
လားရှိုး စက်တင်ဘာ ၁၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် လားရှိုးမြို့ မြို့တော် ခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်း သားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ စီးပွား ရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက နိုင်ငံတော်ကို ပခုံးပြောင်း တာဝန်ယူ ထမ်းဆောင်ကြမည့် လူငယ်များအနေဖြင့် ပညာတတ်မြောက်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အတွက် လူသားအရင်းအမြစ် ပညာတတ်များစွာ ပေါ်ထွက်လာရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားပြည်သူများအားလုံး စာတတ် မြောက်ရန်နှင့် အတတ်ပညာ၊ အသိပညာ များရရှိနိုင်ရန် အထူးအလေးထား ဆောင် ရွက်လျက်ရှိပါကြောင်း။
ယနေ့ခေတ်သည် ပညာခေတ် ဖြစ်သောကြောင့် ပညာတတ်မြောက်မှသာ ဘဝရပ်တည်ရေးကို စိတ်အေးချမ်းသာ စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အကျုံးဝင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသော ကုန်ထုတ်လုပ်ငန်းများကို မြှင့်တင်ရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရန်နှင့် ပြည်သူတစ်ရပ် လုံး၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုစီးပွားဘဝ တိုးတက်အောင်မြင်အောင် ဆောင်ရွက်ရာတွင် ပညာရေးနှင့် ကျန်းမာ ရေးကဏ္ဍနှစ်ရပ် ပါဝင်ပါကြောင်း၊ ထို့ကြောင့် ပညာရေးကို မဖြစ်မနေ တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ် သကဲ့သို့ ပြည်သူအားလုံး ကျန်းမာ ရေး ကောင်းမွန်စေရေးအတွက်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြား သည်။ (အပေါ်ယာပုံ)
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံတော် တည်ဆောက်ရေးတွင် လိုအပ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူ များက တိုင်းရင်းသားစာပေယဉ်ကျေးမှု၊ သင်ရိုးညွှန်းတမ်း၊ ပညာရေး၊ စားဝတ်နေ ရေး၊ စက်မှုဇုန်၊ မွေးမြူရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီး ချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေး ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းရင်းသား စာပေ ယဉ်ကျေးမှုအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေ များ ပေးအပ်ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များသည် လားရှိုးမြို့ မန်ဆူရှမ်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တတ ပုညနန္နအား သွား ရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထု ပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်