နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့်အတူ ရှစ်လတာခရီးဖြတ်သန်းခဲ့ပြီ

ကနောင်

====

 

မိုးအကုန်ဆောင်းအကူး စက်တင်ဘာလသည် မြန်မာနိုင်ငံအတွက် ကမ္ဘာ့ကပ်ရောဂါတတိယလှိုင်းကို အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်ခဲ့သည့်လ၊ ဒေသတွင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများ၊ အာဆီယံတို့နှင့် ပိုမို နီးကပ်စွာဆက်ဆံဖြစ်သည့် ကာလတစ်ခုလည်း ဖြစ်ပါသည်။ 


ဦးစားပေးသတ်မှတ်ထားသည့်အုပ်စုများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု အားကောင်းသည့်လ၊ ကပ်ရောဂါအရှိန်ကျဆင်းလာသည်နှင့်အမျှ တိုင်းပြည်၏ တည်ငြိမ်အေးချမ်းမှုနှင့် တိုးတက်ဖွံ့ဖြိုးမှုတို့ကို ပိုမိုအားပေး၍ စားနပ်ရိက္ခာဖူလုံစေရေး၊ ပြည်သူများ လုံခြုံငြိမ်းချမ်းရေးအတွက် အချိန်ပေးရသည့်ကာလတစ်ခုလည်း ဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံအတွက် စက်တင်ဘာလအတွင်း ဆောင်ရွက်ချက်များဟုဆိုလိုက်လျှင် ရေးသား၍ကုန်နိုင်မည်မဟုတ်ပါ။ 
ပြည်တွင်းမတည်မငြိမ်ဖြစ်အောင်၊ တိုင်းပြည်ဆူပူ၍ ပြည်သူများ အေးချမ်းလုံခြုံမှုမရှိအောင် အကြမ်းဖက်မည်သည့်အဖွဲ့အစည်းကမဆို သွေးထိုးနှောင့်ယှက်ပါစေ၊ နိုင်ငံတော်အစိုးရနှင့် ပြည်သူပူးပေါင်းမှုဖြင့် တစ်စတစ်စတည်ငြိမ်အေးချမ်းမှုအားကောင်းလာနေသည်က အထင်အရှားပင်ဖြစ်ပါသည်။ စက်တင်ဘာတစ်လတာအတွင်း နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက်ဆောင်ရွက်ချက်များအတွင်းမှ အချို့ကို ကောက်နုတ် တင်ပြရမည်ဆိုလျှင် …

 

(ယမန်နေ့မှအဆက်)


မြန်မာနိုင်ငံသို့ပြန်လာရန် အခက်အခဲကြုံတွေ့နေရ သည့် မြန်မာနိုင်ငံသားများအရေး  ဖြေရှင်းပေး ရန်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်အရ  မလေးရှားနိုင်ငံတွင်  ငွေကြေးလိမ်လည် ခံရပြီး     နေရပ်ပြန်ရန်      အခက်တွေ့နေသူ မြန်မာနိုင်ငံသား ၁၇ ဦးအား နိုင်ငံတော်က ကုန်ကျ စရိတ်ကျခံ၍ ပြန်လည်ခေါ်ဆောင်ပေးခဲ့သဖြင့် စက်တင်ဘာ ၆ ရက်နှင့် ၂၀ ရက်တို့တွင် ပြန်လည် ခေါ်ယူနိုင်ခဲ့ပြီဖြစ်သည်။


ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနမှ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ ကနဦး နှင့်   နှစ်လဲသက်တမ်းတိုးမှတ်ပုံတင်လုပ်ငန်း များကို စက်တင်ဘာ ၁၃ရက်တွင် စတင်ဆောင်ရွက် ပေးခဲ့သည့်အပြင် ယာဉ်ထုတ်ရက်လွန် ဒဏ်ကြေး ဝန်ဆောင်မှု  ရပ်ဆိုင်းထားသည့်ကာလများကို လျှော့ပေါ့ပေးခြင်း၊ ယာဉ်စစ်ဆေးကင်းလွတ်ဖြင့် သက်တမ်းတိုးပေးခြင်းများကို စတင်ဆောင်ရွက် ပေးလျက်ရှိနေပြီဖြစ်သည်။    ထို့အတူ မြန်မာ့ မီးရထားမှ ပြည်သူများသွားလာမှုလွယ်ကူစေရေးနှင့်  ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးအတွက် စက်တင်ဘာ ၂၃ ရက်မှစတင်၍    ရန်ကုန်-နေပြည်တော် လူစီးအမြန်ရထား၊ ရန်ကုန်-ပဲခူး RBE ရထားနှစ်စင်း၊ အင်းစိန်-ဥက္ကံလမ်းပိုင်း RBE ရထားနှစ်စင်း၊ ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်း လူစီးကုန်တင်ရထားသုံးစင်းတို့ကို       မူလနှင့် ပေါင်းစပ်တိုးချဲ့ပြေးဆွဲပေးခဲ့သည်။
နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် မြန်မာ့လက်ရွေး စင် အားကစားသမားဟောင်းများ၏ဘဝ နောင်ရေး အာမခံချက်ရရှိစေရေးအတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက  ဆွေးနွေးညှိနှိုင်း လျက်ရှိပြီး ရရှိထားသည့်ဆုတံဆိပ်ပေါ်အခြေခံ၍ ပင်စင်အဖြစ်ပေးအပ်နိုင်ရေး၊   လူဦးရေစာရင်း ပြုစုနိုင်ရေး၊   မသန်စွမ်းအားကစားသမားများကို ဖြည့်စွက်ထောက်ပံ့နိုင်ရေးစသည်တို့ကို စက်တင် ဘာ ၁ ရက်က ဆွေးနွေးခဲ့ကြသည်။


အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခြင်းမရှိ သော ဆူပူဆန္ဒပြမှုများနှင့်စပ်လျဉ်း၍  ဖမ်းဆီး ထိန်းသိမ်းခဲ့သူ ၅၃၁၅ ဦးအား လွှတ်ပေးခဲ့ပြီး သတင်းပို့ ဆက်သွယ်လာသူ    ၇၀၂ ဦးတို့၏ အမှုများကို  ပိတ်သိမ်း၊ ရုပ်သိမ်းပေးခဲ့ကြောင်း သိရှိရပါသည်။


ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရသည့် တိုင်းဒေသကြီး နှင့်ပြည်နယ်များတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်း များကို နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများက ဆောင် ရွက် ပေးခဲ့ကြသည်။ ထို့အတူ ရေဝင်ရောက်သည့်နေရာ များတွင် အမှိုက်ပိတ်ဆို့ခြင်း၊ မြေကမ်းပါးပြိုကျခြင်း များကြုံရသည့် ဒေသခံများကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းခြင်း၊ ပြန်လည်တည်ဆောက်ရှင်းလင်းခြင်း များကို အချိန်မဆိုင်း ဆောင်ရွက်နိုင်ခဲ့သည်။ ထို့အတူ မသန်စွမ်းသူများ၊  ထိခိုက်လွယ်အုပ်စုဝင်များနှင့် သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်များ ဆက်လက်ထောက်ပံ့ပေးနေသည်ကိုလည်း မြင်တွေ့ ရသည်။


စီးပွားရေးကဏ္ဍ
ပြန်လည်ဦးမော့လာစေရေးကြိုးပမ်း


မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်တင်ဘာ ၃ ရက် ရက်စွဲဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ ပို့ကုန်တင်ပို့သူများသည် မိမိတို့ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ဝင်ရောက်ပြီးသည့် ပို့ကုန်ရငွေ အနက်  အသုံးပြုရန်ကျန်ရှိသည့်  ပို့ကုန်ရငွေများကို ပို့ကုန်ရငွေဝင်ရောက်ပြီး လေးလအတွင်း သက်ဆိုင် ရာ  နိုင်ငံခြားသုံးငွေ   ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များသို့ ဈေးကွက်ပေါက်ဈေး ဖြင့် မပျက်မကွက်ရောင်းချရန်  ထုတ်ပြန်ခဲ့သည်။ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၏ Core Banking and Trade Finance နှင့် ERP System တို့ စတင် အသုံးပြုမိတ်ဆက်ခြင်း အခမ်းအနားကို စက်တင်ဘာ ၂၈ ရက်က ကျင်းပခဲ့သည်။ 


