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့” (Union of Burma Airways - UBA) အမည်ဖြင့် စတင်တည်ထောင် ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၁၉၇၂ ခုနှစ်တွင် “လေကြောင်း ပို့ဆောင်ရေးကော်ပိုရေးရှင်း”  (Burma Airways Corporation-BAC)၊ ၁၉၈၉ ခုနှစ်တွင်   “မြန်မာ့ လေကြောင်း”(Myanma Airways-MA)၊ ၂၀၁၅ ခုနှစ် တွင် “မြန်မာအမျိုးသားလေကြောင်း”   (Myanmar National Airlines - MNA)  အဖြစ်   အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ပြည်တွင်း၊ ပြည်ပလေကြောင်း ပို့ဆောင်ရေးလုပ်ငန်းများကို     ထမ်းဆောင်ခဲ့ပါ ကြောင်း။


ဆက်လက်ထိန်းသိမ်းဆောင်ရွက်


မြန်မာအမျိုးသားလေကြောင်းအနေဖြင့် နိုင်ငံ့ အကျိုး၊ ပြည်သူ့အကျိုးကို မျှော်မှန်းပြီး ခေတ်အဆက် ဆက်   နိုင်ငံတော်ကပေးအပ်လာသည့်   လုပ်ငန်း တာဝန်များကို       ကျေပွန်စွာထမ်းဆောင်ခဲ့သည့် ကောင်းမွန်သည့် အစဉ်အလာနှင့်သမိုင်းကြောင်းကို ထာဝစဉ်   ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွား ရန်   တိုက်တွန်းလိုပါကြောင်း၊    မြန်မာအမျိုးသား လေကြောင်းအနေဖြင့်  ဝေးလံပြီး သွားလာမှုခက်ခဲ သည့် ဒေသတွင်ရှိသည့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးကိစ္စရပ် များ အဆင်ပြေစွာဖြင့်  အချိန်တိုအတွင်း  သယ်ယူ ပို့ဆောင်ပေးနိုင်ရန်နှင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသ တွင်းနိုင်ငံများအကြား  ဆက်သွယ်ပျံသန်းပို့ဆောင် နေသည့်       လေကြောင်းလိုင်းဖြစ်သည်နှင့်အညီ လေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍ  ပိုမိုဖွံ့ဖြိုး တိုးတက်အောင်    ဆောင်ရွက်သွားရန်    လိုအပ်ပါ ကြောင်း။
ပြည်ပခရီးစဉ်   ပျံသန်းမှုများအနေဖြင့်လည်း ထိုင်း၊ စင်ကာပူ၊ တရုတ်၊ ကိုရီးယား၊ အိန္ဒိယစသည့်နိုင်ငံ များကို ပုံမှန်ခရီးစဉ် (Schedule Flight)များ ပျံသန်း နေသည့်အပြင် ဗုဒ္ဓဂယာဘုရားဖူး စင်းလုံးငှား (Char- ter Flight) ခရီးစဉ်များကိုလည်း ပျံသန်းပြေးဆွဲလျက် ရှိသည်ကို  တွေ့ရှိရပါကြောင်း၊  မကြာမီတွင်လည်း ဒေသတွင်းနိုင်ငံများသို့  Cargo   လေယာဉ်ခရီးစဉ် စတင်ပျံသန်းမည်ဖြစ်ကြောင်း   သိရှိရသည့်အတွက် လေကြောင်းကုန်စည်ပို့ဆောင်မှုကဏ္ဍတွင်   MNA အနေဖြင့်    ပါဝင်ဆောင်ရွက်နိုင်တော့မည်ဖြစ်ပြီး အောင်မြင်စေရေးအတွက်လည်း     ဆုမွန်ကောင်း တောင်းပါကြောင်း။


