
လွိုင်ကော် စက်တင်ဘာ ၁၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယား ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများ သည် ယနေ့နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်သည့် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။
ပူးပေါင်းဆောင်ရွက်ပေး
ရှေးဦးစွာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပိုးရယ်အောင်သိန်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည် ချက် (၉)ရပ်နှင့်အညီ တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးရရှိ ရေးအပြင် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး၊ လူငယ်မျိုးဆက် သစ်များ ဗလငါးတန်နှင့် ပြည့်စုံစေ ရေးနှင့် ဘာသာရေးဆိုင်ရာ လိုအပ်ချက်များအတွက် ညီညီ ညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ပေး ကြရန် လိုအပ်ကြောင်း၊ ဘာသာ ရေးအသင်းအဖွဲ့ ခေါင်းဆောင်များ အနေဖြင့် အခက်အခဲများ၊ လိုအပ် ချက်များနှင့် ဒေသတည်ငြိမ် အေးချမ်းရေးအတွက် ကောင်းမွန် သည့်အကြံပြုချက်များကို ရင်းနှီး စွာ ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်က ဒေသအတွင်း တည်ငြိမ် အေးချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူ များ၏အားဖြင့် ပူးပေါင်းဆောင်ရွက် မည့်အခြေအနေများ၊ ဘာသာ ပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ လုပ်ငန်းများပုံမှန်ဆောင်ရွက် နိုင်ရေး ပံ့ပိုးဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးသည်။
ယင်းနောက် ဘာသာရေး အသင်းအဖွဲ့ ၁၁ ဖွဲ့မှ ခေါင်းဆောင် များက ဘာသာအလိုက် လုပ်ငန်း ဆောင်ရွက်နေမှုများ ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် လိုအပ်ချက်များကို ဆွေးနွေး တင်ပြခဲ့ကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲ ရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဘာသာရေး အသင်းအဖွဲ့များအတွက် ထောက်ပံ့ ငွေများ ပေးအပ်ကြသည်။
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်က ဘာသာရေး အသင်းအဖွဲ့ခေါင်းဆောင်များ၏ တင်ပြချက်များအပေါ် ဖြည့်စွက် ဆွေးနွေးကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ပြီး ဘာသာရေးခေါင်းဆောင်များ နှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် လွိုင်ကော်မြို့ သန့်ရှင်းသာယာ လှပရေးအတွက် ဆောင်ရွက်ထားရှိသည့် အခြေ အနေများ၊ ပြည်သူများ အပန်းဖြေ စရာ အဓိကနေရာတစ်ခုဖြစ်သော နောင်ယားကန်သာ သန့်ရှင်း သာယာလှပရေးအတွက် ဆောင် ရွက်ထားရှိသည့် အခြေအနေများ ကို လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် သီရိမင်္ဂလာဗဟို ဈေးကြီးသို့ သွားရောက်၍ ဆန်၊ အသား၊ ငါး၊ ပဲအမျိုးမျိုး၊ အခြေခံ စားသောက်ကုန်များ၊ လူသုံးကုန် ပစ္စည်းအမျိုးမျိုးတို့ ရောင်းချနေမှု များကို လှည့်လည်ကြည့်ရှုပြီး ဈေးဝယ်ပြည်သူများနှင့် ဈေး ရောင်းချသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြော ကြားသည်။
ယင်းနောက် သီရိမင်္ဂလာ ဗဟိုဈေးကြီး ဈေးရုံးခန်းမ၌ စျေးကော်မတီဝင်များ၊ စျေးအကျိုး တော်ဆောင်များ၊ စျေးသူဈေးသား များနှင့်တွေ့ဆုံပြီး ပြည်နယ် ဝန်ကြီးချုပ်က လုံခြုံရေးအခြေ အနေအရ ဖွင့်လှစ်နိုင်ခြင်းမရှိသည့် ဈေးဆိုင်ခန်းများပြန်လည်ဖွင့်လှစ် နိုင်ရေးဆောင်ရွက်ပေးမှု အခြေ အနေများနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းဆွေးနွေး ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဈေးအတွင်း ဆောင်ရွက်နေသည့် ဈေးရုံ နှစ်ရုံ အသစ်တည်ဆောက်ခြင်း၊ အသား/ ငါး၊ ယင်လုံဈေးရုံ တည်ဆောက်ခြင်းနှင့် ