နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးနန်းမြို့တွင်းရှိ မြနန်းစံကျော်ရွှေနန်းတော်ကြီး ထိန်းသိမ်းထားရှိမှုများအား ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   မေ   ၂၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင်    ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး   ရဲဝင်းဦး၊  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန       ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊       မန္တလေးတိုင်းဒေသကြီး   ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ် ကြီး   မိုးအောင်၊    ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊     ကာကွယ်ရေးဦးစီးချုပ် ရုံးမှ    တပ်မတော်အရာရှိကြီးများ၊   အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်      တာဝန်ရှိသူများ လိုက်ပါ၍   မန္တလေးနန်းမြို့တွင်းရှိ   မြနန်းစံကျော် ရွှေနန်းတော်ကြီး ထိန်းသိမ်းထားရှိမှုအခြေအနေများ ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 


ဦးစွာ       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်    အဖွဲ့ဝင်များသည်   မှန်နန်းတော်ကြီး၊   ဗောင်းတော်ဆောင်၊    ညီလာခံ ကျင်းပရာ    အဆောင်များ၊   မှန်နန်းဆောင်၊ အလယ် နန်းဆောင်တို့အပါအဝင် ရွှေနန်းတော်ကြီးအတွင်း   လှည့်လည်ကြည့်ရှုကြရာ     မြနန်းစံကျော်ရွှေနန်း တော်ကြီး အဝန်းအဝိုင်းတစ်ခုလုံးကို   ထိန်းသိမ်းထား ရှိမှု များနှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သာသနာ ရေးဝန်ကြီးဌာန၊          ရှေးဟောင်းသုတေသနနှင့်  အမျိုးသားပြတိုက်ဦးစီးဌာန၊          မန္တလေးဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်မျိုးမျိုးသောင်းနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

 


ရှင်းလင်းတင်ပြမှုများအပေါ်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  မြနန်းစံကျော်     ရွှေနန်းတော်ကြီးသည်    အခြား နန်းတော်ကြီးများနှင့်မတူဘဲ တည်ဆောက်ပုံ၊ တည်ရှိ ပုံများနှင့်ပတ်သက်၍         မှတ်တမ်းမှတ်ရာများ ပြည့်ပြည့်စုံစုံရှိသည့်   နန်းတော်ကြီးဖြစ်ကြောင်း၊   ကိုလိုနီခေတ်ကတည်းက   ပြည်တွင်း၊   ပြည်ပ   မှတ်တမ်းမှတ်ရာ၊ အကိုးအကားများ    စုံစုံလင်လင် ရှိပြီးဖြစ်သည့်အတွက် ခိုင်မာသည့် သမိုင်းအထောက် အထားများ၊ မှတ်တမ်းမှတ်ရာများနှင့် ကိုက်ညီအောင်  အတတ်နိုင်ဆုံး   ဆောင်ရွက်သွားရန်လိုကြောင်း၊ နန်းတော်ကြီးအတွင်းရှိ  အဆောင်များအလိုက် အခန်း များအတွင်း ရှေးခေတ်အသုံးအဆောင်များနှင့် ပုံစံတူ များထားရှိနိုင်ရေး     မှတ်တမ်းများ    ပြန်လည်ကြည့်ရှု ဆောင်ရွက်သွားရန်လိုကြောင်း၊        မှန်နန်းဆောင် အတွင်းရှိ   တိုင်လုံးများအပေါ်တွင်   မှန်စီရွှေချခြင်း များကို  သပ်ရပ်မှုရှိအောင် ပြန်လည်ဆောင်ရွက်သွား ရန်လိုကြောင်း၊   ပလ္လင်တော်အပါအဝင်  အချို့သော အသုံးအဆောင်ပစ္စည်းများကို       ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် မှန်ကာရံခြင်းများကို  ဆောင်ရွက် သွားရန်လိုကြောင်း၊     နန်းဆောင်အချင်းချင်း ဆက်သွယ်ထားသည့်    လမ်းများကိုလည်း     မူလပုံစံ များအတိုင်း  အတတ်နိုင်ဆုံးဖြစ်အောင် ဆောင်ရွက် သွားရန်လိုကြောင်း၊ ရှေးဟောင်းအမွေအနှစ်     လက်ရာ များဖြစ်သည့်အတွက်    အထူးဂရုပြု   ထိန်းသိမ်းစောင့် ရှောက်သွားရန်လိုကြောင်းနှင့်           သန့်ရှင်းသပ်ရပ်မှု ရှိအောင်       ထိန်းသိမ်းဆောင်ရွက်မည်ဆိုပါက လာရောက်လေ့လာသူများကိုလည်း ပိုမိုဆွဲဆောင်နိုင် မည်ဖြစ်ကြောင်း မှာကြားသည်။

 


ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည်  မြနန်းစံကျော်ရွှေနန်းတော်ကြီး    သမိုင်းမှတ်တမ်း ဓာတ်ပုံများနှင့် နန်းတွင်းအသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသမှုများကို ကြည့်ရှုကာ လိုအပ်သည်များ      မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်