ခရီးစဉ်များ တိုးချဲ့ပြေးဆွဲပျံသန်း


၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှစပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် ကူးစက်မြန်  ကိုဗစ်-၁၉  ကပ်ရောဂါ ကြောင့် တစ်ကမ္ဘာလုံးနိုင်ငံတိုင်း၏ စီးပွားရေးကဏ္ဍ ကျဆင်းမှုဖြစ်ခဲ့ရသကဲ့သို့ လေကြောင်းခရီးသွားလာ ပို့ဆောင်မှုအပေါ်တွင်လည်း  များစွာသက်ရောက်မှု ရှိခဲ့ပါကြောင်း၊ ယခုပြန်လည်နာလန်ထူလာပြီး ခရီးစဉ် ပေါင်းများစွာ၊ လေယာဉ်ပေါင်းများစွာ တိုးချဲ့ပြေးဆွဲ နေသည်ကိုတွေ့ရပါကြောင်း၊ ထိုကဲ့သို့ တိုးချဲ့ပြေးဆွဲ နိုင်ခြင်းသည်    လေကြောင်းသယ်ယူပို့ဆောင်ရေး ကဏ္ဍတွင်    အကျိုးဖြစ်ထွန်းမှုရှိခြင်းကြောင့်သာ ဖြစ်သည်ဟု  သုံးသပ်တွေ့ရှိရပါကြောင်း၊  ထို့ကြောင့် မြန်မာအမျိုးသားလေကြောင်းအနေဖြင့်လည်း “ကမ္ဘာ ကြည့် ကြည့်မြင်”  ဆောင်ရွက်သွားရန်   လိုအပ်ပါ ကြောင်း၊ ကိုဗစ်-၁၉ အလွန်ကာလ  လေကြောင်း ခရီးသွားစီးပွားရေးကဏ္ဍ  ပြန်လည်ဖွံ့ဖြိုးတိုးတက် လာသည့် အချိန်ကာလကို ရောက်ရှိလာပြီဖြစ်သဖြင့် မြန်မာအမျိုးသားလေကြောင်းအနေဖြင့် ဈေးကွက် သုတေသနကို အလေးထားပြုလုပ်စေလိုပါကြောင်း၊ ပြောင်းလဲတိုးတက်လာသည့်     အခြေအနေနှင့် လိုက်လျောညီထွေစွာ   ခရီးသည်နှင့်  ကုန်စည်ရရှိမှု အပေါ်မူတည်ပြီး   လေယာဉ်စင်းရေတိုးချဲ့မှုများ၊ လက်ရှိပြေးဆွဲနေသည့်  ခရီးစဉ်များကို  ခေါက်ရေ တိုးမြှင့်ပြေးဆွဲမှုများ၊ ခရီးစဉ်များကို တိုးချဲ့ပြေးဆွဲမှု များ ဆောင်ရွက်သွားရန်  ကြိုးစားသွားရမည်ဖြစ် ပါကြောင်း၊ ကုန်စည်ပို့ဆောင်ရေးခရီးစဉ် များကိုလည်း တိုးချဲ့ပြေးဆွဲပျံသန်းရန်   စီစဉ်ဆောင်ရွက်နိုင်မည် ဆိုပါက နိုင်ငံ၏ပို့ကုန်၊  သွင်းကုန်ကို တိုးမြှင့်တင်ပို့နိုင်မည်ဖြစ်သကဲ့သို့    နိုင်ငံ့စီးပွားရေးတိုးတက်မှုကို တစ်ဖက်တစ်လမ်းက  ကူညီပံ့ပိုးပေးရာရောက်မည် လည်း ဖြစ်ပါကြောင်း။


ရေရှည်ရှင်သန်ရပ်တည်သွားနိုင်မည်


လေကြောင်းလိုင်းကို ဦးစီးတာဝန်ယူဆောင်ရွက် နေသူများကအစ     အောက်ခြေဝန်ထမ်းများအဆုံး အားလုံးက တက်ညီလက်ညီ၊ စည်းလုံးညီညွတ်စွာဖြင့် မိမိကိုယ်ပိုင်စီးပွားရေးကဲ့သို့ သဘောထားဆောင်ရွက် သွားကြမှသာလျှင် တိုးတက်အောင်မြင်မှု  ရနိုင်မည် ဖြစ်ပြီး  ရေရှည်ရှင်သန်ရပ်တည်သွားနိုင်မည်ဖြစ် ကြောင်းကိုလည်း မှာကြားလိုပါကြောင်း။


လေကြောင်းနှင့်    ခရီးသွားကြသူများသည် အချိန်တိုအတွင်း မိမိသွားလိုသည့် နေရာကို ရောက်ရှိ လိုကြသူများဖြစ်သည့်အတွက်  ခရီးစဉ်များ  ပျံသန်း ပြေးဆွဲရာမှာ အချိန်မှန်ကန်ရေးကိုလည်း အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ လျှင် Connection Flight နှင့် ဆက်သွားကြရမည့် ခရီးသည်များအတွက် အဆင်ပြေမှုရှိစေမည်ဖြစ်ပါ ကြောင်း၊ မြန်မာအမျိုးသားလေကြောင်း၏ခရီးစဉ်များ   အချိန်မှန်မှုရှိလာသည်နှင့်အမျှ    ပြည်တွင်း၊ ပြည်ပခရီးသွားများအနေဖြင့်    မြန်မာအမျိုးသား လေကြောင်းအပေါ် ယုံကြည်အားကိုးလာကြမည် ဖြစ်ပြီး အခြားလေကြောင်းလိုင်းများနှင့် ယှဉ်ပြိုင်ရာ တွင် ခရီးသွားများရွေးချယ်မှုအများဆုံးအခြေအနေသို့   ရောက်ရှိလာမည်ကို    အလေးအနက်ထားပြီး မှာကြားလိုပါကြောင်း။


ပြည်တွင်း၊ ပြည်ပ ခရီးသည်များ မြန်မာအမျိုးသား လေကြောင်းနှင့်    ခရီးသွားရာတွင်   ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးသည် လည်း    အဓိကကျသည့်   အချက်တစ်ချက်ဖြစ်ပါ ကြောင်း၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနက ထုတ်ပြန်ထားသည့် Rules and Regulation များ၊ SoP များကိုလည်း  တိကျစွာလိုက်နာကြရန် လိုကြောင်းကိုလည်း ပြောကြားလိုပါကြောင်း။ 


ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်


မြန်မာအမျိုးသားလေကြောင်းကို    (၇၅)    နှစ်၊ စိန်ရတုတိုင် ရှင်သန်ရပ်တည်နိုင်ရေး ခေတ်အဆက် ဆက်က ကြိုးပမ်းဆောင်ရွက်ပေးကြသူများ၊ ဝန်ထမ်း ဟောင်းများ၊ လက်ရှိတာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအားလုံးကို  ဂုဏ်ယူအသိအမှတ်ပြုပါ ကြောင်းနှင့် မြန်မာအမျိုးသားလေကြောင်း အနာဂတ် ကာလ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွဲ့စည်း ပေးထားသည့်     စီမံခန့်ခွဲရေးအဖွဲ့က    ဦးဆောင်ပြီး ပါဝင်ဆောင်ရွက်နေကြသည့်        ကဏ္ဍအလိုက် ဦးဆောင်တာဝန်ခံများ၊      ဝန်ထမ်းများအားလုံး ကိုယ်စွမ်း၊     ဉာဏ်စွမ်းရှိသရွေ့    ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြပါရန် တိုက်တွန်းပြောကြားလိုပါ ကြောင်း၊ မြန်မာအမျိုးသားလေကြောင်း အဓွန့်ရှည် အောင်မြင်စွာ ရပ်တည်နိုင်ပါစေကြောင်းကို  ဆုမွန် ကောင်းတောင်းပါကြောင်း ပြောကြားသည်။


ယင်းနောက် မြန်မာအမျိုးသားလေကြောင်းနှင့် ပတ်သက်၍   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊  ဒုတိယဝန်ကြီးချုပ်နှင့်   ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး  မြထွန်းဦးက ရှင်းလင်းပြောကြားရာ တွင် မြန်မာအမျိုးသားလေကြောင်း စတင်ဖြစ်ပေါ်ခဲ့မှု နှင့်     အဆင့်ဆင့်တိုးတက်ပြောင်းလဲဖွဲ့စည်းခဲ့မှု၊ နိုင်ငံတော်၏   လေကြောင်းသယ်ယူပို့ဆောင်ရေး အခန်းကဏ္ဍကို     ဦးဆောင်ခဲ့ပြီး   တာဝန်များကို  ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့မှု၊ နိုင်ငံတကာအဆင့်မီ လေကြောင်းဝန်ဆောင်မှုများကို    ဆောင်ရွက်ပေး လျက်ရှိမှုနှင့် မြန်မာအမျိုးသားလေကြောင်း၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့မှသည်  နောင် နှစ်ပေါင်းများစွာတိုင်   နိုင်ငံတော်၏   လေကြောင်း သယ်ယူပို့ဆောင်ရေးတာဝန်များကို    ကျေပွန်စွာ ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်သည့်  အခြေ အနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ဆက်လက်၍   မြန်မာအမျိုးသားလေကြောင်း၊ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်ယော်က မြန်မာအမျိုး သားလေကြောင်း၏    ခေတ်အဆက်ဆက်   ဖြစ်ပေါ် ပြောင်းလဲတိုးတက်ခဲ့သည့်     အခြေအနေများကို ရှင်းလင်းတင်ပြပြီး  မြန်မာအမျိုးသားလေကြောင်း သယ်ယူပို့ဆောင်ရေးအခန်းကဏ္ဍ  ဖွံ့ဖြိုးတိုးတက် စေရေး  နိုင်ငံတော်မှ  ကူညီပံ့ပိုးပေးလျက်ရှိသည့် အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်တကွ   တာဝန်ရှိသူများ အားလုံးကို မြန်မာအမျိုးသားလေကြောင်းမှ အရာ ထမ်း၊ အမှုထမ်းများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိ ပါကြောင်း  ပြောကြားသည်။    


စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   အခမ်းအနား တက်ရောက်လာကြသူများသည် မြန်မာအမျိုးသား လေကြောင်း၏ (၇၅) နှစ်မြောက်  စိန်ရတုနှစ်ပတ် လည်နေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


ယင်းနောက် ဖျော်ဖြေရေးအစီအစဉ်ကို ဆက်လက် ကျင်းပပြုလုပ်ရာ မြန်မာအမျိုးသားလေကြောင်း၏ (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အထိမ်း အမှတ်အဖြစ် မြန်မာအမျိုးသားလေကြောင်း(MNA)မှ လေယာဉ်မောင်မယ်များက MNA ခေတ်လေးခေတ် ၏ Uniform Fashion များဝတ်ဆင်၍ စိန်ရတုနှစ်ပတ် လည်နေ့ဂုဏ်ပြုတေးသီချင်းဖြင့် တင်ဆက်ဖျော်ဖြေ ကြသည်။ ထို့နောက် မြန်မာအမျိုးသားလေကြောင်း၏ (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ အမှတ်တရ ဂုဏ်ပြု Video Clip ကို ဖွင့်လှစ်ပြသသည်။ 


ကြည့်ရှုအားပေး


ဆက်လက်ပြီး နိုင်ငံတော်သံစုံတီးဝိုင်း၏ တီးခတ် မှုဖြင့်   နိုင်ငံကျော်တေးသံရှင်များ၏  ဂုဏ်ပြုသီဆို  ဖျော်ဖြေမှုများ၊    မြန်မာ့ယဉ်ကျေးမှုအဖွဲ့၏    ကပြ ဖျော်ဖြေမှုများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူ များက ကြည့်ရှုအားပေးကြသည်။ 
သီဆိုကပြဖျော်ဖြေမှုများအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သီဆိုကပြဖျော်ဖြေခဲ့ကြသည့် နိုင်ငံတော်သံစုံတီးဝိုင်း မှ ပညာရှင်များ၊ မြန်မာ့ယဉ်ကျေးမှုအဖွဲ့မှ အနုပညာ ရှင်များ၊နိုင်ငံကျော်တေးသံရှင်များကို    ဂုဏ်ပြုပန်းခြင်းများ ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများက လက်ခံရယူကြ သည်။   


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံသို့ မြန်မာအမျိုးသား လေကြောင်း၊ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်ယော်က မြန်မာအမျိုးသားလေကြောင်း၏  (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့အထိမ်းအမှတ် လက်ဆောင် ကို ဂါရဝပြုပေးအပ်သည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   အခမ်းအနား တက်ရောက်လာကြသူများသည် မြန်မာအမျိုးသား လေကြောင်း၏ (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ် လည်နေ့ အထိမ်းအမှတ်ပြခန်းအတွင်း ပြကွက်တစ်ခု ချင်းအလိုက် စိတ်ဝင်တစား လိုက်လံကြည့်ရှုလေ့လာ ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြ သည်။ ဆက်လက်၍    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာ အမျိုးသားလေကြောင်း၏ (၇၅) နှစ်မြောက် စိန်ရတု နှစ်ပတ်လည်နေ့အထိမ်းအမှတ်ပြခန်း    ဧည့်သည် တော်မှတ်တမ်းစာအုပ်တွင်    အမှတ်တရလက်မှတ် ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။     


 သတင်းစဉ်