နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော် မိုင်းဆတ်ခရိုင် မိုင်းဆတ်မြို့နယ် ဝမ်ဟုန်ဒေသ ဟိုပန်/ဟိုရွက်ရှိ ဒေသခံ “ဝ” တိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံ

 

ဝမ်ဟုန်    စက်တင်ဘာ  ၁၉


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ်      ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊  တြိဂံဒေသ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း     ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ပိုင်းတွင် မိုင်းဆတ်ခရိုင် မိုင်းဆတ် မြို့နယ်    ဝမ်ဟုန်ဒေသရှိ      “ဝ” ပြည်သူ့ဆေးရုံ၌    ဆေးကုသမှု ခံယူနေသော “ဝ”တိုင်းရင်းသား ပြည်သူများကို   အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာ ပစ္စည်းများနှင့်    ဆေးရုံအတွက် ချီးမြှင့်ငွေများပေးအပ်ရာ ဆေးရုံ တာဝန်ရှိသူများက  လက်ခံရယူ ကြသည်။


ဆက်လက်၍ ဝမ်ဟုန်မြို့နယ် အစည်းအဝေးခန်းမ၌ ဒေသခံ “ဝ”  တိုင်းရင်းသားများနှင့် တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်    ဦးရန်ကျော်က   နိုင်ငံ တည်ငြိမ်အေးချမ်းမှုရှိမှ    ဒေသ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍ ဒေသခံ တိုင်းရင်းသားပြည်သူများ အနေ ဖြင့် ဒေသတည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်ပေး ကြရန် လိုအပ်ကြောင်း ပြောကြား သည်။
ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    အဖွဲ့ဝင် ဦးရွှေကြိမ်းက   ဒေသအတွက် လိုအပ်ချက်များကို တင်ပြပေးကြ ရန်နှင့် လူငယ်လူရွယ်များကို ဗလ ငါးတန်နှင့်အညီ ဖွံ့ဖြိုးတိုးတက် အောင်    ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ယင်းနောက်   “ဝ”   ဒေသခံ တိုင်းရင်းသားပြည်သူ တစ်ဦးက ဒေသလိုအပ်ချက်များ တင်ပြရာ ရှမ်းပြည်နယ်      ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တင်ပြချက် များအပေါ်     ဖြည့်ဆည်းဆောင် ရွက်ပေးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  အဖွဲ့ဝင် ဦးရန်ကျော်က   နိဂုံးချုပ်စကား ပြောကြားပြီး    ဝမ်ဟုန်ဒေသခံ “ဝ”  တိုင်းရင်းသားပြည်သူများ က      ဒေသထွက်အမှတ်တရ လက်ဆောင်ပစ္စည်းများ   ပေးအပ် ၍    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူ များက ဒေသခံ “ဝ” တိုင်းရင်းသား များအား     စားသောက်ဖွယ်ရာ ပစ္စည်းများ ပြန်လည်ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်     ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     အဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည်   ဟိုပန်၊  ဟိုရွက်ရှိ အစည်းအဝေးခန်းမ၌    ဒေသခံ “ဝ”တိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံ၍   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင်  ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်တို့က အမှာစကားပြောကြားပြီး ဒေသခံ များ၏ တင်ပြချက်များအပေါ် ရှမ်း ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော် အေးက    ဒေသလိုအပ်ချက်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကို     ကူညီဖြည့်ဆည်းဆောင်ရွက် ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက်   ဒေသခံ     “ဝ” တိုင်းရင်းသားပြည်သူ  တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြော ကြားပြီး  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊       ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် တာဝန်ရှိသူများက ဟိုပန်၊ ဟိုရွက် ဒေသခံ   “ဝ”   ပြည်သူများအား စားသောက်ဖွယ်ရာ  ပစ္စည်းများ ပေးအပ်ကြပြီး စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကြကြောင်း သိရ သည်။                        

သတင်းစဉ်