
နေပြည်တော် ဧပြီ ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် တာချီလိတ်လေယာဉ် ကွင်း၊ လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ရှင်းလင်းဆောင်၌ တာဝန်ရှိသူတစ်ဦးက လေယာဉ် ပြေးလမ်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအခြေအနေများ ကို ရှင်းလင်းတင်ပြသည်။
လိုအပ်သည်များ
ကြိုတင်ပြင်ဆင်
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က တာချီလိတ်လေဆိပ်သို့ လေယာဉ်ကြီးများ ဆင်းသက်နိုင် သည်အထိ ဆက်လက်အဆင့်မြှင့် တင် တိုးချဲ့ဆောင်ရွက်ရန်အတွက် လိုအပ်သည်များကို ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရန် လိုကြောင်း၊ တည်ဆောက်မှု လုပ်ငန်းများ သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်ရေး ဆောင်ရွက်ရန် လိုကြောင်း၊ လေယာဉ်ကွင်း သန့်ရှင်းရေးအတွက် ချုံနွယ် များခုတ်ထွင်ရှင်းလင်းခြင်းများကို အမြဲမပြတ် ဆောင်ရွက်နေရန် လိုကြောင်း မှာကြားပြီး တာချီ လိတ်မြို့အတွင်းရှိ လမ်းများအား သတ်မှတ်ထားသည့် လမ်းညွှန် အမှတ်အသားများ ပြည့်စုံစွာ ပြုလုပ်ထားရန်လိုကြောင်း၊ ယာဉ် စည်းကမ်း ထိန်းသိမ်းမှုများကို လည်း စနစ်တကျဆောင်ရွက်ရန် လိုကြောင်း၊ သတ်မှတ်ထားသည့် ယာဉ်နံပါတ်များ တပ်ဆင်ရန် အတွက် ပညာပေးကာလကုန်ဆုံးသွားပြီဖြစ်သဖြင့် ယာဉ်နံပါတ် များ စနစ်တကျ တပ်ဆင်စေ ရေး ယာဉ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း၊ တာချီ လိတ်မြို့ သန့်ရှင်းသာယာလှပရေး အတွက် စနစ်တကျဆောင်ရွက် ရန်လိုကြောင်း၊ သောက်သုံးရေ လုံလောက်စွာ ရရှိရေးအတွက် မိုးရေများ စုဆောင်းခြင်းနှင့် ရေထွက်နေရာများကိုလည်း စနစ် တကျဖြင့် ထိန်းသိမ်းဆောင်ရွက် ရန်လိုကြောင်း၊ ဒေသတွင်း အသား၊ ငါးများ လုံလောက်စွာ ရရှိရေး မွေးမြူရေးလုပ်ငန်း များနှင့် MSME လုပ်ငန်းများ ကို အားပေးဆောင်ရွက်ရန် လိုကြောင်း၊ နယ်စပ်ကုန်သွယ်ရေး နှင့် ပတ်သက်၍လည်း ပို့ကုန်များ တင်ပို့နိုင်မှုများကို မှတ်တမ်းတင် ထားရှိရန်လိုပြီး ထိုမှတစ်ဆင့် သုတေသနပြု ဆောင်ရွက်၍ ကုန်သွယ်မှုလုပ်ငန်းများ တိုးတက် အောင်ဆောင်ရွက်ရန် လိုကြောင်း၊ ဒေသတွင်းထုတ်ကုန်များ ထုတ် လုပ်နိုင်ရန်လိုကြောင်း၊ တာချီလိတ် မြို့သို့ မော်တော်ယာဉ်၊ လေ ယာဉ်များဖြင့် ပြင်ပမှ ဝင်ရောက် လာသူများအား စနစ်တကျ မှတ်တမ်းတင်ရန် လိုကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းဒေသ)တွင် တောင်ယာများမီးရှို့ခြင်းမှ ထွက်ပေါ်လာသည့် မီးခိုးငွေ့များ ကြောင့် တာချီလိတ်လေဆိပ်ကို မတ်လနှင့် ဧပြီလတို့တွင် ရက် ၂၀ ကျော်ကြာ ပိတ်ခဲ့ရကြောင်း၊ ထို့ကြောင့် ရှမ်းပြည်နယ်(အရှေ့ ပိုင်းဒေသ) အတွင်း ထိုသို့ တောင်ယာများ မီးရှို့ခြင်းနှင့် လယ်ယာများ၌ ကောက်ရိုးများ မီးရှို့ခြင်းမရှိစေရေး ထိန်းသိမ်း ကြပ်မတ်ရန်လိုကြောင်း၊ ရွှေ့ ပြောင်းတောင်ယာ စိုက်ပျိုးမှုစနစ် ပပျောက်အောင် ဆောင်ရွက်ရန်နှင့် တောင်ယာများ၌ ကုန်းမြင့်လယ် စိုက်ပျိုးမှုစနစ်ကို ဖော်ဆောင်ပေး ရန်လိုကြောင်း၊ ထို့ကြောင့် ဒေသ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ အနေဖြင့် စနစ်တကျဖြင့်ကြပ်မတ် ခြင်းများကို ဆောင်ရွက်ရန် လိုကြောင်းဖြင့် တာဝန်ရှိသူများကို မှာကြားသည်။
လိုအပ်သည်များ
လမ်းညွှန်မှာကြား
ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်နေမှုနှင့် လေဆိပ် အဆောက်အဦကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်