နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

(ယမန်နေ့မှအဆက်)


ဆက်လက်ပြီး နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက်များကို အချို့ သောမီဒီယာများ၊ အဖွဲ့အစည်းများ၏ မဟုတ်မမှန် ဆောင်ရွက်နေမှုများထဲမှ အချို့ကို ထုတ်နုတ် တင်ပြမည်ဖြစ်ပါကြောင်း၊ ပထမဖြစ်စဉ်အနေဖြင့် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ကင်းမကျေးရွာ ဖြစ်စဉ်ဖြစ်ပါကြောင်း၊ လွန်ခဲ့သည့် ဇွန်  ၁၅ ရက်   က လက်နက်ကိုင်အကြမ်းဖက်သမားများ၏ မီးရှို့ ဖျက်ဆီးမှုကြောင့် ထိုကျေးရွာတွင်ရှိသည့် အိမ်ခြေ ၂၂၅ လုံးအနက် အိမ်ခြေ ၁၀၀ ခန့် မီးလောင်ပျက်စီးမှု ဖြစ်ခဲ့ပါကြောင်း၊  ဖြစ်စဉ်မှာ  ဇွန်  ၁၅ ရက်တွင် ပေါက်မြို့နယ်မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လုံခြုံရေးအဖွဲ့ ဝင်များသည် နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် လှည့်ကင်းဆောင်ရွက်နေစဉ် နံနက် ၁၁ နာရီခန့်၊ ကင်းမကျေးရွာ   ဆိုင်းဘုတ်အနီးအရောက်တွင် လက်နက်ကိုင်အကြမ်းဖက် လူတစ်စုက ၎င်းရွာ တောင်ကုန်းပေါ်မှ လက်နက်ငယ်များ၊ လက်ပစ်ဗုံး များ၊ လက်လုပ်မိုင်းများနှင့်   ပစ်ခတ်တိုက်ခိုက် ခဲ့ပါကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခု ခံပစ်ခတ်ခဲ့ရာတွင် အကြမ်းဖက်သူများတောင်ကုန်း ပေါ်မှ ဆုတ်ခွာသွားပါကြောင်း၊ ထိုတောင်ကုန်းပေါ်ကို အသေးစိတ်ရှာဖွေနေစဉ် နံနက် ၁၁ နာရီ မိနစ်၅၀ ခန့် တွင် တောင်ကုန်းအလယ်၌  ထပ်မံတိုက်ပွဲဖြစ်ပြီး ၁၂ နာရီခန့်တွင် နောက်တစ်ကြိမ် တိုက်ပွဲထပ်ဖြစ် ပါကြောင်း၊ ထိုတောင်ကုန်းပေါ်တွင်  အကြမ်းဖက် သမားများ ခိုအောင်းမှုမရှိစေရေး  ဆက်လက်ပြီး ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေသည့်အချိန်တွင် ကင်းမရွာအတွင်း မီးလောင်မှုဖြစ်ပွားနေခြင်းကို တွေ့ရပါကြောင်း။ 


တစ်ဖက်သတ်စွပ်စွဲသည့် ကြေညာချက်များ


လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထပ်မံရောက် ရှိလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ရွာအတွင်းဝင်ရောက်ကာ ကူညီမီးငြှိမ်းသတ်ခဲ့ရ ပါကြောင်း၊ မီးလောင်ကျွမ်းဆဲနေအိမ် နှစ်လုံးအတွင်း မှ အသက် ၈၀ ကျော်အရွယ် အမျိုးသမီးကြီးနှစ်ဦးကို မီးလွတ်ရာသို့ ကယ်တင်နိုင်ခဲ့ပါကြောင်း၊ မီးလောင် မှုကို အသေးစိတ်စစ်ဆေးသည့်အခါတွင် အကြမ်း ဖက်သမား ၄၀ ခန့်က  ကင်းမရွာ အခြေခံပညာ အထက်တန်းကျောင်းနှင့် မျက်နှာချင်းဆိုင်တွင် ရှိသည့် အကြမ်းဖက်အဖွဲ့အစည်းကို မထောက်ခံသည့် ရွာသားတစ်ဦး၏အိမ်ကို မွန်းလွဲ ၂ နာရီ မိနစ် ၅၀ ခန့်တွင် စတင်မီးရှို့ဖျက်ဆီးရာမှ အခြားအိမ်များကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်းကို  သိရှိရပါကြောင်း၊ ထိုကိစ္စကို မြန်မာနိုင်ငံတွင် တရားမဝင်မီဒီယာအဖြစ် ကြေညာထားသည့် ခေတ်သစ်မီဒီယာကစတင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးသည်ဟု ရေးသားခဲ့ပါကြောင်း၊ CNN နှင့် Reuters ကဲ့သို့ သတင်း ဌာနများကလည်းရေးသားခဲ့ပါကြောင်း၊ ဖြစ်စဉ်အမှန် ကို အချိန်မီသတင်းထုတ်ပြန်ခြင်း၊ ဖော်ထုတ်ဖမ်းဆီး ရမိသည့် အကြမ်းဖက်သမားတစ်ဦးနှင့် ၎င်းတို့ကို ထောက်ပံ့ကူညီပေးနေသူတစ်ဦး၏ ကိုယ်တိုင်ဝန်ခံ ပြောကြားချက်များကို အချိန်နှင့်တစ်ပြေးညီ သတင်း ထုတ်ပြန်ပေးခဲ့သော်လည်း အဖြစ်မှန်ကိုမစုံစမ်းဘဲ အမေရိကန်သံရုံးနှင့်   ဗြိတိသျှသံရုံးတို့ကလည်း တစ်ဖက်သတ်စွပ်စွဲသည့်    ကြေညာချက်များကို ထုတ်ပြန်ခဲ့ခြင်းကိုလည်း  တွေ့ရှိရပါကြောင်း။


