
နေပြည်တော် ဧပြီ ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နေ့လယ်ပိုင်းတွင် တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းသို့ သွားရောက်၍ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းရှိ စံပြစိုက်ပျိုး မွေးမြူ ရေးဇုန်အတွင်း ရာသီသီးနှံနှင့် မြေအစားထိုးသီးနှံ စိုက်ပျိုးထားရှိမှုများ၊ ကျောက်စိမ်း တစ်သျှူးငှက်ပျော(သီးမွှေး)စိုက်ပျိုးထားရှိမှုများ၊ မြေစိုက် ရေခံ အဆောက်အဦနှင့် လေလုံအအေးပေး အဆောက်အဦအတွင်း ဥစားကြက်များ မွေးမြူထားရှိမှု၊ မေထုန်မဲ့နည်းပညာဖြင့် နို့စားနွား နှင့် အသားတိုးနွားများ မွေးမြူထားရှိမှု၊ DYL မျိုးမြင့်ဝက်များ မွေးမြူ ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန် ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။
ကာကွယ်ဆေးများ
ထုတ်လုပ်နေမှုကြည့်ရှု
ယင်းနောက် စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း ခင်းကျင်းပြသထား သည့် ရွှေဖရုံ၊ ဘူး၊ တိုင်ထောင်ပဲ၊ ငရုတ်၊ ရုံးပတီ၊ မုန်ညင်း၊ ခရမ်း စသည့် များကို မျိုးကောင်းမျိုးသန့်များအဖြစ် အဆင့်ဆင့်မျိုးစေ့ထုတ်လုပ်ပြီး တပ်ရင်း၊ တပ်ဖွဲ့များနှင့် ပြင်ပသို့ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဝေ ရောင်းချပေးနေမှုနှင့် တပ်ရင်းမှ ထွက်ရှိသော လား/မြင်းချေးနှင့် စံပြ မွေးမြူရေးဇုန်မှ ထွက်ရှိသော ကြက်၊ ဝက်၊ နွားချေး ကုန်ကြမ်းပစ္စည်း များအား အာဟာရတန်ဖိုးမြင့် သဘာဝမြေဆွေးအဖြစ် အသုံးပြုနိုင်ရန် စမ်းသပ်ထုတ်လုပ်နေမှုများနှင့် တိရစ္ဆာန်ရောဂါကာကွယ်ဆေးများ ထုတ်လုပ်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့များသည် မွေးမြူရေးခြံများအတွင်း ဥစားကြက်များ မွေးမြူထားရှိမှုများကိုလည်းကောင်း၊ နွား မေထုန်မဲ့ သားစပ်ခြင်း ပြုလုပ်ရန်အတွက် သားစပ်ကိရိယာများ ခင်းကျင်းပြသထားရှိမှုကိုလည်းကောင်း၊ ဝက်မွေးမြူရေးခြံများကိုလည်းကောင်း လိုက်လံ ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
အဆိုပါ စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း ၎င်းတပ်အတွက် ပထမ ဦးဆုံး မေထုန်မဲ့သားစပ်ခြင်း နည်းပညာဖြင့် စမ်းသပ်ဝက်များ မွေးမြူ ထားရှိရာ အဆိုပါ မေထုန်မဲ့နည်းပညာဖြင့် သားစပ်ခြင်း ဆောင်ရွက်ရာ တွင် ဝက်မကြီး တစ်ကောင်သည် ပျမ်းမျှအားဖြင့် ၁၂ ကောင်အထိ သားပေါက်နိုင်ကြောင်းနှင့် အဆိုပါခြံအတွင်း အသားတိုးဝက်များကို လည်း မွေးမြူထားရှိကြောင်း သိရှိရသည်။
ဝက်မွေးမြူရေးနှင့် ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က မှာကြားရာတွင် ဝက်မွေးမြူရေးတွင် သဘာဝအတိုင်း သားစပ်ခြင်းနှင့် မေထုန်မဲ့သားစပ်ခြင်းဟူ၍ နှစ်မျိုးရှိ ကြောင်း၊ သဘာဝနည်းဖြင့် သားစပ်ခြင်းသည် တစ်ကြိမ်လျှင် ဝက်မ တစ်ကောင်သာ မျိုးစပ်နိုင်သော်လည်း မေထုန်မဲ့နည်းဖြင့် သားစပ်နည်း သည် ဝက်မ သုံးကောင်မှ ငါးကောင်အထိ ဆပွား သားစပ်နိုင်ကြောင်း၊ မေထုန်မဲ့ သားစပ်ခြင်းဖြင့် ရရှိလာသော ဝက်သားပေါက်ငယ်များသည် ပိုမိုကျန်းမာ၍ ကြီးထွားနှုန်း ပိုမိုကောင်းမွန်ကြောင်းကို တွေ့ရှိရသဖြင့် မေထုန်မဲ့သားစပ်ခြင်းဖြင့် ရရှိသော ဝက်သားပေါက်များကို သက်တမ်း အလိုက် ဆက်လက်စောင့်ကြည့် သုတေသနပြုလုပ်ရန်လိုကြောင်း၊ အသားအတွက် မွေးမြူထားသော အသားတိုးဝက်နှင့်ပတ်သက်၍ တပ်နယ်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ အတွက် အသားများ ပိုမိုဖြန့်ဝေနိုင်ရေး လက်ရှိမွေးမြူထားသော အသားတိုးဝက် ၂၅၆ ကောင်အပြင် ထပ်မံတိုးချဲ့မွေးမြူသွားရန် လိုကြောင်း မှာကြားသည်။
လယ်မြေယာသစ်များဖော်ထုတ်၍
စိုက်ပျိုးထားမှုကြည့်ရှု
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း) တိုက်ခိုက်ရေး ကျောင်း(ဗထူး) ပေါင်းစည်းလယ်ယာ(ဗထူးစမ်း) သို့ သွားရောက်၍ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ အကူအညီဖြင့် ရေကျော်တမံအသေးတည်ဆောက်လျက် လယ်မြေသစ်များ ဖော်ထုတ် ၍ ၎င်းလယ်မြေယာသစ်များတွင် နွေစပါး၊ အာလူးနှင့် ပဲပုပ်များ စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က သိရှိလိုသည်များ မေးမြန်းပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်