နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တွေမြို့ ကန်တော်ကြီးအတွင်း ရေပြန်လည်ဖြည့်တင်းပေးနိုင်ရေး စီမံဆောင်ရွက်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  မတ်   ၃၀


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် ခရီးစဉ်တွင်   လိုက်ပါလာသည့် အဖွဲ့ဝင် များ၊  ရခိုင်ပြည်နယ်  ဝန်ကြီးချုပ် ဦးထိန် လင်း၊     အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး    ဗိုလ်ချုပ်    ထင်လတ်ဦးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ရခိုင်ပြည်နယ် စစ်တွေမြို့  မြို့ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်      ကန်တော်ကြီး အတွင်းသို့   ရေများ  ပြန်လည်ဖြည့်တင်း ရေးဆောင်ရွက်နေမှု  အခြေအနေများကိုသွားရောက်ကြည့်ရှုစစ်ဆေးသည်။

 


ရှင်းလင်းတင်ပြ


ဦးစွာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်     မြို့ရေပေးဝေရေး ကန်တော်ကြီးနှင့် ရေစုကန်အစုအဖွဲ့နေရာ သို့  ရောက်ရှိကြရာ  ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်        သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ ဆည်မြောင်းနှင့် ရေအသုံးချ မှု    စီမံခန့်ခွဲရေး    ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်တို့က     ကန်တော်ကြီး အတွင်းသို့ မြေအောက်ရေမှ  ရေပြန်လည် ဖြည့်တင်းပေးနိုင်ရေး ဆောင်ရွက်လျက် ရှိမှုအခြေအနေများနှင့်    စစ်တွေမြို့၏ ရေလိုအပ်ချက်     အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 


ဖြည့်ဆည်းဆောင်ရွက်ပေး


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်က “ ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက် ” ဆိုသည့်အတိုင်း ရေသည်   လူတိုင်းအတွက်    အရေးကြီး လိုအပ်ချက်ဖြစ်ကြောင်း၊     ထို့ကြောင့် သောက်သုံးရေနှင့်  စိုက်ပျိုးရေများအတွက် ရေလုံလောက်စွာ     ရရှိရန်လိုကြောင်း၊ စစ်တွေမြို့၏ ရေလိုအပ်ချက်ကို ဖြည့်ဆည်း ပေးရန်အတွက်   မိမိတို့အနေဖြင့်   စီမံ ဆောင်ရွက်ပေးနေခြင်း       ဖြစ်ကြောင်း၊ စစ်တွေမြို့ရေပေးဝေရေးအတွက်  အဓိက ဖြစ်သည့်     ကန်တော်ကြီးအတွင်း    ရေ ပြန်လည်   ဖြည့်တင်းပေးနိုင်ရေးအတွက် မြေအောက်ရေ    ရရှိဆောင်ရွက်ရာတွင် ရေရရှိနိုင်သည့် နေရာများကို ထပ်မံသုတေ သနပြု၍  တူးဖော်ဆောင်ရွက်ကြစေ လိုကြောင်းမှာကြားပြီး  အခြားလိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 


ကြည့်ရှုအားပေး


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ် သည်  သင်္ဂနက်ဆည်နှင့် ကန်တော်ကြီးသို့ မြေအောက်ရေအကူပိုက်လိုင်းမှ  ရေသွယ် တန်းမှုကို    စက်ခလုတ်နှိပ်၍     စတင် ဖွင့်လှစ်ပေးပြီး     ရေရရှိမှုအခြေအနေကို ကြည့်ရှုအားပေးသည်။

 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် သည်    ကန်တော်ကြီးအတွင်း   မြေသား စမ်းသပ်မှုလုပ်ငန်းများမှ  ထွက်ရှိလာသည့် အပေါ်ယံမြေလွှာနှင့် ကျောက်စ ကျောက်န များ၊     သဲကျောက်လွှာများကို    ကြည့်ရှု စစ်ဆေးရာ  တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။

 


ပိုက်လိုင်းများဖြင့်ပို့လွှတ်


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့  စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ စစ်တွေ မျိုးသန့်ခြံအတွင်း၌ စက်ရေ တွင်းဖြင့်     မြေအောက်ရေထုတ်ယူနေမှု နေရာသို့ရောက်ရှိရာ  ရှင်းလင်းဆောင်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်း နောင်၊    ဆည်မြောင်းနှင့်   ရေအသုံးချမှု စီမံခန့်ခွဲရေးညွှန်ကြားရေးမှူးချုပ် ဦးဗိုလ် ဗိုလ်ကျော်၊    ရေအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး     ဦးသက်နိုင်တို့က စိုက်ပျိုးရေးမျိုးသန့်ခြံ   ဧက ၄၀ အတွင်း ဘူမိရူပဆိုင်ရာ   တိုင်းတာမှုများအရ စက် ရေတွင်းများ တူးဖော်ရန်လျာထားသည့် တည်နေရာများနှင့်  တူးဖော်ပြီး၊ တူးဖော် ဆဲစက်ရေတွင်းများမှ  ရေချိုထွက်ရှိမှုနှင့် အချို့နေရာများတွင် ရေငန်များ   ရောနှော ပါဝင်နေမှု၊       စက်ရေတွင်းများမှ  ထွက်ရှိ လာသည့်   ရေများကို    ရေစုကန်များဖြင့် စု၍   ကန်တော်ကြီးသို့    ပိုက်လိုင်းများ ဖြင့်   ပို့လွှတ်ရန်   ဆောင်ရွက်လျက်ရှိမှု တို့ကို ရှင်းလင်းတင်ပြကြသည်။

