
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၉/၂၀၂၁) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲအခမ်းအနားကို စက်တင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးတို့က သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
(ယမန်နေ့မှအဆက်)
ဆက်လက်ပြီး စက်တင်ဘာလ ၂၅ ရက်နေ့မှာ ဖြစ်ခဲ့သည့် စမ်းချောင်း၊ မြေနီကုန်းဖြစ်စဉ်ကို ပြော မည်ဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အချို့ပြည်ဖျက်မီဒီယာများအနေနှင့် ဆေးကုသပေး နေသည့်၊ ပရဟိတဆောင်ရွက်နေသည့် ဆရာဝန်နှင့် သူနာပြုဆရာမတစ်ဦးတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင် များက အကြောင်းမဲ့ ပစ်ခတ်ထိန်းသိမ်းသည့်ပုံစံမျိုး ရေးသားခဲ့ကြောင်း၊ ဖြစ်စဉ်အမှန်မှာ စမ်းချောင်း၊ မြေနီကုန်း(မြောက်) ရပ်ကွက်၊ ပြည်လမ်း (တိုက် အမှတ်- ၂၇၃၊ ဒုတိယထပ်(ဘယ်) အခန်းကို အကြမ်း ဖက်လက်နက်ကိုင်များ ရောက်ရှိနေသည့် သတင်း အရ ဝင်ရောက် ရှာဖွေခဲ့ကြောင်း၊ ဝင်ရောက်ရှာဖွေစဉ် တွင် အထဲမှလက်နက်ငယ်များနှင့် စတင်ပစ်ခတ်ခဲ့ ကြောင်း၊ ဆက်လက်ပြီး တရားခံ ဇင်လင်း (ခေါ်)ကြွယ်ကြီးက ပစ္စတို ၂ လက်၊ တရားခံ ခင်ခင်ကြွယ် (ခေါ်) ခင်လေးက ပစ္စတိုတစ်လက်ကိုင်ပြီး လှေကား အတိုင်း ပြေးဆင်းလာရင်း လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခဲ့ကြောင်း၊ ပြန်လည်ပစ်ခတ် ဖမ်းဆီးရာ တရားခံ ၂ ဦးလုံးကို အသေဖမ်းဆီးရမိခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက အခန်းအတွင်း ဆက်လက်ရှင်းလင်းသည့်အခါ တရားခံကျော်ကြီး နှင့် ဝက်ကြီးတို့ ၂ ဦးကို ဆက်ပြီး အသေဖမ်းဆီးရမိခဲ့ ပါကြောင်း၊ ၎င်းတို့နှင့်အတူ Glock ပစ္စတို ၃ လက်၊ လက်ပစ်ဗုံး ၁ လုံးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင် အချို့ကျဆုံးခဲ့ရသလို အချို့ လည်း ဒဏ်ရာရခဲ့ကြောင်း၊ ဖမ်းဆီးရမိသူများသည် စမ်းချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် မြေနီကုန်းမီးပွိုင့်မှာ ရှိသည့် CCTV နှင့် တံတားဖြူမှတ်တိုင်အနီးက ခုံးကျော်တံတားတို့ကို ဖောက်ခွဲမှုပြုလုပ်ခဲ့သူများ သာဖြစ်ကြောင်း၊ ၎င်းတို့အထဲက ဇင်လင်း (ခေါ်)ကြွယ်ကြီးသည် ဆရာဝန်တစ်ယောက်ဖြစ်ကြောင်း၊ အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ကလေးတစ်ယောက် ရှိကြောင်း၊ တရားခံ ခင်ခင်ကြွယ် (ခေါ် ) ခင်လေး သည် သူနာပြုဆရာမတစ်ဦးဖြစ်ကြောင်း၊ စစ်ဆေး ချက်အရ ၎င်းတို့နှစ်ဦးမှာ အတူနေထိုင်ကြသူများ ဖြစ်ပြီး လူမှုရေးဖောက်ပြန်နေသူများဖြစ်သည်ကိုတွေ့ရှိရကြောင်း၊ တရားခံ ဇင်လင်း(ခေါ် ) ကြွယ်ကြီး မှာ ၎င်း၏ ဇနီးဟောင်းရှိပါကြောင်း၊ မနေ့ကနှင့် ယနေ့မှာပဲ ၎င်း၏ဇနီးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားသည်ဆိုသည့် သတင်းတွေ့ ရှိခဲ့ကြောင်း၊ ယင်းကိစ္စမှန်ကန်ကြောင်း၊ မိမိတို့အနေ ဖြင့် ယင်းအမျိုးသမီးနှင့် ပတ်သက်ပြီး စစ်ဆေးနေမှု များရှိကြောင်း၊ ၎င်းအမျိုးသမီးသည် ထိုသူနှင့် အဆက်အသွယ်မရှိသည်မှာ ကြာပြီဖြစ်ကြောင်း၊ ၎င်းအမျိုးသမီးကို လုံခြုံရေး လိုအပ်ချက်အရ စစ်ဆေးနေခြင်းဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းထားခြင်း မဟုတ်ကြောင်း၊ လုံခြုံရေးအရ စစ်ဆေးပြီးသည့် အချိန် တရားဥပဒေအရ ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ၎င်းအမျိုးသမီးအနေနှင့် ကြီးကြီး မားမား ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသည်ကို တွေ့ရ ကြောင်း၊ ၎င်းတို့၏ဖြစ်စဉ်အသေးစိတ်ကို Board မှာ ပြသထားကြောင်း၊ ၎င်းတို့၏ ကိုယ်ရေးရာဇဝင် များ၊ ထွက်ဆိုချက်များ၊ ၎င်းတို့၏ လုပ်ဆောင်ချက် များကို အသေးစိတ်မေးမြန်းနိုင်ကြောင်း ပြောကြားသည်။
ရက်ရက်စက်စက် သတ်ဖြတ်
နောက်တစ်ချက်မှာ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ငရုတ် ကောင်းမြို့များ၌ PDF အမည်ခံ အကြမ်းဖက်များနှင့် လက်နက်၊ ခဲယမ်းများ ဖမ်းမိခဲ့သည့်အခြေအနေကို ပြောမည်ဖြစ်ကြောင်း၊ စက်တင်ဘာလ ၁၈ ရက်နေ့ က ပန်းတနော်၊ အင်းမကျေးရွာ၌ PDF အကြမ်းဖက် ၃ ဦးကို စတင်ပြီး ဖမ်းမိခဲ့ကြောင်း၊ ဆက်စပ်တရားခံ များကို စစ်ဆေးခြင်း၊ ဖော်ထုတ်ခြင်းများ ပြုလုပ်ခဲ့ ကြောင်း၊ စက်တင်ဘာလ ၂၉ ရက်နေ့အထိ ပစ္စတို ၃ လက်၊ တူမီး ၇၁ လက်၊ လက်လုပ်သေနတ် ၅ လက် စုစုပေါင်း ၇၉ လက်၊ ကျည် ၅၀၀ တောင့်ခန့်၊ မိုင်း ၆၇ လုံး၊ စကားပြောစက်များနှင့် လျှပ်စစ် ဒီတိုနေတာ ၉၀ ခု၊ အကြမ်းဖက်သမား ၂၉ ဦး ဖမ်းမိ ခဲ့ကြောင်း၊ ထိုအဖွဲ့များသည် မတ်လက ပိတောက် ပင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို မီးရှို့ခဲ့ပြီး ဩဂုတ် လ ၂၉ ရက်နေ့တွင် ကန်ကြီးထောင့် အမှတ်(၁) ရပ်ကွက်က ဦးမောင်မြင့်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် တရားခံများဖြစ်ကြောင်း၊ ၎င်းတို့ ၏ ဖြစ်စဉ်နှင့် ဖမ်းဆီးရမိခဲ့သည့် လက်နက်များကို Board တွင် ပြထားကြောင်း ပြောကြားသည်။
လက်နက်၊ ခဲယမ်းများ ထပ်မံဖမ်းဆီးရမိ
ယခုလ ၂၅ ရက်နေ့တွင် မန္တလေး ချမ်းမြ သာစည်မြို့နယ် မြို့သစ်(၁) ရပ်ကွက် GS ကားရေ ဆေးဆီလိုက်ဆိုင်က လက်နက်၊ ခဲယမ်းများ ဖမ်းဆီး ရမိခဲ့ကြောင်း၊ ဆက်စပ် ရှာဖွေဖော်ထုတ်သည့်အခါ စဉ့်ကိုင်မြို့နယ် အင်းမကျေးရွာရှိ ဇော်ကြီး၏ နေအိမ်က လက်နက်၊ ခဲယမ်းများ ထပ်မံဖမ်းဆီးရမိခဲ့ ကြောင်း၊ မောင်းပြန်ရိုင်ဖယ်များ အပါအဝင် စုစုပေါင်း သေနတ် ၉ လက်၊ လက်ပစ်ဗုံး ၂၄ လုံး၊ ကျည် ၁၂၀၀ တောင့်ခန့်၊ မိုင်း ၃ လုံး၊ ယမ်းနဲ့ယမ်းကြိုးခွေများနှင့် အတူ တရားခံ ၈ ဦး တို့ကို ဖမ်းမိခဲ့ကြောင်း၊ ထိုထဲ တွင် ယခုမီဒီယာများဝါဒဖြန့်နေသည့် သန်းထွန်းဦး (ခေါ် )အသေးလေး ပါဝင်ကြောင်း ပြောကြား သည်။
နောက်တစ်ချက်မှာ စက်တင်ဘာလ ၁၈ ရက် နေ့က ကမာရွတ်မြို့နယ် ၃ ရပ်ကွက် လှည်းတန်း (၆) လမ်းထိပ်ရှိ King လက်ဖက်ရည်ဆိုင်အနီး၌ အပြစ်မဲ့ ပြည်သူ ဦးသာဆန်းကို သတ်ဖြတ်ရာမှာ ပါဝင်ခဲ့သည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းအဖွဲ့သည် ဇူလိုင်လထဲတွင် ကမာရွတ် ၈ ရပ်ကွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး EPC ရုံး ဆင်မလိုက်မီးပွိုင့်နှင့် လှည်းတန်းအထက(၅)ရှေ့၌ ဖောက်ခွဲမှုများ ပြုလုပ် ခဲ့သူများဖြစ်ကြောင်း၊ တရားခံ ၇ ဦး၊ သေနတ် ၄ လက်၊ ကျည် ၅၄ တောင့်၊ စကားပြောစက်၊ ဒီတို နေတာနှင့် ဖောက်ခွဲဖျက်ဆီးရေး ဆက်စပ်ပစ္စည်း များနှင့်အတူ ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ် ၄ ခုလုံးကို Board ၌ ပြသထားပြီး အသေးစိတ် လေ့လာနိုင်ကြောင်း ပြောကြားသည်။
လူအများသေကျေပျက်စီးအောင် ဆောင်ရွက်
ထူးဆန်းမှုတစ်ခုမှာ Air KBZ လေယာဉ်ဖြစ်စဉ် ဖြစ်ကြောင်း၊ မိမိ၏မကျေနပ်ချက်ကို အရင်းတည် ပြီး လူအများသေကျေပျက်စီးအောင် ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း၊ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးက ခိုင်းစေသည်ကို BE ဘွဲ့ရ အင်ဂျင်နီယာတစ်ယောက် က လိုက်လုပ်ခြင်းမှာ မယုံနိုင်စရာဖြစ်ကြောင်း၊ ယင်းသတင်းတွေ့ရှိချက် အမှန်အတိုင်း ထုတ်ပြန်စဉ် က ဝေဖန်မှုများ၊ လုပ်ကြံသတင်းဟုဆိုပြီး ပြောသူ အများအပြားရှိကြောင်း၊ ယင်းနောက် ထိုအင်ဂျင် နီယာ၏ ကိုယ်တိုင်ပြောဆိုချက် ဦးသိန်းလင်းထိုက် ဗီဒီယိုဖိုင်ကိုပြသသည်။ ဆက်လက်၍ ၎င်းတို့၏ ရည်ရွယ်ချက်မှာ လေယာဉ်ပျက်ကျစေရန် ဆောင် ရွက်ခြင်းဖြစ်ကြောင်း၊ ထို ဗီဒီယိုဖိုင်နှင့် ပတ်သက်ပြီး မီဒီယာများကို ပေးလိုက်မည်ဖြစ်ကြောင်း ပြော ကြားသည်။
ဆက်လက်၍ နီပိန်း၊ နီပိန်းဟု ခေါ်ဝေါ်သုံးနှုန်း နေကြမှုများရှိကြောင်း၊ ယင်းအခေါ်အဝေါ် အသုံး အနှုန်းကို မိမိအနေဖြင့် မည်သည့်အခါမှ မသုံးစွဲခဲ့ ကြောင်း၊ ယခုတော့ ပြောရတော့မည်ဖြစ်ကြောင်း၊ နီပိန်းတင်မက ပိတ်ပါပိတ်နေသည့် “နီပိတ်” များဖြစ်နေကြကြောင်း၊ ကောသလမင်းကြီးအိပ်မက် ၁၆ ချက်ထဲက အချက်တစ်ချက်ကို ပြထားပါ ကြောင်း၊ “နှောင်းသောကာလမှာ အနှစ်မရှိ သူယုတ် တို့၏ စကားကိုသာ လူအများနှစ်သက်၍ လက်ခံ အတည်ပြုကြလိမ့်မည် ” ၊ “ ရိုင်းရိုင်းစိုင်းစိုင်း၊ ရှုပ်ရှုပ် ယှက်ယှက်၊ ဘုတ်ဘုတ်ဘက်ဘက် ” ဆိုသည့်အသုံး အနှုန်းများနှင့် “ဘာသာတရားကို စော်ကား၊ သံဃာ တော်များကို စော်ကား၊ လူကြီးမိဘများကို စော်ကား နေသူများ၏ ပြောဆိုမှုများ၊ မှိုင်းတိုက်မှုများအောက် ဘယ်သူတွေရှိနေကြသလဲ၊ ဘယ်သူတွေ တရားနာ နေကြသလဲ ” ဆိုသည်ကို စဉ်းစားဆင်ခြင်ကြရန် ပြောလိုကြောင်း၊ ယင်း “ ဘုတ်ဘုတ်ဘက်ဘက်” တရားများကို နာနေသမျှ တစ်ဦးချင်း၏ဘဝ၊ နိုင်ငံတော်၏ အနာဂတ်မှာ “ရှုပ်ရှုပ်ယှက်ယှက်” ဖြစ်နေကြဦးမှာပါဖြစ်ကြောင်း၊ အားလုံးကိုကျေးဇူး တင်ကြောင်း၊ ဆက်လက်ပြီး UEC မှ ပြောရေးဆိုခွင့် ရှိသူ ဦးခင်မောင်ဦးက ဆက်လက်ရှင်းလင်းမည် ဖြစ်ကြောင်း ပြောကြားသည်။
မဲမသမာမှုများ စစ်ဆေးတွေ့ရှိ
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရှင်းလင်းပြော ကြားရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်း၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေ အကျဉ်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၏ လက်ရှိဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းစဉ်များ ရှင်းလင်းသွားမည်ဖြစ်ပါ ကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာ ခဲ့ပြီး ပုဒ်မ ၄၁၈ (က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ် ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို ဖေဖော်ဝါရီလ ၂ ရက်နေ့ မှာ ဖွဲ့စည်းခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင် ၁၄ ဦး၊ ပေါင်း ၁၅ ဦး ဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲ ကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲဆန္ဒရှင် စာရင်း ၃၈၂၇၁၄၄၇ (သုံးဆယ့် ရှစ်သန်းနှစ်သိန်း ခုနစ်သောင်း တစ်ထောင်လေးရာ လေးဆယ့်ခုနစ်)ကို စိစစ်သည့်အခါ မဲမသမာမှု ပြုနိုင်သည့်မဲဆန္ဒရှင်ပေါင်း ၁၁၃၀၅၃၉၀ (ဆယ့်တစ်သန်း သုံးသိန်း ငါးထောင် သုံးရာကိုးဆယ်) ဦး စစ်ဆေးတွေ့ရှိရပြီးမဲဆန္ဒရှင်ပေါင်း၏ ၂၉.၅၄ ရာခိုင်နှုန်း ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် ပြည်သူ့ လွှတ်တော် ဆန္ဒမဲလက်မှတ်များကို မြေပြင် ကွင်းဆင်းစစ်ဆေးရာတွင် စာရင်းကွာခြားချက် အနေဖြင့် ကျန်ရမည့် အရေအတွက်ထက်လျော့နည်း သည့် မဲလက်မှတ်အရေအတွက် ၁၄၂၄၃၉၁ (တစ်သန်း လေးသိန်း နှစ်သောင်း လေးထောင် သုံးရာ ကိုးဆယ့်တစ်)နှင့် အပိုတွေ့ရသည့် မဲ လက်မှတ်အရေအတွက် ၄၃၈၈၅၀ (လေးသိန်း သုံးသောင်း