နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၂၆) မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှု သွားရောက်ကြည့်ရှုစစ်ဆေး

 

မွေးမြူရေးလုပ်ငန်းများကို သိပ္ပံနည်းကျ ကျစ်ကျစ်လျစ်လျစ် စနစ်တကျဖြင့်ဆောင်ရွက်ပြီး ထုတ်လုပ်မှုများ ပိုမိုတိုးတက်အောင်ဆောင်ရွက်

 

နေပြည်တော် အောက်တိုဘာ  ၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင် သည်    ကောင်စီတွဲဖက်အတွင်း ရေးမှူး      ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်       ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊   ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊  ရေ၊  လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊   ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ   တပ်မတော်အရာရှိ ကြီးများ၊  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးစိုးသိန်း၊  ရန်ကုန် တိုင်းစစ်ဌာနချုပ်     တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့်   တာဝန်ရှိသူများ လိုက်ပါ၍   ရန်ကုန်  -  မန္တလေး အမြန်လမ်းမကြီးအနီးရှိ    မြန်မာ စီးပွားရေးကော်ပိုရေးရှင်း (၂၆)မိုင် ဘက်စုံ   စိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်    ဆောင် ရွက်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 


ရှင်းလင်းတင်ပြ


ဦးစွာ         မြန်မာစီးပွားရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ    ဒုတိယ ဗိုလ်ချုပ်ကြီး   ညိုစော၊  ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဟန် ဇော်တို့က (၂၆)မိုင် ဘက်စုံစိုက်ပျိုး မွေးမြူရေးဇုန်နှင့် သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်တို့   စတင် အကောင်အထည်ဖော်    ဆောင် ရွက်ခဲ့မှု၊ နို့စားနွား၊ အသားတိုးနွား၊ ဒေသနွား     မွေးမြူထားရှိမှုနှင့် နွားစာမြက်စိုက်ခင်းများ စိုက်ပျိုး ထားရှိမှု၊   ကျောက်စိမ်းဖီးကြမ်း ငှက်ပျောစိုက်ပျိုးထားရှိမှု၊ အရိပ်ရ လေကာပင်  မန်ဂျန်ရှား စိုက်ပျိုး ထားရှိမှု၊ ရော်ဘာပင်များစိုက်ပျိုးထားရှိမှုနှင့်    အရွယ်ရောက်ပြီး ရော်ဘာပင်များအား ၂၀၂၁-၂၀၂၂ အစေးခြစ်ရာသီတွင်   စမ်းသပ် အစေးခြစ်    ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ သီလဝါဘက်စုံ စိုက်ပျိုး    မွေးမြူရေးဇုန်အတွင်း ကာကီကင်းဘဲ၊ ဒေသဥစားဘဲများ မွေးမြူထားရှိမှု၊   ငါးမျိုးစုံမွေးမြူ ထားရှိမှု အခြေအနေများ၊ မွေးမြူ ရေးဇုန်များ၌ အစာစပ်လုပ်ငန်းနှင့် အစာတောင့်စက်များ  ထုတ်လုပ် လျက်ရှိမှု၊    နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရောင်းချလျက်ရှိမှု၊ နိုင်ငံ တော်    စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်နှင့် အညီ စိုက်ပျိုးမွေးမြူရေးဇုန်များအလိုက် ထုတ်ကုန်ပစ္စည်းများကို တပ်မတော် သား မိသားစုဝင်များနှင့် ပြည်သူ လူထုသို့  သက်သာသောဈေးနှုန်း များဖြင့်    ရောင်းချပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်   အခြေ အနေများနှင့်   ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 