ဇွန် ၁၈ ရက်ကပြုလုပ်သည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကျင်းပချိန်၊ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေး ကျင်းပချိန်တို့နှင့် ချိန်ကိုက် ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သတင်းထုတ် ပြန်ချက်များနှင့်ပတ်သက်ပြီး ပြောလိုပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံ၏ သံအမတ်ကြီးများ၊ တက်ရောက် လာသည့် နိုင်ငံတကာကိုယ်စားလှယ်များ တာဝန် ထမ်းဆောင်သည့်အခါ ၎င်းတို့တာဝန်ထမ်းဆောင်နေ သည့် နိုင်ငံများတွင် တရားဝင်အစိုးရ၏ထုတ်ပြန်ချက် များ၊ အာဘော်များ၊ ပြောဆိုချက်များကို ဂရုတစိုက် လေ့လာရပါကြောင်း၊ မိမိတို့နိုင်ငံတွင် ဖြစ်ပျက်နေ သည့် သတင်းများနှင့်ပတ်သက်ပြီး သတင်းမှန်များ ထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊   ထိုကြားထဲက အဖြစ်မှန်ကို စုံစမ်းခြင်းမရှိဘဲ လိုရာဆွဲ ထုတ်ပြန်နေ ခြင်းသည် မေးခွန်းထုတ်စရာပင်ဖြစ်ပါကြောင်း။


သက်သေအထောက်အထားများ


ထိုကိစ္စနှင့်ပတ်သက်ပြီး ဖြစ်စဉ်အမှန်သတင်း များ၊ ဒေသခံအချို့၏ ဖြစ်စဉ်အမှန်ပြောကြားချက် များကို   တရားဝင်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ မသမာသည့် သတင်းမီဒီယာများ၊ မြန်မာ့ပြည်တွင်း ရေးကို  ဝင်ရောက်စွက်ဖက်ပြီး   ပြည်သူလူထုကို လမ်းမှားရောက်အောင် ပို့ဆောင်ပေးနေသည့် သံရုံး များ၏ ကြေညာချက်များသည် မည်သို့လုပ်ကြံ ဖန်တီးခဲ့ကြောင်း၊ မည်သူတို့၏ ပြောစကားအပေါ် အခြေခံပြီး နိုင်ငံတကာနှင့် ပြည်သူလူထုကို လိမ်လည် နေကြောင်း ဆက်လက်ပြီး မည်သို့လိမ်လည်နေသည် ကို ယနေ့တွင် သက်သေအထောက်အထားများနှင့် မိမိတင်ပြလိုပါကြောင်း။


ဩဂုတ် ၂ ရက်တွင်   ကင်းမရွာ အကြမ်းဖက် PDF အဖွဲ့ဝင်နှင့်  ကူညီအားပေးနေသူအချို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက    ဖောက်ခွဲရေးပစ္စည်း  ပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီး ရမိခဲ့ပါကြောင်း၊ ၎င်းတို့သည် ကင်းမရွာဖြစ်စဉ်ကို အစ၊အဆုံးသိရှိပြီး ထဲထဲဝင်ဝင်ပတ်သက်ခဲ့သူများ ဖြစ်ပါကြောင်း၊ ၎င်းတို့ သုံးဦး၏  ဗီဒီယိုဖိုင်တွင် ၎င်းတို့ ၏ ဟန်ပန်အမူအရာများကို ကြည့်စေလိုပါကြောင်း၊ ၎င်းတို့သည် ၎င်းတို့လုပ်ခဲ့ခြင်းအတွက် ယခုအချိန် တွင် နောင်တရနေသူများဖြစ်ပြီး ဖြစ်ရပ်အမှန်ကို ပြည်သူလူထုကို ပြောပြချင်၊ သတိပေးချင်နေသည့် သူများ ဖြစ်ပါကြောင်း၊  ပထမဆုံးပြသလိုခြင်းသည် ကင်းမရွာဖြစ်စဉ်နှင့် ပတ်သက်ပြီး ထိုရွာ၏ ကျေးရွာ သူတစ်ဦးဖြစ်သူ သူနာပြုတက္ကသိုလ် တတိယနှစ် ကျောင်းသူတစ်ဦးဖြစ်သည့် မသဉ္ဇာထွန်း၏ ပြောပြ ချက်ဖြစ်ပါကြောင်း၊  ဖြစ်စဉ်ကို မည်သို့ဖိအားပေး ခြင်းများကြောင့် လိမ်လည်ပြောဆိုခဲ့ရခြင်းများ၊ သူမအသံနှင့် သတင်းဌာနများက ထုတ်လွှင့်ခဲ့ခြင်း များ၊ ဖြစ်စဉ်အမှန်က မည်သို့ဆိုခြင်း၊ သူမကိုယ်တိုင် လက်လုပ်မိုင်း လုပ်နေခြင်းများ၊ နောက်ဆုံးထိန်းသိမ်း ခံရပြီးနောက်ပိုင်းအထိ မီဒီယာအချို့က သူမ၏ဖမ်း ဆီးခံရသူအချို့ကို ပရဟိတသမားများအဖြစ် မဟုတ် မမှန်ထုတ်လွှင့်ခဲ့ခြင်းတို့ကို    တွေ့ရမည်ဖြစ်ပါ ကြောင်း ပြောကြားပြီးနောက် မသဉ္ဇာထွန်းပြောကြား သည့် ဗီဒီယိုဖိုင်ကို ပြသသည်။