ရှစ်ထောင် ရှစ်ရာငါးဆယ်) ဖြစ်ကြောင်းတွေ့ရပြီး ၎င်းတို့သည် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိဘဲ မဲမသမာမှုများကို ဖြစ်ပေါ်စေကြောင်း တွေ့ရှိရပါ ကြောင်း၊ ထိုသို့ မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် ဆန္ဒမဲလက်မှတ်များ မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် စစ်ဆေးတွေ့ရှိချက်များကို မြို့နယ်တစ်ခုချင်းစီအလိုက်၊ မဲရုံအလိုက် အသေး စိတ် စာရင်းဇယားများနှင့်အတူ နိုင်ငံပိုင်သတင်းစာ များ၊ ရုပ်မြင်သံကြားအစီအစဉ်များက ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း။
နိုင်ငံတော်အာဏာ မတရားရယူရန် ကြိုတင်ကြံစည်
အလားတူ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် စာရင်းချုပ်များ၊ တစ်နိုင်ငံလုံး၏ စာရင်းချုပ်များ ကိုလည်း စုစည်းပြီး ထပ်ဆင့်ထုတ်ပြန်ခဲ့ကြောင်း၊ စစ်ဆေးတွေ့ရှိရသည့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်ညီညွတ်မှုမရှိသည့် ဆောင်ရွက် ချက်များကိုလည်း မှတ်တမ်းဓာတ်ပုံ အပါအဝင် သက်သေအထောက်အထား အပြည့်အစုံနှင့် ထည့်သွင်းထုတ်ပြန်ဆောင်ရွက်ခဲ့ခြင်းကို အားလုံး အသိဖြစ်ကြောင်း၊ ကျင်းပပြီးခဲ့သည့် သတင်းစာ ရှင်းလင်းပွဲများတွင်လည်း အသေးစိတ် ရှင်းလင်း တင်ပြခဲ့ပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် အထက်ဖော်ပြပါ စစ်ဆေးတွေ့ ရှိချက်များအပေါ် လွှမ်းခြုံသုံးသပ်ချက် အရ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲမဟုတ် ခြင်းကို တွေ့ရသည့်အပြင် NLD ပါတီအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်တွင် အုပ်ချုပ်ရေးအာဏာနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်များကို အလွဲသုံးပြီး နိုင်ငံတော် အာဏာကို မတရားရယူရန် ကြိုတင်ကြံစည် ဆောင်ရွက်ခဲ့ခြင်း၊ ယခင်ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် တရားဝင်အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးကာ ဥပဒေ၊ နည်းဥပဒေများ ကို ကျော်လွန်ဖောက်ဖျက် လုပ်ဆောင်ခဲ့ခြင်းများကို စိစစ်တွေ့ရှိရသည့်အတွက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့ တွင် ကြေညာချက်အမှတ်(၂/၂၀၂၁)ဖြင့် ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်ကြောင်း။
