နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တွေမြို့ မြို့ရေပေးဝေရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေ သွားရောက်ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဖေဖော်ဝါရီ    ၂၈


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်သည်  ယနေ့နံနက်ပိုင်းတွင် ခရီးစဉ် တွင်    လိုက်ပါလာသည့်အဖွဲ့ဝင်များ၊   ရခိုင်ပြည်နယ် ဝန်ကြီးချုပ်       ဦးထိန်လင်း၊   အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်   တိုင်းမှူး  ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ရခိုင်ပြည်နယ် စစ်တွေမြို့  မြို့ရေပေးဝေရေး    စီမံဆောင်ရွက်ထားရှိမှု    အခြေအနေများကို    သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 


ရေရရှိရေး ရှင်းလင်းတင်ပြ


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ      နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြို့ရေပေးဝေရေး  ကန်တော်ကြီး နှင့်   ရေစုကန်အစုအဖွဲ့နေရာသို့ ရောက်ရှိကြရာ   ပြည်နယ်စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်မိုးနှင့် တာဝန်ရှိသူများက စစ်တွေမြို့အတွင်းရှိ ပြည်သူများ ၏   နေ့စဉ်နှင့်   နှစ်စဉ်ပျမ်းမျှ သုံးရေလိုအပ်ချက်ပမာဏ၊ သုံးရေ လိုအပ်ချက်အတွက်   ကန်တော် ကြီးနှင့်      ရေစုကန်အစုအဖွဲ့၊ ဆတ်ရိုးကျ ရေစုကန်အစုအဖွဲ့တို့ ဖြင့် မိုးရေကို သိုလှောင်၍ ရေပေး ဝေရေး    ဆောင်ရွက်လျက်ရှိမှု၊ နှစ်စဉ် မိုးရွာသွန်းမှု အခြေအနေ များနှင့် ရေသိုလှောင်နိုင်မှု၊ ၂၀၁၇ ခုနှစ်မှစ၍        မိုးရေချိန်ရရှိမှု နည်းလာခြင်း၊     မြို့နေလူဦးရေ တိုးပွားလာခြင်းတို့ကြောင့် ရေပေး ဝေရေးတွင်    လိုအပ်ချက်များ ဖြစ်ပေါ်လျက်ရှိမှုနှင့် ရေလှောင် ကန်တိုးချဲ့ခြင်းနှင့်  ရေစုကန်များ အတွင်းသို့       ခမီကြိမ်ချောင်း ရေလှောင်တမံမှ     ရေသွယ်တန်း ဖြည့်တင်းခြင်း           နည်းလမ်း အပါအဝင်   အခြားနည်းများဖြင့် ရေရရှိရေး   ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိမှုတို့ကို  ရှင်းလင်း တင်ပြကြသည်။

 


ရေလိုအပ်ချက်ဖြည့်ဆည်းပေး


ရှင်းလင်းတင်ပြမှုများအပေါ်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်က မြို့နေပြည်သူလူထုတို့၏    နေ့စဉ် သုံးရေလိုအပ်ချက်       ပမာဏကို ဖြည့်ဆည်းပေးနိုင်ရေး  ကြိုးပမ်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ရေချိုကို   သိုလှောင်၍   ဖြန့်ဖြူး ပေးသည့် နည်းလမ်းအပြင် ဒေသ တွင်းရှိ   ရေငန်ကို   ရေချိုသုံးရေ အဖြစ် ပြောင်းလဲအသုံးပြုနိုင်မည့် နည်းလမ်းများကိုလည်း  စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင်       မြို့ပတ်ဝန်းကျင်ကို မထိခိုက်စေနိုင်မည့်       မြို့၏ မြောက်ဘက်ခြမ်းတွင် မြေအောက် ရေ ထုတ်ယူသုံးစွဲနိုင်ရေး ဆန်းစစ် သုတေသနပြု   တိုင်းတာခြင်းကို အမြန်ဆုံးဆောင်ရွက်၍ ပြန်လည် တင်ပြရန်လိုကြောင်း၊ မြေအောက် ရေကို   လုံလောက်စွာ   ထုတ်ယူ သုံးစွဲနိုင်မည့် အခြေအနေရှိပါက လည်း    လောင်စာဆီအသုံးပြု၍ ရေတင်ခြင်းထက်     လျှပ်စစ်ဖြင့် ရေတင်ခြင်း၊   ဆိုလာစွမ်းအင်သုံး လျှပ်စစ်ဖြင့်      ရေတင်ခြင်းတို့ ဆောင်ရွက်နိုင်ရေး   တွက်ချက် ဆောင်ရွက်ကြရန်လိုကြောင်း။

 


လက်ရှိ         ကန်တော်ကြီး ရေစုကန်၏ သန့်ရှင်းသပ်ရပ်မှုနှင့် ကြံ့ခိုင်မှုတို့ကို   ပြန်လည်မြှင့်တင် ဆောင်ရွက်ရမည်   ဖြစ်ကြောင်း၊ ရေစုကန်များ သတ်မှတ်ပမာဏ အထိ   ရေစုဆောင်းနိုင်မှုမရှိခြင်း သည် မိုးရေချိန်လုံလောက်စွာရရှိမှု မရှိခြင်းကြောင့်    ဖြစ်ကြောင်း၊ ဒေသအတွင်းရှိ        သစ်တော သယံဇာတများကို အလွန်အမင်း ထုတ်ယူသုံးစွဲခြင်းသည် ရာသီဥတု ဖောက်ပြန်ခြင်း၊         မိုးရွာရက် နည်းခြင်းနှင့်         သဘာဝဘေး အန္တရာယ်တို့ကို   ဖြစ်ပေါ်စေနိုင် သဖြင့်   ဒေသအတွက်   အကျိုး ရှိသည့်          လမုပင်အပါအဝင် သစ်တောသစ်ပင်  စိုက်ပျိုးခြင်း များကို   မဖြစ်မနေ  ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊  ဒေသတွင်း၌ သစ်ပင်သစ်တောများ များပြားစွာ ရှိမှသာလျှင် ရေငွေ့ကို   ထိန်းနိုင် မည်ဖြစ်ပြီး မိုးရေချိန်သည်လည်း များပြားစွာ  ရရှိနိုင်မည်ဖြစ်သည့် အတွက် ဒေသအကျိုးကို ရေရှည် ကြည့်၍   စဉ်းစားဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း မှာကြားသည်။ 

 


သုံးရေလိုအပ်ချက်ပေးနိုင်ရေး


ထို့နောက်           နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည်         ရေစုကန်များကို ကြည့်ရှုပြီး  လိုအပ်သည့်  ပြုပြင် ထိန်းသိမ်းမှုများ ဆောင်ရွက်နိုင် ရေးနှင့်   ဒေသ၏  သုံးရေလိုအပ် ချက်ကို ပြည့်မီအောင် ဖြန့်ဖြူးပေး နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်သည်များကို    တာဝန်ရှိသူ များအား        မှာကြားခဲ့ကြောင်း သတင်းရရှိသည်။       


 သတင်းစဉ်