ဆက်လက်၍ နောက်တစ်ဦးမှာ ကိုစည်သူလွင် ဖြစ်ပါကြောင်း၊ ၎င်းသည် ကင်းမရွာက မဟုတ်ဘဲ မတ္တရာကဖြစ်ပါကြောင်း၊ အကြမ်းဖက်သမားများ ထောင်ထားသည့်မိုင်းကြောင့် ရွာသားအချို့ ဒုက္ခ ရောက်ရပုံ၊ ရွာခံများက အကြမ်းဖက်သမားများကို ကြောက်ရွံ့နေရပုံများကို တွေ့ရှိရမည်ဖြစ်ပါကြောင်း ပြောကြားပြီး    ကိုစည်သူလွင်ဝန်ခံပြောကြားသည့် ဗီဒီယိုဖိုင်ကို ပြသသည်။


အလားတူ  နောက်တစ်ဦးမှာ  မသဉ္ဇာထွန်း၊ ကိုစည်သူလွင်တို့နှင့်အတူ    ထိန်းသိမ်းရမိခဲ့သူ၊ ကင်းမရွာ PDF အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကင်းမရွာသားကိုအောင်ချစ်ဖြိုး၏ ပြောပြချက်ဖြစ်ပါ ကြောင်း ပြောကြားပြီး ကိုအောင်ချစ်ဖြိုး ဝန်ခံပြော ကြားသည့် ဗီဒီယိုဖိုင်ကို ပြသသည်။
ထိုဖြစ်စဉ်ဖြစ်ရပ်များတွင် ပါဝင်ပတ်သက်ခဲ့သည့် ကာယကံရှင်များ၏ ပြောပြချက်များကို လက်တွေ့ သိမြင်ပြီး မိမိတို့နိုင်ငံ၏ ပြည်သူလူထုအပေါ် အမျိုး မျိုးသော သတင်းအမှားများ၊ အချက်အလက်အမှား များနှင့် မှိုင်းတိုက်ပြီး အချင်းချင်း စိတ်ဝမ်းကွဲပြား အောင်၊ နိုင်ငံတကာက အထင်အမြင်လွဲမှားအောင် လုပ်ကြံဖန်တီးနေသည့်     ပြည်ဖျက်မီဒီယာများ၊ နိုင်ငံခြားသံရုံးအချို့၏  လုပ်ဆောင်ချက်အပေါ် သတိရှိကြရန် ပြောကြားလိုပါကြောင်း။


ဝန်ခံပြောကြားချက်


PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများကို  လိုက်လံရန်ပြု သတ်ဖြတ်နေခြင်းဖြစ်ပါကြောင်း၊ နောက်ကွယ်ကနေ ကြိုးကိုင်နေသူအများစုသည် NLD ပါတီဝင်အစွန်း ရောက်များ ဖြစ်ပါကြောင်း၊ ဩဂုတ်  ၃ ရက်က စစ်ကိုင်းမြို့နယ် ဆင်တပ်ကျေးရွာ အုပ်ချုပ်ရေးမှူးကို အကြမ်းဖက်သမားများက ဓားနှင့်ထိုးပြီးသတ်ဖြတ် ခဲ့ပါကြောင်း၊ ဩဂုတ်  ၂၀ ရက်နေ့တွင် အဆိုပါ တရားခံ သုံးဦးကို  ဖမ်းမိပါကြောင်း၊  ၎င်းတို့ကို စေခိုင်းသူက ထိုရွာက NLD ပါတီအမာခံများဖြစ်သည့် ယခင်အုပ်ချုပ်ရေးမှူးဟောင်းနှင့် နောက်တစ်ဦးဖြစ် ပြီး ငွေ ငါးသိန်းပေးပြီး စေခိုင်းခဲ့ခြင်းဖြစ်ပါကြောင်း ပြောကြားပြီး   ၎င်းဖြစ်စဉ်တွင်ပါဝင်သူ သန်းနိုင်စိုး၏ ဝန်ခံပြောကြားချက်ကို ပြသသည်။