မွေးမြူရေးဇုန်များတိုးချဲ့ရန်လို


ရှင်းလင်း   တင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်က     ပြည်ထောင်စု ဝန်ကြီးများ၊     တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မြို့တော်ဝန်တို့နှင့် ရန်ကုန်တိုင်းဒေသကြီး၏ စားရေး လိုအပ်ချက်များကို    အသေးစိတ် မေးမြန်းဆွေးနွေးပြီး လိုအပ်သည် များကို မှာကြားရာတွင် ရန်ကုန် တိုင်းဒေသကြီး၏        လူဦးရေ နှုန်းထားနှင့် တစ်နေ့လျှင် လိုအပ် မည့် အသား၊ ငါးနှင့် ဥအမျိုးမျိုး၊ ဟင်းသီးဟင်းရွက် လိုအပ်ချက်ကို တွက်ချက်၍     လိုအပ်ချက်များ ပြည့်မီစွာ စားသုံးနိုင်ရေး ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုး မွေးမြူရေးဇုန်များမှ ပြည့်ဝစွာ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရမည်ဖြစ် ကြောင်း၊   မွေးမြူရေးဇုန်များကို လည်း ရန်ကုန်မြို့တော် စည်ပင် သာယာပြင်ပ    မြို့နယ်များတွင် ထပ်မံတိုးချဲ့သွားရန် လိုကြောင်း၊ ဧရာဝတီတိုင်းနှင့်     ပဲခူးတိုင်းမှ စီးဝင်မှုများနှင့်လည်း    မထိခိုက် အောင်     ချိန်ဆဆောင်ရွက်ရန် လိုကြောင်း၊  အစိုးရ၊ တပ်မတော် တို့အပြင်        ပုဂ္ဂလိကစိုက်ပျိုး မွေးမြူရေး လုပ်ငန်းများကိုလည်း အားပေးရန်လိုကြောင်း၊   မွေးမြူ ရေးလုပ်ငန်းအတွက် လျှပ်စစ်၊ ရေ နှင့် မွေးမြူရေးအစာ လိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်ရေး တာဝန် ရှိသူများက   ဆောင်ရွက်ပေးရန် လိုကြောင်း၊        ရန်ကုန်မြို့နေ ပြည်သူလူထုများ အသား၊ ငါးနှင့် ဥအမျိုးမျိုးတို့ကို   ဈေးနှုန်း သက်သာစွာဖြင့်   ဝယ်ယူစားသုံး နိုင်ရေး   ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ စားသုံးမှုလိုအပ်ချက် ကို ပြည့်မီအောင်  ဒေသတွင်းမှ ထုတ်လုပ်နိုင်ရမည် ဖြစ်ကြောင်း၊ တပ်မတော်မှလည်း   တတ်နိုင် သည့်ဘက်မှ   ဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိပြီး   နိုင်ငံတော် အနေဖြင့်လည်း      ဆက်လက် ဖြည့်ဆည်း ဆောင်ရွက်ပေးမည် ဖြစ်ကာ    မွေးမြူရေးလုပ်ငန်းများ အတွက်   ရင်းနှီးမြှုပ်နှံငွေများကို ထုတ်ပေးသွားမည်   ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို    သိပ္ပံ နည်းကျ ကျစ်ကျစ်လျစ်လျစ် စနစ် တကျဖြင့် ဆောင်ရွက်ပြီး ထုတ်လုပ် မှုများ        ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း။

 