 


မိုးရေကို  စုဆောင်း


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က မြေအောက်ရေရရှိနိုင်မည့်      ပမာဏကို စနစ်တကျဖြင့်     တိုင်းတာတွက်ချက်ရန် လိုကြောင်း၊   မြေအောက်ရေတစ်ခုတည်း ကိုသာ အားမကိုးဘဲမိုးများသည့်   ဒေသ ဖြစ်သည့်အတွက် မိုးရေကို  စုဆောင်းပြီး ရေချိုကို   ပြန်လည်ဖြည့်တင်းရန်    လို ကြောင်း မှာကြားသည်။

 


လိုအပ်သည်များ လမ်းညွှန်မှာကြား


ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည်   စက်ရေတွင်းများ တူးဖော်နေမှုကို  လိုက်လံကြည့်ရှုစစ်ဆေး ပြီး    လိုအပ်သည်များ   လမ်းညွှန်မှာကြားသည်။     

 


များစွာအထောက်အကူပြု


နိုင်ငံတော်   စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏   ဖေဖော်ဝါရီ ၁၈ ရက်    စစ်တွေခရီးစဉ်အတွင်း       စစ်တွေမြို့ ရေရရှိရေး           ကန်တော်ကြီးအတွင်း ရေပြန်လည်        ဖြည့်တင်းနိုင်ရေးအတွက် တာဝန်ရှိသူများကို     လမ်းညွှန်မှာကြား ခဲ့မှုအရ      ကန်တော်ကြီးအတွင်းသို့ မြေအောက်ရေဖြင့်   ရေပြန်လည်    ဖြည့် တင်းနိုင်ရေး     ဆောင်ရွက်ခဲ့ရာ   စက်ရေ တွင်း   တူးဖော်နိုင်သည့်   နေရာများကို ဘူမိရူပဆိုင်ရာ   တာတိုင်းတာမှုများပြုလုပ် ၍     စက်ရေတွင်းများ  တူးဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊      ထိုသို့ ဆောင်ရွက်ရာတွင်      သင်္ဂနက်ဆည်မှ ကန်တော်ကြီးအထိ      (ဆည်ရေနှင့် တွင်းအမှတ်-၁)တို့မှ ရေပိုက်လိုင်းအရှည်  ပေ ၄၄၀၀ အား သွယ်တန်းခဲ့ပြီး ကန်တော် ကြီးအတွင်းသို့   ယနေ့တွင်စတင်ဖြည့်တင်း နိုင်ခဲ့ကြောင်း၊      ဆက်လက်၍လည်း ထပ်မံတူးဖော်ရရှိသည့် စက်ရေတွင်းများ မှထွက်ရှိသည့် ရေများကို  ကန်တော်ကြီး အတွင်းသို့     ထပ်မံဖြည့်တင်းနိုင်ရေး ရေပိုက်လိုင်းများနှင့်   ရေတွန်းစက်များ ထပ်မံတပ်ဆင်နိုင်ရေး    ဆောင်ရွက်လျက် ရှိကြောင်း၊ စစ်တွေမြို့ကို  အဓိက  ရေပေး ဝေလျက်ရှိသည့်  ကန်တော်ကြီး၏ ရေသို လှောင်နိုင်မှုပမာဏမှာ   ရေဂါလန်   ၄၈၁ ဒသမ ၁၀ သန်းဖြစ်ပြီး ကန်တော်ငယ်(၁၊၂)၊ ကန်တော်လေးနှင့် တြိဂံကန် ရေသိုလှောင် နိုင်မှုမှာ  ရေဂါလန် ၆၂ ဒသမ ၃၇ သန်း၊ တိုးချဲ့ကန်ရေသိုလှောင်နိုင်မှုမှာ  ရေဂါလန် ၁၁၉ ဒသမ ၅၉ သန်း၊    ဆက်ရိုးကျကန် အမှတ်(၁)နှင့် (၂) တို့၏   ရေသိုလှောင်နိုင်မှု မှာ  ရေဂါလန် ၁၂၀ သန်း ဖြစ်ကြောင်းနှင့် ယခုကဲ့သို့        ကန်တော်ကြီးအတွင်းသို့ မြေအောက်ရေများမှ        ရေပြန်လည် ဖြည့်တင်းခြင်းလုပ်ငန်းများ   ဆောင်ရွက် ခြင်းဖြင့်    စစ်တွေမြို့     ရေလုံလောက် စွာ  ရရှိရေးအတွက်  များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း  သတင်းရရှိသည်။


သတင်းစဉ်