နောက်ဖြစ်စဉ်တစ်ခုမှာ ရန်ကုန်တိုင်းဒေသကြီးဗိုလ်တထောင်မြို့နယ် ၄၄ လမ်း တိုက်အမှတ် (၁၆) (၃)လွှာဖြစ်စဉ်ဖြစ်ပါကြောင်း၊   လုံခြုံရေးတပ်ဖွဲ့ ဝင်များအနေနှင့် ထိုနေရာတွင် အကြမ်းဖက်ဖောက် ခွဲဖျက်ဆီးရေးအတွက် အသုံးပြုရန်ပစ္စည်းများ ဝှက် ထားကြောင်း သတင်းရသည့်အတွက် ဝင်ရောက်စစ် ဆေးခဲ့ပါကြောင်း၊ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို အကြမ်းဖက်လုပ်ရပ်များတွင် အသုံးပြု မည့် လက်ပစ်ဗုံး ၁၆ လုံး၊ ယမ်းပျော့များ၊ ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဝင်ရောက် စစ်ဆေးစဉ်တွင် ငါးဦးသည် တိုက်ခန်းပေါ်ကခုန်ချ ထွက်ပြေးကြသဖြင့် နှစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရခဲ့ ပြီး တပ်မတော်ဆေးရုံတွင် ဆေးကုသပေးနေပါ ကြောင်း၊ ထုံးစံအတိုင်း ပြည်ဖျက်မီဒီယာများက လုပ်ကြံဖန်တီး သတင်းများ ချက်ချင်းထုတ်လွှင့်ကြပြီး လူငယ်များကို မြှောက်ပင့်ပေးရန်၊ လမ်းမှားထပ် ရောက်စေရန်အတွက် အာဇာနည်၊ သူရဲကောင်းဆို သည့် အသုံးအနှုန်းများကိုပါ သုံးနှုန်းခဲ့ခြင်းကိုလည်း တွေ့ရပါကြောင်း၊  ၎င်းတို့ဘာတွေလုပ်ခဲ့ကြသည်၊ ထိုနေ့က ဖြစ်စဉ်အမှန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များ၊ ဖမ်းဆီးရမိသူနှစ်ဦး၏ ပြောပြ ချက်များကို သတင်းထုတ်ပြန်ပြီးဖြစ်ကြောင်း၊ ဤကဲ့ သို့ သတင်းထုတ်ပြန်ပြီးနောက်ပိုင်းတွင် ထိုအဖွဲ့ထဲ က ထွက်ပြေးလွတ်မြောက်သွားသူ တစ်ယောက်ကို  ပြည်ဖျက်မီဒီယာများကမေးမြန်းထားပြီး ဖြစ်ရပ် မှန်ကို ဖုံးကွယ်မှုများ၊ တိုက်ပေါ်ကခုန်ချပြီးသေဆုံးခဲ့သော အမျိုးသမီးတစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များ က မဖွယ်မရာလုပ်ခဲ့သကဲ့သို့  ပြောဆိုခဲ့မှုများကိုထုတ် လွှင့်ခဲ့ကြောင်း၊  ဖမ်းဆီးရမိသူတစ်ဦးဖြစ်သော မပိုးကျော့ကျော့ခန့်၏ ထပ်မံပြောကြားချက်ကို ပြသလိုကြောင်းပြောကြားပြီး  မပိုးကျော့ကျော့ခန့်၏ ထွက်ဆိုပြောကြားချက်ဗီဒီယိုကို ပြသသည်။


အမျိုးသမီးငယ်များ ပါဝင်နေကြ


ဆက်လက်၍ ယခုနောက်ပိုင်းတွင် အကြမ်းဖက် အဖွဲ့များ၊ ဖောက်ခွဲဖျက်ဆီးရေးအဖွဲ့များကို ဖမ်းဆီး ရမိသည့်အချိန်တွင်  သတိထားစရာကောင်းသည့် အချက်မှာ ထိုအဖွဲ့တိုင်းလိုလိုနီးပါး အထူးသဖြင့် ရန်ကုန်ကဲ့သို့သော မြို့ကြီးများက အကြမ်းဖက်အဖွဲ့ များတွင် အမျိုးသမီးငယ်များ ပါဝင်နေကြကြောင်း၊ ၎င်းတို့သည်အများအားဖြင့် အိမ်ထောင်မရှိသူ (အပျို)များလည်း ဖြစ်နေတတ်ကြောင်း၊ သို့သော်လည်း စစ်ဆေးတွေ့ရှိချက်များအရ  လက်မထပ်ရသေးဘဲ (Living Together) ပုံစံမျိုးများလည်း ဖြစ်နေကြ ကြောင်း၊ အချို့လည်း   ကိုယ်ဝန်ရှိနေခြင်းများကို  တွေ့ရကြောင်း၊ အမျိုးသမီးများမှာ အမျိုးသားများ ထက် မခံချင်စိတ်ပိုများကြကြောင်း၊ မတရားဘူးဟု ၎င်းတို့ စိတ်ထဲယူဆလာလျှင် သနားစိတ်၊ မခံချင် စိတ်စသည့်စိတ်များကို မသမာသူနိုင်ငံရေးသမား များက အသုံးချနေခြင်းဖြစ်ကြောင်း။
ထို့အပြင် ဤလူငယ်၊ လူရွယ်များကို စစ်ဆေး ကြည့်သည့်အချိန် မူးယစ်ဆေးသုံးစွဲမှုများနှင့် ပတ်သက် နေသည်ကိုလည်း တွေ့ရကြောင်း၊ မိဘပြည်သူများ အနေဖြင့် သတိထားနိုင်ကြရန် မေတ္တာရပ်ခံလို ကြောင်း၊ ထိုလူငယ်လေးများကိုကြည့်ပါက မသမာ သည့်နိုင်ငံရေးသမားများ၊ ပြည်ဖျက်မီဒီယာများ၏ လှုံ့ဆော်မှုကြောင့်  လမ်းမှားကိုရောက်ခဲ့ရသည့်သူများသာဖြစ်ကြောင်း၊ သား သမီးချင်း မစာနာဘဲ Online ပေါ်ကတစ်ဆင့်၊ မီဒီယာများမှတစ်ဆင့် လူငယ်များ၊ ရိုးသားသော ပြည်သူလူထုများကို နေ့စဉ် လမ်းမှားသို့ရောက်ရှိစေရေး သွေးထိုးလှုံ့ဆော်နေမှု များကို  သတိရှိကြရန် ပြောလိုကြောင်း၊ 