အဆိုပါလုပ်ငန်းများကို ဆောင်ရွက်နေချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနှင့် မေလတို့တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲ စနစ်များထဲက မြန်မာနိုင်ငံနှင့် သင့်လျော်သည့် စနစ်ဖြစ်သည့် အချိုးကျကိုယ်စားပြုစနစ်(PR) အသုံးပြုနိုင်ရေးဆွေးနွေးရာတွင် ပါတီအများစုက မူအားဖြင့် သဘောတူညီပြီးဖြစ်ကြောင်း၊ ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူ ယခင်က ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများ တွင် ဖြစ်ပေါ်ကြုံတွေ့ရသည့် ချို့ယွင်းအားနည်းချက်များကို စိစစ်သုံးသပ်ပြီး သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံရေးပါတီ ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်နိုင်ရေး သုံးသပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ချိန် တည်းမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးအဆင့်ဆင့် ဖွဲ့စည်းတည်ဆောက်ခြင်း၊ ဝန်ထမ်းရေးရာ စီမံခန့်ခွဲခြင်းနှင့် လေ့ကျင့်သင်တန်း ပေးခြင်းများကို တစ်ချိန်တည်း ဆောင်ရွက်လျက်ရှိ ကြောင်း၊ ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လက်ရှိဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြမည် ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သည် တည်ဆဲနိုင်ငံရေးပါတီများ၏ စာရင်းများကို စစ်ဆေးဆောင်ရွက်နေသည့် အခြေအနေကို ဦးစွာ တင်ပြလိုကြောင်း။
ဥပဒေများကို လေးစားလိုက်နာရန် တာဝန်ရှိ
နိုင်ငံရေးပါတီဆိုသည်မှာ စစ်မှန်၍ စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ယုံကြည် လက်ခံ၍ နိုင်ငံရေးဝါဒသဘောတရားတစ်ရပ်အပေါ် တွင် အခြေခံပြီး မိမိတို့၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ တည်ထောင်ခွင့်ပြုထား သော အဖွဲ့အစည်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် တည်ဆဲဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာရန် တာဝန်ရှိကြောင်း၊ နိုင်ငံရေး ပါတီတစ်ခုသည် မှတ်ပုံတင်ခွင့်ပြုပြီးနောက် အနည်းဆုံး ပါတီဝင်အရေအတွက်ကို သတ်မှတ် ကာလအတွင်းမှာ စည်းရုံးရကြောင်း၊ ပါတီဝင် အင်အား အတိုး၊ အလျော့၊ ပါတီဗဟို အလုပ်အမှု ဆောင်ကော်မတီဖွဲ့စည်းမှုနှင့် ပါတီရုံးများ တိုးချဲ့ ဖွင့်လှစ်ခြင်း၊ ပိတ်သိမ်းခြင်းရှိရင်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို စာရင်း ဇယား အချက်အလက်များ ပေးပို့ရကြောင်း၊ နိုင်ငံရေးပါတီတစ်ခု၏ ပါတီပိုင်ပစ္စည်းများ ထိန်းသိမ်းခြင်းနှင့် စာရင်းများ စနစ်တကျပြုစုထား ခြင်းများကို သက်ဆိုင်ရာပါတီ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးက တာဝန်ယူဆောင်ရွက်ရပါကြောင်း၊ အလားတူ ပါတီ တစ်ခုသည် မိမိ၏ နှစ်စဉ်ငွေစာရင်းရှင်းတမ်းကို ဘဏ္ဍာရေးနှစ်အလိုက် ရေးဆွဲခြင်း၊ ပါတီပိုင် ပစ္စည်းများနှင့် ပတ်သက်ပြီး နှစ်ချုပ်စာရင်းပြုစုခြင်း၊ စာရင်းစစ်ကော်မတီထား၍ စစ်ဆေးခြင်း၊ ပါတီ စည်းမျဉ်းနှင့်အညီ အတည်ပြုခြင်းတို့ကို နှစ်စဉ် ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီး သုံးလအတွင်း ပြီးပြတ် အောင် ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း။