တရုတ်ပြည်သူ့သမ္မတနိုင်ငံ    နန်နင်းမြို့၌ စက်တင်ဘာ ၁၀ ရက်မှ ၁၃ရက်အထိ ကျင်းပသည့် (၁၈)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ ကုန်စည်ပြခန်း ၂၂ ခန်းဖြင့် စိုက်ပျိုးရေး ထွက်ကုန်များ၊ ယွန်းထည်၊ ချည်ထည် စသည်တို့ ပါဝင်ပြသခဲ့သည်။ ပြပွဲဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက အွန်လိုင်းမှ တက်ရောက်ခဲ့ပြီး တရုတ်နှင့်အာဆီယံနိုင်ငံများက ကိုဗစ်-၁၉ရောဂါတိုက်ဖျက်ရေးအစီအစဉ်များနှင့် လှူဒါန်းခြင်းများအတွက် ကျေးဇူးတင်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။


ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွား ရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီမှ စက်တင်ဘာ ၁၁ ရက်က ကိုဗစ်-၁၉ရန်ပုံ ငွေမှ ချေးယူထားသည့် စီးပွားရေးလုပ်ငန်းများသည် ချေးငွေပြန်ဆပ်ရန်ကာလကို  ချေးငွေသက်တမ်း တစ်နှစ်ခွဲစေ့ရောက်သည့်နေ့မှစ၍   ဒုတိယအကြိမ် နောက်ထပ် ခြောက်လထပ်မံသက်တမ်းတိုးမြှင့်ခွင့် ရရှိကြောင်း ထုတ်ပြန်ထားသည်။ ထို့အတူ ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသည့် မွေးမြူရေး ကဏ္ဍမှလုပ်ငန်းများ    ချေးငွေလျှောက်ထားနိုင် ကြောင်း စက်တင်ဘာ ၁၁ရက်က အသိပေးကြေညာ ထားသည်။


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီ  တင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်းတို့၏စီစဉ်မှုဖြင့်  စက်သုံးဆီ များကို သက်သာသည့် ဈေးနှုန်းများဖြင့် ဝယ်ယူ နိုင်ရန် စက်တင်ဘာ ၂၂ ရက်က စတင်ခဲ့ကြောင်း သိရှိရသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင် သတ်မှတ်ထားသည့် ဈေးနှုန်းသက်သာ သောနှုန်းဖြင့်  ရောင်းချမည့်ဆီဆိုင်အမည်နှင့် လိပ်စာများကိုလည်း အများပြည်သူသိရှိနိုင်ရေး အတွက် သတင်းစာများတွင် ဖော်ပြပေးလျက်ရှိသည်။

စိုက်မွေးစီးပွားကဏ္ဍ
တိုးတက်ဖွံ့ဖြိုးစေရန်ကြိုးပမ်း


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ကြက်သွန်နီစိုက်တောင်သူများ၊ လုပ်ငန်းရှင်များနှင့် စက်တင်ဘာ၁ ရက်က တွေ့ဆုံ ခဲ့ပြီး စတင်စိုက်ပျိုးမှုမှသည် တန်ဖိုးမြှင့်ထုတ်ကုန် များထုတ်လုပ်ဖြန့်ဖြူးနိုင်သည်အထိ ရင်းနှီးမြှုပ်နှံ မှုများကို နိုင်ငံတော်က အားပေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ပြည်နယ်နှင့်  တိုင်းဒေသကြီး အသီးသီးတို့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကုန်ထုတ် လုပ်မှု ရာနှုန်းပြည့်စေရေးအတွက် တိုင်းစစ်ဌာန ချုပ် နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင်  ဒေသတွင်းစိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ရာနှုန်းပြည့်ထုတ် လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခြင်း၊ လိုအပ် သည်များကို ဖြည့်တင်းပေးခြင်းတို့ကို တွေ့ရသည်။ 


စားသုံးဆီဖူလုံပိုလျှံရေးအတွက် အဖြေထုတ်ပေး နိုင်ခဲ့သည့် စကားဝိုင်းဆွေးနွေးပွဲတစ်ရပ်ကိုလည်း စက်တင်ဘာ ၈ ရက်က ကျင်းပခဲ့သည်။ ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများ သုံးစွဲနိုင်ရေးနှင့် ဆီထွက်သီးနှံထုတ်လုပ်မှုလုပ်ငန်း စဉ်များ ပိုမိုဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေပြီး မြန်မာနိုင်ငံ၏ စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ ဗုဒ္ဓဟူးနေ့စကားဝိုင်းအစီအစဉ်တွင်ထည့်သွင်းထားသည်။          

