နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်ကြည့်ရှုအားပေး

 

နေပြည်တော်   နိုဝင်ဘာ   ၃၀
၂၀၂၃ ခုနှစ်  ပြည်နယ်နှင့် တိုင်း ဒေသကြီး    ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်း အနားကို   ယနေ့   နံနက်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစား ရုံ(C) ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့်  ဒေါ်ဒွဲဘူ၊   ပိုးရယ် အောင်သိန်း၊     မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊    ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊  ပြည်ထောင်စုဝန်ကြီးများ၊  ဒုတိယ ဝန်ကြီးများ၊  ဌာနဆိုင်ရာ  တာဝန်  ရှိသူများ၊ မြန်မာနိုင်ငံ ပိုက်ကျော် ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်     တာဝန် ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ    အုပ်ချုပ်သူ/နည်းပြများ၊ အားကစား သမားများ၊    ဝန်ကြီးဌာနများမှ   ဝန်ထမ်းများနှင့်        ဝါသနာရှင် ပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ဦးစွာ ၂၀၂၃ ခုနှစ် ပြည်နယ် နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် အမျိုး သမီး (၃) ယောက်တွဲ အဖွဲ့လိုက် ပြိုင်ပွဲ    မွန်ပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်        အသင်းတို့၏ ယှဉ်ပြိုင်နေမှုကို  လည်းကောင်း၊ အမျိုးသား (၃) ယောက်တွဲ အဖွဲ့ လိုက်ပြိုင်ပွဲ နေပြည်တော်ကောင်စီ အသင်းနှင့်     စစ်ကိုင်းတိုင်းဒေသ ကြီးအသင်းတို့၏ ယှဉ်ပြိုင်နေမှု များကိုလည်းကောင်း     ကြည့်ရှု အားပေးကြသည်။ 
ထို့နောက်       ဆုချီးမြှင့်ပွဲကို  ဆက်လက်ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံနှင့် ဦးကိုကို လှိုင် တို့က အမျိုးသမီး (၂)ယောက် တွဲအဖွဲ့လိုက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများ ကို  ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆု ငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     အဖွဲ့ဝင် ဦးရန်ကျော်   က     အမျိုးသမီး (၃) ယောက်တွဲအဖွဲ့လိုက် ပြိုင်ပွဲ တွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသူများကို   လည်းကောင်း၊  နိုင်ငံတော်         စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  ဦးရွှေကြိမ်းက  အမျိုးသမီး (၄) ယောက်တွဲ အဖွဲ့ လိုက်  ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ နှင့်     တတိယဆုရရှိသူများကို လည်းကောင်း       ဂုဏ်ပြုဆုတံဆိပ် နှင့်   ဂုဏ်ပြုဆုငွေများ   ပေးအပ် ချီးမြှင့်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင် ခွန်စံလွင် က အမျိုးသား (၂)ယောက် တွဲ  အဖွဲ့လိုက်ပြိုင်ပွဲတွင်  ပထမ၊ ဒုတိယနှင့်  တတိယဆုရရှိသူများ ကိုလည်းကောင်း၊     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      အဖွဲ့ဝင်  ဒေါက်တာ ဘရွှေက အမျိုးသား (၃) ယောက်တွဲ  အဖွဲ့လိုက်ပြိုင်ပွဲ တွင်  ပထမ၊ ဒုတိယနှင့် တတိယ  ဆုရရှိသူများကို လည်းကောင်း၊  နိုင်ငံတော်           စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန် က အမျိုးသား (၄) ယောက်တွဲ အဖွဲ့လိုက်    ပြိုင်ပွဲတွင်     ပထမ၊ ဒုတိယနှင့်  တတိယဆုရရှိသူများကို လည်းကောင်း ဂုဏ်ပြုဆုတံဆိပ် နှင့်  ဂုဏ်ပြုဆုငွေများ  ပေးအပ် ချီးမြှင့်ကြသည်။
ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ပိုးရယ်အောင် သိန်းတို့က အမျိုးသမီးတံခွန်စိုက် ဆုဖလားရရှိသည့် မွန်ပြည်နယ် အသင်းနှင့် အမျိုးသားတံခွန်စိုက် ဆုဖလားရရှိသည့်  စစ်ကိုင်းတိုင်း ဒေသကြီးအသင်းတို့ကို တံခွန်စိုက် ဆုဖလား ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    အဖွဲ့ဝင်   ဒေါ်ဒွဲဘူက    စုပေါင်းတံခွန်စိုက်   ဆုဖလားရရှိသည့်  စစ်ကိုင်းတိုင်း ဒေသကြီးအသင်းကို    တံခွန်စိုက် ဆုဖလား ပေးအပ်သည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး  ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပြည်နယ်  နှင့်   တိုင်းဒေသကြီးများမှ   လာ ရောက်ယှဉ်ပြိုင်ကြသည့်     ပိုက် ကျော်ခြင်း   အားကစားသမားများ အချင်းချင်း     ချစ်ကြည်ရင်းနှီးမှု ရရှိပြီး  မျိုးချစ်စိတ်ဓာတ်  ရှင်သန် ထက်မြက်လာစေရေး၊     တစ်မျိုး သားလုံး  ကျန်းမာကြံ့ခိုင်စေရေး၊    မြန်မာ့ပိုက်ကျော်ခြင်း   အားကစား      အဆင့်အတန်း တိုးတက်မြင့်မား လာစေရေးနှင့်     နိုင်ငံကိုယ်စားပြု     မျိုးဆက်သစ် အားကစားသမား များ     ပေါ်ထွက်လာစေရေးအတွက်      ရည်ရွယ်၍ ပြိုင်ပွဲဝင်အမျိုးသား အသင်း    ၁၄   သင်း၊  အမျိုးသမီး အသင်း ၁၂ သင်း၊ အားကစားသမား  စုစုပေါင်း  ၂၆၂  ဦးဖြင့် နိုဝင်ဘာ  ၂၂  ရက်မှ ၃၀ ရက်အထိ   ကျင်းပခဲ့ ကြောင်းသိရသည်။   သတင်းစဉ်