နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်

 

၁။        ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို    ပြန်လည်ဖွဲ့စည်းပြီး  မဲစာရင်းများစစ်ဆေး ခြင်းများအပါအဝင်    လုပ်ဆောင်သင့်၊   လုပ်ဆောင်ထိုက်သည်များကို  ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်။

၂။        လတ်တလော ဖြစ်ပွားနေဆဲဖြစ်သည့် COVID-19 ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်း များကို   အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည်။

၃။        COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ  နည်းလမ်းများဖြင့်  အမြန်ဆုံးကုစားသွားမည်။

၄။        တစ်နိုင်ငံလုံး    ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု    ရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း  ဖြစ်နိုင်သမျှ အလေးထား  လုပ်ဆောင်သွားမည်။

၅။        အရေးပေါ်ကာလဆိုင်ရာ   ပြဋ္ဌာန်းချက်များနှင့်အညီ  ဆောင်ရွက်ပြီးစီးပါက   ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ   လွတ်လပ်ပြီး    တရားမျှတသော   ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား   ပြန်လည်ကျင်းပ၍  အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်း များနှင့်အညီ   နိုင်ငံတော်တာဝန်အား   လွှဲအပ်နိုင်ရေး   ဆက်လက်ဆောင်ရွက်သွားမည်။