
နေပြည်တော် စက်တင်ဘာ ၁၄
NGO/INGOများ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ် လွယ်ကူချောမွေ့စေ ရေးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ Hotel Max၊ Kumudra Ballroom ၌ ကျင်းပ ရာ ပြည်ထောင်စုမှတ်ပုံတင်ရေး အဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တက်ရောက်အမှာစကား ပြော ကြားသည်။ (ယာပုံ)
အလုပ်ရုံဆွေးနွေးပွဲသို့ ပြည် ထောင်စု မှတ်ပုံတင်ရေးအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာန နှင့် အဖွဲ့အစည်းများမှ အမြဲတမ်း အတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီး အကဲများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များမှ တာဝန်ရှိသူ များ၊ ပြည်တွင်းအသင်းအဖွဲ့များ နှင့် အစိုးရမဟုတ်သော နိုင်ငံ တကာအသင်းအဖွဲ့များမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။
မဖြစ်မနေဆောင်ရွက်
ရှေးဦးစွာ ပြည်ထောင်စုမှတ်ပုံ တင်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့်က ယနေ့ ကျင်းပ ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ သည် အသင်းအဖွဲ့များအနေဖြင့် မှတ်ပုံတင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လွယ်ကူ လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင် ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဖြေရှင်းပေးနိုင်ရန် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ် သည့်အတွက် ကျေးလက်ဒေသ များ၊ နယ်စပ်ဒေသများ၊ ဝေးလံ ခေါင်သီသောဒေသများ၏ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် အသင်းအဖွဲ့များ၏ အားကိုရယူရပါကြောင်း၊ အသင်း အဖွဲ့များကလည်း ဥပဒေနှင့်အညီ အကူအညီပေးနိုင်ရန် အတွက် မှတ်ပုံတင်ရေး လုပ်ငန်းစဉ်ကို မဖြစ်မနေဆောင်ရွက်ရန် လိုအပ် ပါကြောင်း။
ထိုသို့ မှတ်ပုံတင်လျှောက်ထား ရာတွင် အစိုးရဌာနအဖွဲ့အစည်း များ၏ ထောက်ခံချက်များရယူရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ ဌာနများအနေဖြင့် ဌာနအဖွဲ့အစည်း ၏ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စိစစ်ပြီး မြန်ဆန်စွာ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ မြန်မာနိုင်ငံရှိ အသင်းအဖွဲ့များ ၏ အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်မှုအပေါ် အကဲဖြတ် သတ်မှတ်သည့် အာရှ-ပစိဖိတ် ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက် ရေးအဖွဲ့၏ နိုင်ငံအချင်းချင်း အပြန်အလှန် အကဲဖြတ်မှုအစီရင် ခံစာအရ ပရဟိတအဖွဲ့အစည်းများ သည် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့ရာ၌ အသုံးချခံရနိုင်ခြေ များသည့်အတွက် ငွေကြေးခဝါချ မှုတိုက်ဖျက်ရေးဆိုင်ရာ စံနှုန်းများ ကို လိုက်နာဆောင်ရွက်မှုအားနည်း သည်ဟု သတ်မှတ်ခံထားရပါ ကြောင်းနှင့် အကူအညီပေးနေ သည့် အဖွဲ့အစည်း၊ နိုင်ငံများက INGO/ NGO များကို အသုံးချပြီး တရားမဝင် ကိစ္စရပ်များအတွက် ထောက်ပံ့မှုများ မဖြစ်စေရန်လည်း လိုအပ်ပါကြောင်း၊ ထို့ကြောင့် INGO နှင့် NGO များအနေဖြင့် အကူအညီပေးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု မှတ်ပုံတင်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများသည် NGO/ INGO များ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် လွယ်ကူချောမွေ့စေရေးအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာ ကြသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က အသင်းအဖွဲ့မှတ်ပုံတင်လျှောက်ထားခြင်း နှင့်စပ်လျဉ်း၍ သိကောင်းစရာများ ကိုလည်းကောင်း၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးက ပရဟိတ အသင်းအဖွဲ့များနှင့် သက်ဆိုင် သည့် ငွေကြေးခဝါချမှုနှင့် အကြမ်း ဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ သိကောင်း စရာများကိုလည်းကောင်းရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ အလုပ်ရုံဆွေးနွေး ပွဲသို့ တက်ရောက်လာကြသည့် အသင်းအဖွဲ့များမှ တာဝန်ရှိသူ များက NGO/INGO များ မှတ်ပုံ တင်ခြင်းလုပ်ငန်းစဉ် လွယ်ကူ ချောမွေ့စေရေးနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်း အကြံပြုဆွေးနွေးကြရာ သက်ဆိုင် ရာကဏ္ဍအလိုက် တာဝန်ရှိသူ များက ပြန်လည်ဖြေကြားပြီး ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့ အတွင်းရေးမှူး၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်း ဆွေးနွေးသည်။
သတင်းစဉ်