နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးမြို့ စက်မှုဇုန် (၁) အတွင်း လုပ်ငန်းလည်ပတ်နေမှုအခြေအနေများ သွားရောက်ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  စက်တင်ဘာ   ၂၉


နိုင်ငံတော်   စီမံအုပ်ချုပ်ရေး ကောင်စီ    ဥက္ကဋ္ဌ     နိုင်ငံတော် ဝန်ကြီးချုပ်       ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  သည်    ကောင်စီ တွဲဖက်အတွင်းရေးမှူး    ဒုတိယ ဗိုလ်ချုပ်ကြီး   ရဲဝင်းဦး၊    ပြည် ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်   ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း၊   မန္တလေးတိုင်းဒေသ ကြီး     ဝန်ကြီးချုပ်   ဦးမောင်ကို၊ ညှိနှိုင်းကွပ်ကဲရေးမှူး     (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင် အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  တပ်မတော်      အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း      စစ်ဌာနချုပ် တိုင်းမှူး     ဗိုလ်ချုပ်    ကိုကိုဦးနှင့် အဖွဲ့ဝင်များလိုက်ပါ၍      ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့၊ စက်မှု ဇုန် (၁) အတွင်း ကုန်ထုတ်လုပ်ငန်း များ ဆောင်ရွက်နေမှု အခြေအနေ များကို       သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော် ဝန်ကြီးချုပ်နှင့်    အဖွဲ့ဝင်များ သည်    ပြည်ကြီးတံခွန်မြို့နယ်ရှိ Super    Mandalay  Co.Ltd   ၏  ဘုရင်ဘီစကစ်စက်ရုံသို့ ရောက်ရှိကြရာ လုပ်ငန်းရှင် ဦးမြင့်စိန်နှင့်  အဖွဲ့ဝင်များက  ကြိုဆိုနှုတ်ဆက်ကြ သည်။ ထို့နောက်စက်ရုံအတွင်း ကုန်ကြမ်းအဆင့်မှ ထုပ်ပိုးမှုအထိ ကုန်ပစ္စည်းများ အဆင့်ဆင့်ထုတ်လုပ် နေမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေး ပြောကြားသည်။

 


လိုက်လံရှင်းလင်းတင်ပြ


ယင်းနောက်         နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည်  ပိုင်ဖြိုးမြန်မာ ကုမ္ပဏီ၏ အောင်နိုင်သူ  တွင်နှင့်  သံရည်ကျိုလယ်ယာသုံးရေပန့်   သံမဏိ သွန်းထည်လုပ်ငန်းသို့ရောက်ရှိကြရာ လုပ်ငန်းရှင်  ဦးအောင်ဆန်းက      ကုန်ကြမ်း     စုဆောင်းရရှိမှု၊ ကုန်ကြမ်းမှတစ်ဆင့်  သံရည်ကျိုချက်ပြီး စိုက်ပျိုးရေး လုပ်ငန်းသုံး ရေစုပ်ပန့်အပါအဝင် ပန့်အမျိုးမျိုးနှင့်  ပန့်အပိုပစ္စည်းများ၊   သတ္တုသွန်းထည်ပစ္စည်းများ၊ ကြိတ်ခွဲရေးလုပ်ငန်းသုံး အပိုပစ္စည်းများ၊ ဆောက်လုပ် ရေး လုပ်ငန်းသုံး သံထည်ပစ္စည်းများ ထုတ်လုပ်နေမှု  အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလို သည်များ ပြန်လည်မေးမြန်းဆွေးနွေး ပြောကြားပြီး  လိုအပ်သည်များကို အကြံပြုဆွေးနွေးသည်။

 