    
ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေး


ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး အတွက် အများပြည်သူများ သိရှိလိုက်နာရန် အမိန့် ကြေညာစာများကိုလည်း နေပြည်တော်ကောင်စီ နယ်မြေ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ထုတ်ပြန်၍ ရောဂါကြိုတင်ကာကွယ်ရေးအစီအမံများကိုလည်း ယခုလအတွင်း ချမှတ်နိုင်ခဲ့သည်။
စေတနာရှင်ပြည်သူများက ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပြည်နယ် အစိုးရအဖွဲ့များထံ  ကျန်းမာရေးစောင့်ရှောက်မှု စက်ပစ္စည်းကိရိယာများ၊ ဆေးဝါးနှင့်အသုံးအဆောင် များထောက်ပံ့လှူဒါန်းခြင်းတို့ကို စက်တင်ဘာလ အတွင်း မြင်တွေ့ရသည်။ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်စာသင်တိုက်များအပါအဝင်   ဘာသာ အသီးသီးရှိ  ဘာသာရေးဆိုင်ရာနေရာများတွင် ကျန်းမာရေးစစ်ဆေးပေးခြင်းကို  ယခုလအတွင်း ဒေသအသီးသီး၌ ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဝေးလံခေါင် ဖျားသော ဒေသများမှ ဒေသခံများ၊ နေရပ်စွန့်ခွာ စခန်းများတွင် ခိုလှုံနေကြသည့် အသက် ၁၈ နှစ် အထက်များကို ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ သည်ကို မြင်တွေ့ရသည်။ ထို့ပြင် ပြည်သူလူထု၏ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ တွင် တက်ကြွစွာပါဝင်ခဲ့မှုများကြောင့် ရောဂါဖြစ်ပွား မှုနှုန်းကျဆင်းလာခြင်း၊ ကျန်းမာရေး အသိပညာများ ပေးအပ်နိုင်ခဲ့ခြင်း  စသည်တို့ကြောင့်  စစ်ကိုင်း၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ခြောက်မြို့နယ်အား နေအိမ်တွင်နေထိုင်ရန် အကျုံး ဝင်ခြင်းမှ စက်တင်ဘာ ၂၅ ရက်တွင် ပယ်ဖျက်ပေး နိုင်ခဲ့သည်။


တိုင်းရင်းဆေးဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသရေးလုပ်ငန်းများ အသုံးပြု အားထားနိုင်ရေး အတွက် သုတေသနလုပ်ငန်းများဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကို  စက်တင်ဘာ ၂ ရက်က ကျန်းမာရေးဝန်ကြီးဌာနတွင်ကျင်းပခဲ့သည်။ ကိုဗစ်-၁၉ အတွက် အသုံးပြုမည့် တိုင်းရင်းဆေးဝါးကို စနစ်တကျသုတေသနပြုရန်အတွက် ဆေးသုတေ သနဦးစီးဌာနနှင့် တပ်မတော်ဆေးသုတေသနတပ် တို့က ပူးပေါင်းဆောင်ရွက်လျက်ရှိကြီး  ဆေးခါး ကြီးကဲ့သို့ ဆေးဖက်ဝင်ကုန်ကြမ်းများ လုံလောက် စွာ ရရှိစေရေးအတွက် ညှိနှိုင်းအဖြေရှာခဲ့ကြသည်ကို မြင်တွေ့ရသည်။


တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ ၂၄ သန်း စာချုပ်ချုပ်ဆို  ဝယ်ယူထားသည့်အနက် ကာကွယ်ဆေးအကြိမ်ရေ  လေးသန်းသည် စက်တင် ဘာ ၁၂ ရက်နေ့တွင်တစ်ကြိမ်၊ စက်တင်ဘာ ၂၆ ရက်တွင် တစ်ကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ယင်းနေ့အထိ ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူများအတွက် ဝယ်ယူထားသည့်    Covidshield နှစ်သန်း၊ Sinopharm ဆယ်သန်း၊ Sinovac နှစ်သန်း စုစုပေါင်း ၁၄ သန်း Doses ရောက်ရှိခဲ့ပြီဖြစ်သည်။ ကာကွယ် ဆေးများကို ဒေသအသီးသီးသို့ မြေပြင်လမ်းကြောင်း မှလည်းကောင်း၊ တပ်မတော်လေနှင့် မြန်မာ့လေ ကြောင်းတို့ဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေးလမ်းကြောင်းမပျက်   ဆက်လက်ဖြန့်ဝေ ထိုးနှံပေးလျက်ရှိပါသည်။


