နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၃ ခုနှစ် (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

 

နေပြည်တော်   မတ်   ၁၇


၂၀၂၃ ခုနှစ်  (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ   ပြပွဲ ဖွင့်ပွဲအခမ်းအနားကို         ယနေ့ နံနက်ပိုင်းတွင်     နေပြည်တော်ရှိ မဏိရတနာ   ကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ      နိုင်ငံတော် ဝန်ကြီးချုပ်        ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်          တက်ရောက် ချီးမြှင့်သည်။

 


အခမ်းအနားသို့      နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ     ဥက္ကဋ္ဌ နိုင်ငံတော်       ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်   အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး          ရဲဝင်းဦး၊ ကောင်စီဝင်များ            ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး     တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး    မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊  ဦးမောင်ကို၊             ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီး များနှင့်         ပြည်ထောင်စုအဆင့်   ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီ            ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်          အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊        ဌာနဆိုင်ရာများမှ   တာဝန်ရှိသူများ၊       မြန်မာနိုင်ငံ ကျောက်မျက်        လုပ်ငန်းရှင်များ အသင်းမှ     တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊  ပြည်တွင်း၊ ပြည်ပမှ ကျောက်မျက်လုပ်ငန်းရှင် များ တက်ရောက်ကြသည်။

 


 ဗီဒီယိုမှတ်တမ်းကို ကြည့်ရှု


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော် ဝန်ကြီးချုပ်နှင့်         အခမ်းအနား တက်ရောက်လာကြသူများသည် မြန်မာ့ပုလဲများ    ထုတ်လုပ်မှုနှင့် ရောင်းချနိုင်မှု၊        ကျောက်မျက် ရတနာပစ္စည်းများ  ထုတ်လုပ်မှုနှင့် ၂၀၂၃  ခုနှစ်    (၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ    ပြပွဲ အခမ်းအနား         ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု     ဗီဒီယို မှတ်တမ်းကို ကြည့်ရှုကြသည်။ 

 


လမ်းညွှန်မှာကြား


ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ        ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   အခမ်း အနား တက်ရောက်လာကြသူများ သည်    ၂၀၂၃   ခုနှစ်    (၅၈)ကြိမ် မြောက်      မြန်မာ့ကျောက်မျက် ရတနာပြပွဲ၌  ရောင်းချရန်    မဏိ ရတနာကျောက်စိမ်းခန်းမအတွင်း ပြသထားသော    ကျောက်စိမ်း၊  ကျောက်မျက်အတွဲများနှင့်  ပုလဲ အတွဲများကို     လိုက်လံကြည့်ရှု စစ်ဆေးပြီး     တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က   လိုအပ် သည်များ     လမ်းညွှန်မှာကြားသည်။

 


လိုက်လံကြည့်ရှု


ထို့နောက်      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ       ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင် များသည်  ပုဂ္ဂလိကကျောက်မျက် ရတနာအချောထည်     အရောင်း ပြခန်းများ ဖွင့်လှစ်ရောင်းချနေမှု ကို      လိုက်လံကြည့်ရှုအားပေးပြီး ခန်းမအပြင်ဘက်တွင်   ခင်းကျင်း ပြသထားသည့်  လုံးခင်း/ဖားကန့် ရတနာနယ်မြေ၊   မက်လင်ချောင် အကျိုးတူ  (၂)မှ ထွက်ရှိသည့် ၃၅ တန်ရှိ   ကျောက်စိမ်းတုံးကြီး နှင့်   ကျောက်စိမ်းရိုင်းအတွဲများ ကို      လိုက်လံကြည့်ရှုစစ်ဆေး သည်။

 


ပြသရောင်းချပေးမည်


နိုင်ငံတော်အတွက်  နိုင်ငံခြား ဝင်ငွေရရှိရန်နှင့်    နိုင်ငံသားများ အတွက် စီးပွားရေးအကျိုးဖြစ်ထွန်း မှုများရရှိနိုင်စေရန်အတွက် တူးဖော်       ထုတ်လုပ်ထားသည့် ကျောက်မျက် ရတနာများကို    ရောင်းချနိုင်မည့် မြန်မာ့ကျောက်မျက်ရတနာ   ပြပွဲ များကို   ၁၉၆၄   ခုနှစ်မှစတင်၍ ကျင်းပခဲ့သည်။        ယခုပြပွဲတွင် ပုလဲအတွဲပေါင်း ၂၉၅ တွဲ၊ ကျောက် မျက်   အတွဲပေါင်း   ၁၂၀     နှင့် ကျောက်စိမ်းအတွဲပေါင်း     ၂၁၅၀ တို့ကို    ပြည်တွင်းပြည်ပ  ရတနာ ကုန်သည်များအား        အိတ်ဖွင့် တင်ဒါစနစ်ဖြင့်         စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များနှင့် အညီ ရောင်းချပေးသွားမည်ဖြစ်ရာ ပုလဲအတွဲများ    ရောင်းချရာတွင် ကြမ်းခင်းဈေးကို    အမေရိကန် ဒေါ်လာဖြင့်   သတ်မှတ်ထားရှိပြီး ပြည်ပ   ရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်း  ရတနာကုန်သည်များ က      ဈေးကွက်ပေါက်ဈေးနှင့် ညီမျှသော     မြန်မာကျပ်ငွေဖြင့် လည်းကောင်း ပေးချေသွားရမည် ဖြစ်သည်။ ကျောက်မျက်၊ ကျောက် စိမ်းအတွဲများအတွက် ကြမ်းခင်း ဈေးကို ယူရိုငွေဖြင့် သတ်မှတ်ထား ရှိပြီး  ပြည်ပရတနာကုန်သည်များ က    အမေရိကန်ဒေါ်လာ၊   ယူရို၊ ယွမ်ငွေ၊   ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာ ကုန်သည်များက   ယူရိုငွေနှင့်ညီမျှ သော    မြန်မာကျပ်ငွေဖြင့်လည်း ကောင်း    ပေးချေသွားရမည်ဖြစ် သည်။       နိုင်ငံခြားငွေဖြင့်သာ ပေးချေရမည့်          ကျောက်စိမ်း အတွဲများအတွက်    ပြည်တွင်း၊ ပြည်ပ    ရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ နိုင်ငံခြားငွေ  (သို့မဟုတ်)    မြန်မာ ကျပ်ငွေဖြင့်        ပေးချေရမည့် ကျောက်စိမ်း    အတွဲများအတွက် ပြည်တွင်း    ရတနာကုန်သည်များ အနေဖြင့်   ယူရိုငွေနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့်  လည်းကောင်း၊ ပြည်ပ       ရတနာကုန်သည်များ အနေဖြင့် ယူရို(သို့မဟုတ်)ယူရို ငွေနှင့်ညီမျှသော     အမေရိကန် ဒေါ်လာ   (သို့မဟုတ်)    ယွမ်ငွေ (သို့မဟုတ်)   ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း  ပေးချေရမည်ဖြစ် သည်။ ပြည်တွင်းပြည်ပရတနာ ကုန်သည်များအား     အိတ်ဖွင့် တင်ဒါစနစ်ဖြင့်         စည်းမျဉ်း စည်းကမ်း  သတ်မှတ်ချက်များနှင့် အညီ   ရောင်းချပေးသွားမည်ဖြစ် ပြီး    ယခုကျင်းပပြုလုပ်သည့် (၅၈)ကြိမ်မြောက် မြန်မာ့ကျောက် မျက်ရတနာပြပွဲကို မတ် ၁၇ ရက် မှ ၂၃ ရက်အထိ    ခင်းကျင်းပြသ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။    

 

သတင်းစဉ်