 


ဤကဲ့သို့ အခြေအနေမျိုးများတွင်  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့အနေဖြင့် NUG၊ CRPH နှင့် PDF အမည်ခံအဖွဲ့အစည်းများကို စစ်သင် တန်းပေးနေမှုများ၊ လက်နက်များ၊ ထောက်ပံ့နေမှုများ ကိုလည်း တွေ့ရကြောင်း၊  ၂၀၂၁ ခုနှစ်  ဇွန် ၂၂ ရက်က မန္တလေးတိုင်းဒေသကြီး   ချမ်းမြသာစည်မြို့နယ်မှ အကြမ်းဖက်သမားများ ခိုအောင်းနေသော နေအိမ် နှစ်လုံးကို လုံခြုံရေးအရ ဝင်ရောက်စစ်ဆေးခဲ့ရာ အကြမ်းဖက်အဖွဲ့ဝင် ရှစ်ဦး အသေဖမ်းမိပြီး ၎င်းတို့နှင့် အတူ သေနတ် ရှစ်လက်၊ လက်ပစ်ဗုံးအလုံး ၅၀ နှင့် လက်လုပ်မိုင်းများကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ထို ရှစ်ဦးထဲမှ နှစ်ဦးသည် KIA အဖွဲ့က ဗိုလ်အဆင့်ရှိ တူးဖိုးနှင့် ကိုရှိုင်းတို့ပါဝင်ပြီး အကြမ်းဖက်လုပ်ရပ် များကို ၎င်းတို့က ဦးဆောင်နေခြင်းဖြစ်ကြောင်း။     


ဇွန် ၂၃ ရက်၌    မန္တလေး(PDF)အဖွဲ့ဝင် မိုးတိမ်နှင့် လေးဦးကို မန္တလေးသို့ လက်နက်များသယ်ယူစဉ် ဖမ်းမိခဲ့ကြောင်း၊  လက်နက်မျိုးစုံ ၁၁၄ လက်၊ ကျည်မျိုးစုံ ၁၀၀၀၀၀ တောင့်၊ လက်ပစ်ဗုံး ၄၉၉ လုံး၊ ၄၀ မမဗုံးသီး ၁၄၇၃ လုံးနှင့် ဖောက်ခွဲရေးပစ္စည်းများ ပါဝင်ကြောင်း၊ ၎င်းတို့က KIA တွင် ဖောက်ခွဲဖျက်ဆီး ရေးသင်တန်းတက်ခဲ့ပြီး    ဇွန် ၁၉ ရက်တွင် KIA အဖွဲ့ကပေးသည့် လက်နက်ခဲယမ်းနှင့် မိုင်းများကို ကချင်ပြည်နယ်  မန်စီမြို့မှတစ်ဆင့်   ငါးအိုး-သပိတ်ကျင်းလမ်းကြောင်းအတိုင်း  မန္တလေးမြို့သို့ သယ်ဆောင်စဉ်   ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အလားတူ ဩဂုတ်  ၈ ရက်တွင်လည်း ဗုံးအလုံး ၈၀ နှင့် ဆက်စပ်ပစ္စည်းများကို မန္တလေးတိုင်းဒေသကြီးမတ္တရာမြို့နယ်၌ ဖမ်းမိခဲ့ကြောင်း၊    ဩဂုတ်  ၄ ရက်တွင်   KIA တပ်မဟာ(၈)၌   အကြမ်းဖက် သင်တန်းတက်နေသည့်သူများကို ထောက်ပံ့ပေးနေ သော မိုးညှင်းမြို့နယ် NLD ပါတီဝင် သက်ထားနှောင်း ကို KIA တပ်မဟာ (၈) ကို ထောက်ပံ့ပေးနေသည့် ထောက်ပံ့ရေးပစ္စည်းများနှင့့်အတူ  ဖမ်းမိခဲ့ကြောင်း။


