နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်နယ်ရှိ ခြေလျင်တပ်စုမှူးသင်တန်းသားများနှင့် ဗိုလ်လောင်းများအား တွေ့ဆုံအမှာစကားပြောကြား

 

နေပြည်တော်   ဧပြီ    ၂


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့နံနက်ပိုင်းတွင် ဗထူးတပ်နယ်ရှိ ခြေလျင် တပ်စုမှူးသင်တန်းသားများနှင့်   ဗိုလ်လောင်းများ အား  တပ်မတော်(ကြည်း)      တိုက်ခိုက်ရေးကျောင်း (ဗထူး) ရှိ အောင်ဆန်းခန်းမ၌ တွေ့ဆုံ၍  အမှာစကား ပြောကြားသည်။


တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး၊ နည်းပြအရာရှိများ၊ သင်တန်းသားများ နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။


ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာ တွင် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်တာဝန် ကို ထိန်းသိမ်းခဲ့ရသည့်မတိုင်မီနှင့် ယနေ့ နိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသည့်   နိုင်ငံရေး၊     စီးပွားရေး၊ ကာကွယ်ရေးနှင့် လူမှုရေးအခြေအနေများ၊ ကမ္ဘာနှင့် အဝန်း နိုင်ငံရေး၊  စီးပွားရေး၊   စစ်ရေးပဋိပက္ခနှင့် တင်းမာမှုအခြေအနေများ၊ သစ္စာ ၄ ချက်  နေ့စဉ် ရွတ်ဆိုကြရသည့် တပ်မတော်သားအားလုံး တိုက်ပွဲ စွမ်းရည်နှင့် တိုက်ပွဲစွမ်းအား တိုးမြှင့်ရန် လိုအပ်မှု အခြေအနေများနှင့် တိုက်ပွဲစွမ်းရည်တိုးတက်မှုရှိစေ ရေး စစ်သင်တန်းကျောင်းများတွင် စစ်ပညာရပ်များ အားကြိုးစား၍ လေ့လာ၊ လေ့ကျင့်ရန်နှင့် စစ်မြေပြင် တွင်  လိုက်နာအကောင်အထည်ဖော်ရန်   လိုအပ်မှု အခြေအနေများ၊ ရန်သူကျင့်သုံးနေသည့်  စစ်နည်း ဗျူဟာများကို   သင်ခန်းစာဖော်ထုတ်၍   တန်ပြန် စစ်ဆင်ရေးဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေ များ၊ တစ်ဦးချင်းကိုယ်စီ တိုက်ပွဲစွမ်းရည်တိုးတက်မှ သာ  အဖွဲ့လိုက်မှစ၍   အဆင့်ဆင့်တိုးတက်လာမည့် အခြေအနေများ၊  တစ်ဦးချင်း   ပြင်းပြင်းထန်ထန် လေ့ကျင့်ရေးမှစ၍ စစ်မြေပြင်တွင် တိကျစွာလိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှသာ ရရှိလာ မည့် တိုက်ပွဲစွမ်းရည်များကို ပိုမိုထိရောက်အောင်မြင် အောင်၊ ရှိပြီးတိုက်ပွဲစွမ်းအားနှင့် ပေါင်းစပ်အသုံးပြု တတ်ရန် လိုအပ်မှုအခြေအနေများ၊ တိုက်ပွဲစွမ်းရည် နှင့်တိုက်ပွဲစွမ်းအား ဟန်ချက်ညီပေါင်းစပ်ဆောင်ရွက် တတ်မှသာ တိုက်ပွဲအောင်မြင်မည့်အခြေအနေ၊ တစ်ဦး ချင်း မိမိဆန္ဒအလျှောက် တပ်မတော်သို့ ဝင်ရောက် လာသူများဖြစ်ကြသူများပီပီ   မိမိသည်  မည်သည့် အတွက် တပ်မတော်သို့  ဝင်ရောက်လာခဲ့သည်ကို အမြဲမပြတ်ဆင်ခြင်ရန် လိုအပ်မှုနှင့် တရားသဖြင့် ပေးအပ်သည့်တာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ရန် လိုအပ်မှုအခြေအနေများ။