သတင်းနှင့်ပြန်ကြားရေး


မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်နေမှုအခြေ အနေများကို မြန်မာနိုင်ငံအခြေစိုက် သံတမန်များ အား တွေ့ဆုံရှင်းလင်းပွဲကို စက်တင်ဘာ ၉ ရက်က ရန်ကုန်မြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စတူဒီယို (အေ)တွင် ကျင်းပသည်။ အခမ်းအနားတွင် မြန်မာ နိုင်ငံ၏ ပကတိအခြေအနေနှင့် ဖြစ်ပေါ်ပြောင်းလဲ မှုများ၊ ရွေးကောက်ပွဲကော်မရှင်၏ဆောင်ရွက်ချက် များ၊ အဓိကရုဏ်းဖြစ်ပွားမှုနှင့် အကြမ်းဖက်မှုများကို တားဆီးကာကွယ်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ အား ဥပဒေနှင့်အညီဆောင်ရွက်ရန် မှာကြားကြောင်း စသည်ဖြင့် နိုင်ငံတော်၏ ဆောင်ရွက်ချက်များကို အကောင်းအဆိုး ဝေဖန်ပိုင်းခြားနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ဌာနအသီးသီးမှ တာဝန်ရှိသူများက ရှင်းလင်းပြောကြားပေးခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံအခြေစိုက်    နိုင်ငံခြားသံရုံးများမှ သံတမန်များ တက်ရောက်ခဲ့ကြသည်။၊


နိုင်ငံတော်နှင့်ပြည်သူအတွက် သတင်းမှန် ပြန်ကြားပေးနိုင်ရေး၊ နိုင်ငံပိုင်မီဒီယာများနှင့် ပုဂ္ဂ လိက မီဒီယာများအကြား  အပြန်အလှန်နားလည် ယုံကြည်မှုတည်ဆောက်ရေး၊ နိုင်ငံတော်နှင့်ပြည်သူ အကျိုးကိုရှေးရှုပြီး    ပူးပေါင်းဆောင်ရွက်မှုနှင့် လုပ်ဆောင်နိုင်မည့်  ကိစ္စရပ်များ၊ မီဒီယာသမား များအတွက် အချိန်မီသတင်းပြန်ကြားပေးနိုင်ရေး အစီအမံများ စသည့်ကောလာဟလနှင့် မဟုတ်မမှန် သတင်းများကို        ဟန့်တားနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြည်တွင်း၊ ပြည်ပ မီဒီယာများနှင့်တွေ့ဆုံခြင်း   အခမ်းအနားကို စက်တင်ဘာ ၃၀ ရက်က ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။    


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့က စက်တင်ဘာ ၈ ရက် သတင်း ထုတ်ပြန်ချက်တွင် အကြမ်းဖက်အဖွဲ့ NUG မှ အရေး ပေါ်ကြေညာချက်ထုတ်ပြန်ခြင်းသည် ပြည်သူလူထု ၏ လူမှုစီးပွားဘဝများနှင့် နိုင်ငံတော်၏ တည်ငြိမ် အေးချမ်းရေးကိုပျက်ပြားအောင်  အကြမ်းဖက် လှုံ့ဆော်လာခြင်းဖြစ်ကြောင်း၊ EAOs (တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့)များဖြင့်    ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့၏ စက်တင်  ဘာ ၇ ရက်တွင်  ပြုလုပ်ခဲ့သည့်  ဆွေးနွေးမှုများကို သတင်းထုတ်ပြန်ချက်အတွင်း  ဖော်ပြထားသည်။ တပ်မတော်၏ ယနေ့အထိ  ပစ်ခတ်တိုက်ခိုက်မှု  ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် လုပ်ဆောင် ချက်များကိုလည်းကောင်း၊ နယ်စပ်ဒေသများတွင် ပြည်သူ့ကျန်းမာရေး၊ ပညာရေးနှင့်ဖွံ့ဖြိုးရေးတို့ ဆောင်ရွက်လျက်ရှိသည့် စီမံချက်များ၊ အဖွဲ့အစည်း များမှ NUG ၏ အကြမ်းဖက်လှုံ့ဆော်ကြေညာမှုအပေါ် ကန့်ကွက်မှုများ စသည်တို့ကို ထည့်သွင်းဖော်ပြထား ပြီး အဖွဲ့အစည်းအားလုံးနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ တစ်နိုင်ငံလုံး  လွှမ်းခြုံ စေရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတိုးတက်မှုရှိရန်နှင့် လူမှုစီးပွားဘဝများ လုံခြုံတိုးတက်မှုရှိစေ ရန်အတွက် ဝိုင်းဝန်းပူးပေါင်းပေးကြရန် တိုက်တွန်း ထားသည်။


