နေပြည်တော် အောက်တိုဘာ ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင် များနှင့် ဇနီးများ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ကျက်သရေဆောင် လေးဆူ ဓာတ်ပျော် ရွှေဆံတော်စေတီတော် မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုသည်။
ဖူးမြော်ကြည်ညို
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရွှေဆံတော်စေတီ တော်မြတ်ကြီးသို့ ရောက်ရှိကြရာ ဂေါပက အဖွဲ့ဝင် ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် စေတီတော်ကြီးရှိ နှီးဘုရားဗုဒ္ဓရုပ်ပွား တော်မြတ်အား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။ ယင်းနောက် စေတီတော်ကြီးသမိုင်း ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုပြီး သမိုင်းမှတ်တမ်းများအား စနစ်တကျ ထိန်းသိမ်းရန်နှင့် ပြတိုက်အား ပြန်လည် မွမ်းမံရန် လိုအပ်သည့် အခြေအနေများ နှင့် ပတ်သက်၍ တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီး အား လက်ယာရစ် လှည့်လည်ဖူးမြော် ကြည်ညိုပြီး ရှေးဟောင်းလက်ရာများအား ပြုပြင်ထိန်းသိမ်းရာတွင် မူလလက်ရာ မပျက် ပြုပြင်ထိန်းသိမ်းသွားရန် မှာကြား ပြီး စေတီတော်ကြီးရှိ ခေါင်းလောင်းတော် အား ၅ ချက်ထိုး၍ ပူဇော်သည်။
အလှူငွေများ ပေးအပ်လှူဒါန်း
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်သည် ပြည်မြို့ကျက်သရေဆောင် လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီ တော်မြတ်ကြီး ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးပူဇော်ပြီး စေတီတော်ကြီးအတွက် ဘက်စုံအလှူ ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပက အဖွဲ့ဝင်များက လက်ခံရယူ ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်



