နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာနနာယက ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများအား သွားရောက်ကြည့်ရှု၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

 

နေပြည်တော်   ဧပြီ   ၂၉


ရှမ်းပြည်နယ် (အရှေ့ပိုင်း)  တာချီ လိတ်မြို့ နဂါးနှစ်ကောင်ကျောင်း တိုက် ပဓာနနာယက နိုင်ငံတော် ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိ က အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိအား  ကျန်းမာရေး စောင့်ရှောက်မှု    ပေးထားသည့် အခြေအနေများကို    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး      မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှနှင့်   တာဝန် ရှိသူများ  လိုက်ပါ၍ ယနေ့နံနက် ပိုင်းတွင်    သွားရောက်ကြည့်ရှု သည်။

 


ဖူးမြော်ကြည်ညို


ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များ သည် ဆရာတော်ကြီးအား ဖူးမြော် ကြည်ညို၍   ကျန်းမာရေးစောင့် ရှောက်မှု    ဆောင်ရွက်ပေးထား သည့်အခြေအနေများကို ကြည့်ရှု ရာ တာဝန်ရှိသူများက ဆရာတော် ကြီး၏ ကျန်းမာရေးအခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  ဆရာ တော်ကြီး၏  ကျန်းမာရေးအခြေ အနေများကို မပြတ်စောင့်ကြည့်၍ လိုအပ်သည်များကို    ဖြည့်ဆည်း ဆောင်ရွက်ပေးရန်၊     ကိုယ်ခံ စွမ်းအားရှိစေရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေးတို့   အတွက်လည်း ဆောင်ရွက်ပေးရန်နှင့်     အခြား လိုအပ်သည်များကို အလေးထား မှာကြားသည်။

 

  
  ဆက်ကပ်လှူဒါန်း


ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်  ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဆရာတော်ကြီးအား   လှူဖွယ် ပစ္စည်းများ၊   ဆေးပစ္စည်းများ၊ အာဟာရဖြည့်  စားသောက်ဖွယ် ရာများနှင့်   နဝကမ္မအလှူတော် ငွေများကို     ဆက်ကပ်လှူဒါန်း သည်။

 


 ဓမ္မလက်ဆောင်
ပြန်လည်ပေးအပ်


ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင် များသည် နဂါးနှစ်ကောင်ကျောင်း တိုက် လက်ထောက်ကျောင်းထိုင် ဆရာတော်    ဘဒ္ဒန္တသုဓမ္မအား ဖူးမြော်ကြည်ညိုပြီး    လှူဖွယ် ပစ္စည်းများကို ဆက်ကပ်လှူဒါန်း ရာ ဆရာတော်က ဓမ္မလက်ဆောင် များ ပြန်လည်ပေးအပ်သည်။

 


လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်


 ယင်းနောက်    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က       နဂါး နှစ်ကောင်ကျောင်းတိုက်  ပဓာန နာယက    ဆရာတော်ကြီး၏ ကျန်းမာရေးနှင့်ပတ်သက်၍အထူး အလေးထား    စောင့်ကြည့်ကာ လိုအပ်သည်များကို   ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး၊   ဆရာ တော်ကြီး၏ ကျန်းမာရေးအခြေ အနေအရ ဧည့်တွေ့ဖူးမြော်မှုများ ကိုလည်း  စနစ်တကျဖြစ်စေရေး တို့နှင့်  ပတ်သက်၍  တာဝန်ရှိသူ များကို      မှာကြားခဲ့ကြောင်း သတင်းရရှိသည်။    
 

သတင်းစဉ်