ငွေစက္ကူများကို  ဖျက်သိမ်းရန်မရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပြည်သူများသို့ အသိ ပေးချက်ကို စက်တင်ဘာ ၁၆ ရက်က ထုတ်ပြန်ခဲ့ သည်။ ငွေကျပ် ၅၀၀၀ တန်၊ ၁၀၀၀၀ တန် ငွေစက္ကူ များကို စက်တင်ဘာ ၁၆ ရက်တွင်      တရားဝင် ငွေစက္ကူအဖြစ်မှ ရုပ်သိမ်းသည်ဟူသည့် ကြော်ငြာစာ အတုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက  စက်တင်ဘာ ၁၆ ရက်က ပြန်လည်ဖြေကြားထားပြီး ယင်းကြော်ငြာစာမှာ အတုသာဖြစ်ပြီး ပြည်သူလူထုမယုံကြည်ကြရန် ဖြေကြားထားခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အတိုင်း တိကျစွာလိုက်နာဆောင်ရွက်နေပြီး ပုဒ်မ ၃၆ ပုဒ်မခွဲ (င)အရ တရားဝင်ထုတ်ဝေထားသည့် ငွေကြေးများအား   တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုလုပ်ကြောင်း ဗိုလ်ချုပ်ဇော်မင်း ထွန်းက ပြောကြားခဲ့သည်။


သတင်းပြန်ကြားရေးကဏ္ဍ၊   ပြည်သူများ အသိပညာမြင့်မားရေး၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြည်သူ့ဝန်ဆောင်မှုများကို ပိုမိုအားဖြည့်လုပ်ဆောင် နိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနသည် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခြင်းကို စက်တင်ဘာ ၁၇ ရက်က လုပ်ငန်း စဉ်များချမှတ်ခဲ့ကြပြီး အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက  မိမိတို့ဝန်ကြီးဌာန သည်  အလွှာအသီးသီး၊  နယ်ပယ်အသီးသီးနှင့် ထိတွေ့ဆက်ဆံဆောင်ရွက်ရသည့်အတွက် ပြည်သူများစိတ်ကျေနပ်မှုရရှိစေမည့် ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်၊ ပြည်သူ၏ အသိအမှတ်ပြုမှုရရှိအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားခဲ့သည်။ 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်း ထုတ်ပြန်ရေးအဖွဲ့၏ ၉/၂၀၂၁ သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၃၀ရက်က နေပြည် တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်ချက်အစီအမံများ၊ အကြမ်း ဖက်လုပ်ရပ်ဖြင့် နိုင်ငံမငြိမ်သက်အောင်လုပ်ဆောင် နေမှုအခြေအနေနှင့် ဖမ်းဆီးရမိသူများ၏ ဝန်ခံပြော ကြားချက်များကို ရုပ်သံမှတ်တမ်းများဖြင့် ရှင်းလင်း ပြောကြားခဲ့သည်။  ထို့နောက်    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအမံ များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက သတင်းထောက်များ၏ မေးမြန်း မှုများအပေါ် ပြန်လည်ဖြေကြားပေးခဲ့သည်။


ယခုဆိုလျှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို လွှဲပြောင်း၍ ရည်မှန်းချက်၊ ဦးတည်ချက်များနှင့်အညီ ဦးလည် မသုန်ဆောင်ရွက်၍ နိုင်ငံတော်နှင့် ပြည်သူ့အကျိုး အတွက် ဖြည့်ဆည်းပေးလျက်ရှိသည်မှာ ရှစ်လတာ ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ လာမည့်အနာဂတ် အတွက် အစိုးရနှင့်ပြည်သူပူးပေါင်း၍  ငြိမ်းချမ်း သာယာဝပြောသည့် နိုင်ငံတော်ကြီးဆီသို့ အမြန်ဆုံး ရောက်ရှိမည်ဟု ယုံကြည်မိပါကြောင်း။    ။