၎င်း၏ထွက်ဆိုချက်များအရ ပါဝင်ပတ်သက်သူ များသည် ဖော်ပြထားသည့်ဇယားအတိုင်းဖြစ်ကြောင်း၊ NLD ပါတီဝင်များဖြစ်ပြီး အကြမ်းဖက်အဖွဲ့အစည်း CRPH အဖွဲ့ဝင် ဖြူဖြူသင်း၊ NUG အဖွဲ့ဝင် တင်အေး၊ မင်းဆွေနိုင်၊ ကျော်စွာဝင်း၊ ကသာမြို့နယ် NLD ပါတီ ဝင် ကျော်စွာဝင်း၊ မိုးညှင်းမြို့နယ်က NLD ပါတီဝင် များပါဝင်ကြောင်း၊ PDFအမည်ခံ အကြမ်းဖက်သမား များ၊ မိုင်းထောင်၊ မိုင်းခွဲတိုက်ခိုက်နေသည့် အကြမ်း ဖက်အဖွဲ့များ၊ လူငယ်လူရွယ်များကို အချို့ EAO အဖွဲ့ထဲတွင် စစ်သင်တန်းနှင့် ဖောက်ခွဲဖျက်ဆီးရေး သင်တန်းတက်ရောက်စေရန်အတွက်   လူစုခြင်း၊ စေလွှတ်ခြင်းများ ဆောင်ရွက်နေသူများကို ဖော်ထုတ် ဖမ်းဆီးရမိတိုင်းတွင် ၎င်းတို့ကိုစေခိုင်းနေသူများ၊ ထောက်ပံ့နေသည့်သူများသည် NLD ပါတီဝင်များသာ ဖြစ်နေသည်ကိုတွေ့ရကြောင်း၊ အထောက်အထား များ၊ ဆက်စပ်မှုများကို  Board ၌ စုံစုံလင်လင်ပြသ ထားကြောင်း။


ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်လှစ်ထား


TNLA အနေဖြင့်လည်း နောင်ချိုမြို့နယ် နောင်စိုး လေးကျေးရွာအနီး   PDF   အကြမ်းဖက်များကို သင်တန်းပေးခြင်း၊ လက်နက်များ ထောက်ပံ့ခြင်းတို့ ဆောင်ရွက်ခဲ့သည်ကို တွေ့ရကြောင်း၊ လက်နက် တပ်ဆင်ပေးပြီး မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်း တိုင်းဒေသကြီးအတွင်းသို့  ဝင်ရောက်ပြီး  အဖျက် အမှောင့်လုပ်ငန်းများလုပ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ ဖမ်းဆီးရမိ လက်နက်များ၊ သင်တန်းကျောင်း နေရာဓာတ်ပုံများ ကို  သင်ပုန်းတွင် ပြသထားကြောင်း၊  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထဲ၌လည်း    အားလုံး မဟုတ်ဘဲ အဖွဲ့အစည်းထဲက  တပ်မဟာ အချို့သာ  ထိုကဲ့သို့  ဆောင်ရွက်နေသည်ကို  တွေ့ရ ကြောင်း၊  ဥပမာအားဖြင့်  KIA တွင် တပ်မဟာ  (၃)နှင့် တပ်မဟာ (၈) တို့က ဆောင်ရွက်နေကြောင်း၊ KNU တွင် တပ် မဟာ (၅) က ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊ မိမိတို့အနေဖြင့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက်ကို အမြဲဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်လှစ်ထား ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ် ငန်းစဉ် (၅) ရပ်နှင့်     ဦးတည်ချက် (၉) ရပ်တွင်လည်း “ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး    ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ပါ သဘောတူညီချက်များ အတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွား မည်” ဟု ချမှတ်ထားကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့်လည်း ၂၀၁၈ ခုနှစ်  အောက်တိုဘာ ၁၅ ရက်၌ ကျင်းပ ခဲ့သော NCA (၃)နှစ်ပြည့်အခမ်းအနားမှာကတည်းက ငြိမ်းချမ်းရေးဆွေးနွေးရာ၌  “ငြိမ်းချမ်းရေးထက် အရေးကြီးတာ ဘာမှမရှိဘူး။ ငြိမ်းချမ်းရေးကိုလိုလား ရင် ငြိမ်းချမ်းရေးကိုလိုလားတဲ့အပြုအမူမျိုးတွေရှိဖို့လိုတယ် ” ဟု  ပြောကြားခဲ့ကြောင်း၊ EAO များအနေ ဖြင့် NCA တွင် လက်မှတ်ရေးထိုးထားသည်ဖြစ်စေ၊ လက်မှတ်ရေးထိုးမထားသည်ဖြစ်စေ နိုင်ငံတော်နှင့် ပြည်သူလူထုကသွားနေသော   ပါတီစုံဒီမိုကရေစီ စနစ်တွင်   ဒီမိုကရေစီလုပ်ထုံးလုပ်နည်းများနှင့် အညီသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
PDFအမည်ခံ အကြမ်းဖက်သမားများကို လက်နက် ထောက်ပံ့နေမှု၊ အကြမ်းဖက်သင်တန်းများပေးနေမှု၊ EAO အဖွဲ့ထဲတွင်  တာဝန်ထမ်းဆောင်ခိုင်းနေမှု၊ တာဝန်မထမ်းဆောင်ချင်၍ ထွက်ပြေးနေသူများကို ဖမ်းဆီးနှိပ်စက်နေမှုများ၊ ၎င်းတို့ လှုပ်ရှားနေသော နယ်မြေအတွင်း၌ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ် နေမှုများသည် ငြိမ်းချမ်းရေးနှင့် လုံးဝမအပ်စပ်သည့် လုပ်ငန်းများသာ ဖြစ်ကြောင်း၊   တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးလွှမ်းခြုံမှသာ  လွတ်လပ်တရားမျှတသောရွေးကောက်ပွဲဆိုသည့်  အဓိပ္ပာယ်ပြည့်စုံမည်  ဖြစ်ကြောင်း၊   လက်နက်ကိုင်သောင်းကျန်းမှုသည် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲဆိုသည့် ပုံရိပ်ကို ထိခိုက်စေနိုင်ကြောင်း၊   တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့အနေဖြင့်  အကြမ်းဖက် သမားများကို အားပေးနေသည့်လုပ်ရပ်များ မလုပ်ကြ ရန် သတိပေးလိုကြောင်း ပြောကြားသည်။
ဆက်လက်၍  နိုင်ငံတော်အစိုးရနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့်    နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် လုံခြုံရေးကိစ္စများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းမှုကို လိုလား သောပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုလည်း မြင့်တက်လာခဲ့ကြောင်း၊  ထိုသို့ဆောင်ရွက်မှုများ ကြောင့်  နိုင်ငံတစ်ဝန်း၌  အကြမ်းဖက်သမားများ ဖမ်းဆီးရမိမှုများ၊ လက်နက်ခဲယမ်းနှင့် အကြမ်းဖက် ပစ္စည်းများ ဖမ်းဆီးဖော်ထုတ်ရရှိမှုများ အများအပြား ရှိခဲ့ကြောင်း၊ ဩဂုတ်လ လဆန်းပိုင်းနှင့် လလယ်ပိုင်း တွင် NLD ပါတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG မှ ဇေယျာသော်နှင့် မြတ်မင်းသူတို့၏စေခိုင်းမှုနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ရပ် များကျူးလွန်ခဲ့သော PDF အမည်ခံ အကြမ်းဖက် အဖွဲ့ သင်္ဃန်းကျွန်းမှ သုံးဦး၊ စမ်းချောင်းမှခြောက်ဦး၊ လှိုင်သာယာမှ  ၁၁ ဦး၊ ဒဂုံဆိပ်ကမ်းမှ  ခုနစ်ဦး၊ ထန်းတပင်မှ ငါးဦး၊ ကွမ်းခြံကုန်းမှခြောက်ဦး စုစုပေါင်း ၃၈ ဦးကို သေနတ် ငါးလက်၊ ကျည်မျိုးစုံ ၃၀၉ တောင့်၊ ပြုလုပ်ဆဲလက်လုပ်သေနတ် ၂၅ လက်၊ လက်ပစ်ဗုံး သုံးလုံး၊ လက်လုပ်မိုင်း ၈၁ လုံး၊ ဖောက်ခွဲရေးဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေး ထွက်ဆိုချက်များအရ ၎င်းတို့သည် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အများပြည်သူများနှင့်သက်ဆိုင် သည့်နေရာများတွင် ဖောက်ခွဲဖျက်ဆီးမှု ၁၇ ကြိမ် ပြုလုပ်ခဲ့သူများဖြစ်ကြောင်း၊ ၎င်းတို့၏ဆက်စပ်မှု၊ ပြစ်မှုကျူးလွန်ခဲ့သူများကို Board တွင် ပြသထား ကြောင်း။


