 
၁။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများစစ်ဆေးခြင်းများ အပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည် များကို ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်။
၂။ လတ်တလော ဖြစ်ပွားနေဆဲဖြစ်သည့် COVID-19 ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက် သွားမည်။
၃။ COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများ ဖြင့် အမြန်ဆုံးကုစားသွားမည်။
၄။ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင် သမျှ အလေးထား လုပ်ဆောင်သွားမည်။
၅။    အရေးပေါ်ကာလဆိုင်ရာ       ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်ပြီးစီးပါက  ဖွဲ့စည်းပုံအခြေခံဥပဒေ   (၂၀၀၈ ခုနှစ်)   နှင့်အညီ   လွတ်လပ် ပြီး     တရားမျှတသော   ပါတီစုံဒီမိုကရေစီ      အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍   အနိုင်ရသည့်ပါတီအား   ဒီမိုကရေစီ စံနှုန်းများနှင့်အညီ  နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင် ရေး ဆက်လက်ဆောင်ရွက်သွားမည်။
 
 
      