အလားတူ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေနှင့် နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီများကို ကြီးကြပ်ရန် တာဝန်ရှိကြောင်း၊ ပါတီတစ်ခု၏စာရင်းများကို အစိုးရဌာန၊ အဖွဲ့ အစည်းများ၏ အကူအညီရယူပြီး စစ်ဆေးနိုင်သည် ကို ပြဋ္ဌာန်းထားရှိကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ဦးဆောင်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စာရင်းစစ်ချုပ်ရုံးတို့မှ ကိုယ်စား လှယ်များပါဝင်သည့် ပူးပေါင်းစာရင်းစစ်ဆေးရေး အဖွဲ့များသည် သြဂုတ်လစတုတ္ထပတ်ကစပြီး နိုင်ငံရေးပါတီများ၏ စာရင်းများကို စတင်စစ်ဆေး လျက်ရှိပါကြောင်း၊ လက်ရှိအချိန်ထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံ တင်ထားသည့် နိုင်ငံရေးပါတီ ၉၃ ပါတီရှိပါကြောင်း၊ ထိုပါတီများအနက် စာရင်းစစ်ဆေးပြီးသည့် ပါတီ အနေဖြင့် ပြည်ထောင်စုနယ်မြေအခြေစိုက် ၄ ပါတီ၊ မန္တလေးတိုင်းဒေသကြီး အခြေစိုက် ၂ ပါတီ၊ စစ်ကိုင်း တိုင်းဒေသကြီး အခြေစိုက် ၂ ပါတီ၊ ရှမ်းပြည်နယ် အခြေစိုက် ၅ ပါတီနှင့် ရန်ကုန်တိုင်းဒေသကြီး အခြေစိုက် ၄ ပါတီ ဖြစ်သည့်အတွက် စုစုပေါင်း ၁၇ ပါတီ စစ်ဆေးပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့်ပါတီ များ စစ်ဆေးရေး ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ရာတွင် လွတ်လပ် ၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန်နှင့် နိုင်ငံရေးပါတီများကို ကြီးကြပ်ရာတွင် ဥပဒေ နှင့်အညီ ဖြစ်စေရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၁၄ ဦးနှင့် ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကြီးကြပ်ကွပ်ကဲရန် တာဝန်ခွဲဝေပေးအပ်ပြီး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်တာဝန် ထမ်းဆောင်ရာတွင် ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ပါ လုပ်ငန်းစဉ် ၁ ကို ဥပဒေနှင့်အညီ ဆောင်ရွက်ရာ၌ ဆက်လက်ဆောင် ရွက်ရန် ကျန်လုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း နှင့် လုပ်ငန်းစဉ် ၅ ဖြစ်သည့် အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီး ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
(ဆက်လက်ဖော်ပြပါမည်)