နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Don Pramudwinai ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 

မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ လျှော့ချရေးအတွက် ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် အခြေအနေများဆွေးနွေး

 

နေပြည်တော်     ဧပြီ    ၂၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Don Pramudwinai ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား   ယနေ့   မွန်းလွဲပိုင်းတွင်   နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 


ထိုသို့   တွေ့ဆုံရာတွင်   မြန်မာနိုင်ငံ၊   ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့ အကြား နယ်စပ်ဖြတ်ကျော်  မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ လျှော့ချရေး အတွက်  ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊    တရားမဝင်လူကုန်ကူးမှုများ၊ မူးယစ်ကုန်သွယ်မှုများနှင့်    လက်နက်ကုန်သွယ်မှုများ     ပပျောက်ရေးအတွက်   ပူးပေါင်းဆောင်ရွက်သွားမည့်    ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး  ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။ 

 


မှတ်တမ်းတင်ဓာတ်ပုံရိုက်


တွေ့ဆုံပွဲအပြီးတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ထိုင်းနိုင်ငံ၊   ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။

 


တက်ရောက်


အဆိုပါတွေ့ဆုံပွဲသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ      နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ   ကောင်စီတွဲဖက်အတွင်းရေးမှူး   ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊    နိုင်ငံခြားရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ၊  အပြည်ပြည်ဆိုင်ရာ  ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ၊   ဒုတိယဝန်ကြီးချုပ်နှင့်   နိုင်ငံခြားရေး ဝန်ကြီးနှင့်အတူ    မြန်မာနိုင်ငံဆိုင်ရာ   ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။         

          
သတင်းစဉ်