မွေးမြူရေးစနစ်တကျဆောင်ရွက်


လိုအပ်သည့်       လျှပ်စစ် ဓာတ်အားကို    ဆိုလာစနစ်ဖြင့် ထုတ်ယူနိုင်ရေး   ဆောင်ရွက်ရန် လိုပြီး    ရရှိလာသည့်   လျှပ်စစ် ဓာတ်အားဖြင့်   မွေးမြူရေးခြံများ အတွက်   လျှပ်စစ်ဓာတ်အားပေး စနစ်ဆောင်ရွက်ပေးနိုင်မည်ဖြစ်သကဲ့သို့   အခြားသော အုပ်ချုပ်မှု လုပ်ငန်းများအတွက်လည်း အသုံး ပြုနိုင်မည်ဖြစ်ကြောင်း၊   အသား တိုးနွားများနှင့်     ဒေသမျိုးရင်း နွားများ   မွေးမြူမှုကို  သီးခြားစီ ဆောင်ရွက်ရန်လိုပြီး      အစာ ကျွေးမွေးမှုမှအစ စနစ်တကျဖြင့် ဆောင်ရွက်ရမည်   ဖြစ်ကြောင်း၊ နွားစာမြက်   စိုက်ခင်းများအပြင် ပြောင်းကိုလည်း စိုက်ပျိုး၍ရနိုင် ပြီး    ပြောင်းပင်များကို   ပြောင်း ချဉ်ဖတ်ပြုလုပ်၍      တိရစ္ဆာန် အစာအတွက်  အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊  (၂၆)  မိုင် ဘက်စုံ စိုက်ပျိုးမွေးမြူရေးဇုန်၏    မူလ အဓိက     ရည်ရွယ်ချက်သည် ပြည်တွင်း   ရော်ဘာလိုအပ်ချက် များကို     ဖြည့်ဆည်းပေးနိုင်ရေး ဖြစ်သည့်အတွက်       ရော်ဘာထုတ် ကုန်စက်ရုံများ၏ လိုအပ်ချက်များ ပြည့်မီစေရေး ရည်မှန်းချက်ထား ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊  ဇုန်အတွင်း ရော်ဘာ စိုက်ပျိုးရန်   သတ်မှတ်ပေးထား သည့် မြေနေရာများ၌ ရော်ဘာကို သာ အတတ်နိုင်ဆုံး စိုက်ပျိုးရေး ဆောင်ရွက်ရမည်   ဖြစ်ကြောင်း၊ ဘဲမွေးမြူရေးနှင့်       ပတ်သက်၍ ဥထွက်ရှိမှုပမာဏ၊ ဥသည့် အချိန် ကာလတို့ကို         စနစ်တကျ တွက်ချက်ချိန်ညှိ၍      အသုတ် လိုက်      မွေးမြူသည့်စနစ်ဖြင့် စဉ်ဆက်ပြတ်မှုမရှိစေရေး ဆောင် ရွက်ကြရမည်       ဖြစ်ကြောင်း၊ ဘဲမွေးမြူရေး      လုပ်ငန်းများကို ယခုထက် ပိုမိုအောင်မြင်စေရန်နှင့် ကျယ်ကျယ်ပြန့်ပြန့်     သုတေသန ပြုဆောင်ရွက်၍   ဒေသမျိုးရင်း ဘဲများကိုလည်း ပိုမိုကောင်းမွန် အောင် ဆောင်ရွက်ရန်လိုကြောင်း၊  စိုက်ပျိုးမွေးမြူရေးဇုန်မှ  ထွက်ရှိ သည့်    ထုတ်ကုန်ပစ္စည်းများကို ဈေးကွက်        လိုအပ်ချက်အပေါ် မူတည်၍ ပြည်သူများ ဈေးနှုန်း သက်သာစွာဖြင့်    ဝယ်ယူသုံးစွဲ နိုင်ရေး ဆောင်ရွက်သွားကြရန် လိုကြောင်း  မှာကြားသည်။

 


ကြည့်ရှုစစ်ဆေး 


ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်  ဝန်ကြီးချုပ်နှင့်   အဖွဲ့ဝင် များသည် (၂၆) မိုင် ဘက်စုံစိုက်ပျိုး မွေးမြူရေးဇုန်အတွင်း လှည့်လည် ၍   နို့စားနွား၊  အသားတိုးနွား မွေးမြူထားရှိမှု၊ အစာစက် စက်ရုံ နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်နေမှု များ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ      အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု  အခြေအနေ များကို   လိုက်လံကြည့်ရှုစစ်ဆေး ပြီး တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ်     လိုအပ်သည်များ မှာကြားခဲ့ကြောင်း   သတင်းရရှိ သည်။    
                 

သတင်းစဉ်