ကြိုဆိုနှုတ်ဆက်


ဆက်လက်ပြီး         နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင် များသည်   မောရိယ   တိုင်းရင်းဆေးထုတ်လုပ်ရေး လုပ်ငန်းသို့ရောက်ရှိကြရာ   လုပ်ငန်းရှင်   သီရိသုဓမ္မ သိင်္ဂီ ဒေါက်တာ ဒေါ်ဌေးဌေးခိုင်နှင့် စက်ရုံဝန်ထမ်း များက ကြိုဆိုနှုတ်ဆက်ကြသည်။

 


 Video Clip ဖြင့် ရှင်းလင်းတင်ပြ


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း     ဆေးဝါးများ   ထုတ်လုပ်နေမှုကို လှည့်လည်ကြည့်ရှုလေ့လာကြရာ           ဒေါက်တာ  ဒေါ်ဌေးဌေးခိုင်က လိုက်လံရှင်းလင်းတင်ပြသည်။  ယင်းနောက် စက်ရုံခန်းမတွင် စက်ရုံမှူး ဦးနေဝင်းက မောရိယတိုင်းရင်းဆေးဝါးကို  ရှေးယခင်  နှစ်ပေါင်း ၁၆၀ မှစ၍ ထုတ်လုပ်ခဲ့မှု၊ လက်ရှိအချိန်တွင် ဆေးဝါး များကို အဆင့်မီစွာဖြင့်  ဆက်လက်ထုတ်လုပ်နေမှု အခြေအနေများကို   Video  Clip  ဖြင့်   ရှင်းလင်း တင်ပြသည်။

 


ရှင်းလင်းတင်ပြမှုများအပေါ်       နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  တိုင်းရင်းဆေးဝါးများ   ထုတ်လုပ်ရာတွင်     အရည် အသွေး  ကောင်းမွန်ရန်နှင့်  ဓာတုဗေဒပစ္စည်းများ ကင်းစင်စွာဖြင့်  ထုတ်လုပ်ရန်လိုအပ်ကြောင်း၊ မြန်မာ့  တိုင်းရင်းဆေးဝါးများကို ယခုထက်ပိုမိုကျယ်ပြန့်စွာ  ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ယခုမောရိယ ဆေးဝါး ထုတ်လုပ်ရေးသည် နှစ်ပေါင်း ၁၆၀ ကျော် သက်တမ်း  ရှိပြီး   ကောင်းမွန်သည့်   အစဉ်အလာကောင်းများ ရှိသဖြင့် စနစ်တကျထိန်းသိမ်းပြီး အောင်မြင်အောင်  ဆက်လက်ဆောင်ရွက်စေလိုကြောင်းဖြင့် ပြောကြား သည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ      နိုင်ငံတော်ဝန်ကြီးချုပ်သည်      မောရိယ တိုင်းရင်းဆေးထုတ်လုပ်ရေးစက်ရုံ  ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင်   မှတ်တမ်းတင်   လက်မှတ် ရေးထိုးခဲ့သည်။

 


နှစ်ပေါင်း ၁၆၀ သက်တမ်းရှိပြီဖြစ်


မောရိယ   တိုင်းရင်းဆေးဝါး   ထုတ်လုပ်ရေး လုပ်ငန်းကို ၁၈၆၂ ခုနှစ်တွင် မြန်မာ တိုင်းရင်းဆေး ဆရာကြီး ဆရာခိုင်ကြီးက စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ မောရိယတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းသည် နှစ်ပေါင်း ၁၆၀ သက် တမ်းရှိပြီဖြစ်ပြီး    ယခုအခါ   မောရိယ    မန်းဆေး၊ အကြောပြေ   ဒဏ်ကြေလိမ်းဆေး၊     ချွဲသလိပ်ပျော် ရင်လူးဆေး၊   ရှူလိမ်းဆီ၊   ကွမ်းရွက်အခိုးပွင့်ဆေး၊ သွေးသန့်ဆေး၊ အနာကျက်ဆေးရည်များကို ခေတ်မီ စက်ကိရိယာများ    အသုံးပြု၍      ထုတ်လုပ်ဖြန့်ချိ  ရောင်းချလျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်