
ဟိုပန် မေ ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ ဝင် ဦးရန်ကျော်သည် “ဝ” ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့်အတူ ယနေ့နံနက် ၉ နာရီခွဲ က “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင် ပန်လုံမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ပန်လုံမြို့ရှိ ဌာနဆိုင်ရာများ၊ ပညာရေးဌာနဝန်ထမ်း များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည် ချက်တွင် “ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး အတွက် လိုအပ်သည့် လူ့စွမ်းအားအရင်း အမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာ ရေးကဏ္ဍ မြှင့်တင်ရေး”ဆိုသည့် အချက် ကိုထည့်သွင်းဖော်ပြထားပါကြောင်း၊ ပညာ ရေးဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံသား တိုင်း KG+9 ပြီးဆုံးသည်အထိ အခြေခံ ပညာသင်ယူခွင့် ရရှိရေးအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၆၆ အရ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထားသော ပညာရေး ဆိုင်ရာမူဝါဒများနှင့်အညီ အခြေခံပညာ သင်ယူနိုင်ရေး၊ ကျောင်းနေအရွယ်ကလေး အားလုံး၊ ပညာသင်ယူရမည့် အရွယ် အာလုံးကျောင်းတက်ရောက်ရေး”စသည် တို့ကို နိုင်ငံတော်၏ ပညာရေးအခြေခံ မူဝါဒအဖြစ် ချမှတ်အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းတက်ရောက်နိုင်ရန် ဆရာ၊ မိဘ၊ ကျောင်းသား ကျောင်းသူများ၊ အုပ်ချုပ် ရေးအဖွဲ့အစည်းများမှ ပူးပေါင်း ဆောင်ရွက်ကြရန်၊ အခက်အခဲရှိပါက တိုင်း/ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်မှတစ်ဆင့် တင်ပြဆောင်ရွက် သွားရန် မှာကြားသည်။
ထို့နောက် ပန်လုံမြို့ အခြေခံပညာ အထက်တန်းကျောင်းအုပ်ကြီး ဒေါ်အက်စ် ခေါင်စေး က ပညာရေးကဏ္ဍဆိုင်ရာများကို တင်ပြသည်။ ဆက်လက်၍ အ.ထ.က (ပန်လုံ)သို့ ထောက်ပံ့ငွေကျပ် ၁၀ သိန်း နှင့် ကျောင်းသုံးပစ္စည်းများကို ထောက်ပံ့ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ပြီး တက်ရောက်လာသူများ ကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပန်လုံမြို့ရှိ ပြန်လည်ပြုပြင်မည့် ကြာကန်နေရာ နှင့် ယခင်ပန်လုံစော်ဘွားဟော်နန်း အဆောက်အဦကြံ့ခိုင်မှုကို ကြည့်ရှု စစ်ဆေးသည်။ ဆက်လက်၍ ပြည်သူ့ ဆေးရုံသို့ သွားရောက်ကာ ဆေးကုသမှု ခံယူနေသော လူနာများကို ကြည့်ရှု အားပေးပြီးထောက်ပံ့ပစ္စည်းများ ပေးအပ် သည်။ ထိုမှတစ်ဆင့် အမှတ်(၈)ရပ်ကွက်ရှိ နမ့်ခူရှဲ အမကကျောင်းသို့ သွားရောက်၍ ဆရာ ဆရာမများ၊ ကျောင်းသားမိဘများ နှင့် တွေ့ဆုံအားပေးစကား ပြောကြား သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်သည် ပန်ကောက် ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲသို့ ရောက်ရှိပြီး ပညာရေး ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ဒေသခံပြည်သူ များနှင့် တွေ့ဆုံကာ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းတက်ရောက်နိုင် ရန် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရေး ကို မှာကြားခဲ့ပြီး ကျောင်းအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် ကျောင်းသုံး ပစ္စည်းနှင့် ဝတ်စုံများကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။ သတင်းစဉ်