အလားတူ ယခု ဩဂုတ်လ စတုတ္ထပတ်အတွင်း တွင်လည်း ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် လရိပ်ချို တည်းခိုခန်းမှ  ဖမ်းဆီးရမိခဲ့သော အကြမ်းဖက် သမားများနှင့်ပတ်သက်ပြီး  အကြမ်းဖက်သမား ၂၂ ဦးကို  ဖမ်းဆီးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ၎င်းတို့နှင့်အတူ သေနတ် ရှစ်လက်၊ ကျည်မျိုးစုံ ၂၀၀ ကျော်၊ မိုင်းများ၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများနှင့် WY စိတ်ကြွဆေးပြားအချို့ ဖမ်းမိခဲ့ကြောင်း၊ ၎င်းတို့ သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အများပြည်သူ များနှင့်သက်ဆိုင်သော  နေရာများတွင် ဖောက်ခွဲ ဖျက်ဆီးမှု လေးကြိမ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အပြစ်မဲ့ပြည်သူများကို ပစ်ခတ်လုပ်ကြံမှု ရှစ်ကြိမ် ကျူးလွန်ခဲ့သူများဖြစ်ကြောင်း၊  ထိုအဖွဲ့နှစ်ဖွဲ့၏ သတင်းအပြည့်အစုံကို မကြာခင် မိမိတို့ ထုတ်ပြန် ပေးမည်ဖြစ်ကြောင်း။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ  ၁ ရက်မှ ဩဂုတ်   ၂၆ ရက်အထိ     ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုင်းပေါက်ကွဲမှု ၆၁၉ ကြိမ်ရှိပြီး တရားခံဖော်ထုတ်နိုင်မှု ၂၁၁ ကြိမ်နှင့် တရားခံ ၃၂၂ ဦးကို ဖော်ထုတ်ဖမ်းဆီးရမိ ခဲ့ပါကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အပြစ် မဲ့ပြည်သူများသေဆုံးမှုအနေနှင့် ၈၄ ဦးရှိပြီး တရားခံ ဖော်ထုတ်နိုင်မှု  ၂၇ ကြိမ်နှင့် တရားခံ ၅၉ ဦးကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါကြောင်း၊ လက်နက်/ခဲယမ်း ဖော်ထုတ် ဖမ်းဆီးရရှိမှုအနေနှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာပင် ၁၁၆ ကြိမ်၊ တရားခံ ၁၉၉ ဦးနှင့် လက်နက်မျိုးစုံ ၅၈ လက်၊ ခဲယမ်းမျိုးစုံ ၂၉၇၅ တောင့်၊ ဖောက်ခွဲရေးနှင့်      ဆက်စပ်ပစ္စည်းများ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါကြောင်း၊   အလားတူ မန္တလေးတိုင်းဒေသကြီးအတွင်း မိုင်းပေါက်ကွဲမှု ၄၆၇ ကြိမ်ရှိပြီး တရားခံဖော်ထုတ်နိုင်မှု ၂၁၆ ကြိမ်နှင့် တရားခံ ၇၄ ဦး ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးမှု ၁၂၆ ဦးရှိပြီး တရားခံဖော်ထုတ်နိုင်မှု ၂၅ ကြိမ်နှင့် တရားခံ ၆၈ ဦး ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါ ကြောင်း၊ လက်နက်/ ခဲယမ်းဖော်ထုတ်ဖမ်းဆီးရရှိမှု အနေနှင့် ၁၁၈ ကြိမ်၊ တရားခံ ၁၅၆ ဦးနှင့် လက်နက် မျိုးစုံ ၉၃၈ လက်၊   ခဲယမ်းမျိုးစုံ ၃၄၃၅၁ တောင့်၊ ဖောက်ခွဲရေးနှင့်ဆက်စပ်ပစ္စည်းများ   ဖော်ထုတ်  ဖမ်းဆီးရမိခဲ့ပါကြောင်း။