တစ်ဖက်တစ်လမ်းမှကူညီဆောင်ရွက်ပေး


စစ်ဘက်ခေါင်းဆောင်       တစ်ဦးအနေဖြင့် ခေါင်းဆောင်မှု အင်္ဂါရပ် ၁၆ ရပ်နှင့်အညီ ကျင့်ကြံရန် လိုအပ်မှု၊   ကျောသားရင်သားမခွဲခြားဘဲ    တပ်မှူး ကောင်းသဖွယ်စိတ်ဓာတ်နှင့် မိဘသဖွယ်စိတ်ဓာတ် ထားရှိမှုကို အခြေအနေအချိန်အခါနှင့် နေရာဒေသ အလိုက် ဆောင်ရွက်တတ်ရန်လိုအပ်မှု၊  တပ်တိုင်း၊ ရဲဘော်တိုင်းရှိရမည့် အခြေခံအရည်အချင်း   ၅  ပါး ပြည့်စုံရန်လိုအပ်မှုနှင့် တပ်မတော်၏ အစဉ်အလာ ၁၂ ရပ်ကို ဆက်လက်ထိန်းသိမ်းလိုက်နာရန် လိုအပ် မှုများကို အကျယ်တဝင့် ဆွေးနွေးပြောကြားပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နှင့် ၁၃ ရက်တို့တွင် လိုအပ် ချက်အရ  ဒို့တာဝန်အရေး   ၃ ပါးအား   ကာကွယ် စောင့်ရှောက်ရန်နှင့် နိုင်ငံအတွင်းနှင့်  ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံရှိ ပဋိပက္ခနှင့် တင်းမာမှုအခြေအနေများအပေါ် မူတည်၍ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၄ ရက်တွင်  ဥပဒေ ရေးသားပြီး အတည်မပြုခဲ့သည့်   ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်   အရန်တပ်ဖွဲ့ဥပဒေတို့နှင့်   ပတ်သက်၍ အာဏာတည်သက်ဝင်စေမှုအခြေအနေနှင့် အဆိုပါ ဥပဒေများကို ကျေညက်အောင် လေ့လာမှတ်သား၍ တာဝန်ကျရာဒေသအသီးသီးတွင်    ရှိကြချိန်တွင် သတ်မှတ်ချက်အကျုံးဝင်သူပုဂ္ဂိုလ်များနှင့် ဆက်နွှယ် ကြသည့်   မိသားစုဆွေမျိုးအသိုင်းအဝိုင်းပါ   သိရှိ နားလည်သဘောပေါက်အောင်အသိပေးရန် လိုအပ်မှု အခြေအနေ၊ ထိုသို့ ဆောင်ရွက်ပေးခြင်းသည်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ နှင့်ပတ်သက်၍   နိုင်ငံပိုင်မီဒီယာများ၊   ရုပ်သံလွှင့်နှင့် ရေဒီယိုအစီအစဉ်များအပါအဝင်     သတင်းစာများမှ တစ်ဆင့် အသိပေးအကြောင်းကြားနေသော်လည်း ဥပဒေနှင့်နည်းဥပဒေပါ    အချက်အလက်များကို အကြောင်းအမျိုးမျိုးကြောင့်   မလေ့လာ၊   မသိရှိ၍ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်း   အသီးသီး တို့၏   မမှန်မကန်လှုံ့ဆော်ဝါဒဖြန့်စည်းရုံးမှုအပေါ် ဥပဒေမဲ့လိုက်ပါလုပ်ဆောင်ခဲ့မိပါက  မိမိကိုယ်ပိုင် ဘဝ၊ မိသားစုဘဝတို့သည်လည်း အကြောင်းမဲ့ တော ထဲ၊ တောင်ထဲတွင် စတေးခံကြရမည့်အဖြစ်ဆိုးများမှလည်း ကယ်တင်နိုင်မည်ဖြစ်၍   အသိနှင့်ယှဉ်ပြီး ပြောဆိုစည်းရုံးကြရန် တိုက်တွန်းလိုကြောင်း၊ ထို့အပြင် ထုတ်ပြန်ထားသည့်   ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေတို့ကို မသိနားမလည်သူများအပေါ် ဥပဒေ နှင့်မညီသော ခြိမ်းခြောက်အကျပ်ကိုင်မှုမှတစ်ဆင့် ငွေကြေးနှင့်  အခြားအခွင့်အရေးများ   ရယူအမြတ် ထုတ်လိုသည့်   အောက်ခြေမသမာသူ   အကျင့်ပျက် ဝန်ထမ်းအချို့နှင့်အဖွဲ့အစည်းအချို့ပါ  ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရေးကိုလည်း       တစ်ဖက် တစ်လမ်းမှ  ကူညီဆောင်ရွက်ပေးကြရန်  လိုကြောင်း ပြောကြားသည်။


အပြန်အလှန်ဆွေးနွေး


ယင်းနောက် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်၊  လေကြောင်းရန်   ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်နှင့်    စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး၊  ဒုတိယညွှန်ကြားရေးမှူးတို့က   သင်တန်းသား အရာရှိများ၊ ဗိုလ်လောင်းများနှင့်   နည်းပြများအား လိုအပ်သည့်သင်ခန်းစာများကို    ဆွေးနွေးကြရာ သင်တန်းသားအရာရှိများ၊ ဗိုလ်လောင်းများနှင့် နည်းပြ အရာရှိများကလည်း မရှင်းလင်းသည့်အချက်များနှင့် သိရှိလိုသည်များ  မေးမြန်းမှုများအပေါ်  အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။


နေ့လယ်စာကို အတူတကွ သုံးဆောင်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး  စိုးဝင်းနှင့်အဖွဲ့ဝင်များသည်   တပ်မတော် (ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)ရှိ သင်တန်း သား စားရိပ်သာ၌    သင်တန်းသားများနှင့်အတူ နေ့လယ်စာကို အတူတကွ  သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။                            

 သတင်းစဉ်