နိုင်ငံ၏နေရာအနည်းစုတွင် အကြမ်းဖက်မှုများ၊ လက်နက်ကိုင်သောင်းကျန်းမှုများ ရှိနေဆဲဖြစ်သော် လည်း ယခင်ကထက်စာလျှင်  များစွာလျော့ကျ သွားပြီဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စည်းကမ်း ပြည့်ဝသော  ပါတီစုံဒီမိုကရေစီကျင့်သုံးရန်ဆောင် ရွက်နေသည့်နိုင်ငံဖြစ်ကြောင်း၊ စစ်မှန်၍စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ နိုင်ငံတော်အစိုးရအနေဖြင့် ခိုင်ခိုင်မာမာအာမခံထားပြီးဖြစ်ကြောင်း၊ မိမိတို့၏ ယခုလမ်းကြောင်းသည်  မည်သည့်အခါမျှ သွေဖည် သွားမည်မဟုတ်ကြောင်း၊   ဒီမိုကရေစီစနစ်အပေါ်၌ လိမ်လည်မသမာမှုလုပ်ခဲ့သည့်    မဲမသမာမှုများ ကြောင့်သာ အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံ တော်တာဝန် ရယူခဲ့ရခြင်းဖြစ်ကြောင်း၊ ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ  ထပ်မံကျင်းပ ပေးရန်လည်း အာမခံပြီးဖြစ်ကြောင်း၊ မိမိတို့အစိုးရ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)၊ တည်ဆဲဥပဒေများနှင့်အညီသာ  ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လည်း    နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်ဖျက်ဆီးနေသော အကြမ်းဖက်များကိုသာ ဥပဒေနှင့်အညီဆောင်ရွက်လျက်ရှိသည်ကို အသိပေး လိုပါကြောင်း။


တိုင်းပြည်စီးပွားရေး


ကိုဗစ်ကာလအတွင်း ကမ္ဘာ့နိုင်ငံတိုင်းလိုလိုတွင် စီးပွားရေးလုပ်ငန်းများ တုံ့နှေးခြင်း၊ ကျဆင်းခြင်း များဖြစ်နေကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့လာစေရန် အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊  မိမိတို့နိုင်ငံ သည်  စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသော နိုင်ငံဖြစ်သည့်အတွက် ထိုကဏ္ဍများ တိုးတက်လာစေ ရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာတွင် ကိုဗစ် ကာလအတွင်း အခြားစီးပွားရေးကဏ္ဍများ၊ ဝယ်လို အားများ ကျဆင်းသည်မှန်သော်လည်း လူများ၏ နေ့စဉ်အခြေခံစားရေးလိုအပ်ချက်မှာ  မကျဆင်း ကြောင်း၊ စား၊ ရေ၊ ရိက္ခာ လိုအပ်ချက်က ရှိနေဆဲဖြစ် ကြောင်း၊ မိမိတို့နိုင်ငံ၏ အခြေခံစီးပွားရေးဖြစ်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ပြီး ပြည်တွင်း စား၊ ရေ၊ ရိက္ခာဖူလုံရေးမှသည် ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ အင်အားသည်  ပြည်တွင်းမှာသာရှိ ကြောင်း၊ ထိုအတွက်လည်း သမဝါယမနှင့် ကျေး လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို  သီးခြားဖွဲ့စည်းပြီး လက်တွေ့ကျကျ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ တစ်ရပ်လုံးက   ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်း ဖြင့်  တိုင်းပြည်စီးပွားရေးကို ဦးမော့လာအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း     ပြောကြား သည်။            (ဆက်လက်ဖော်ပြပါမည်)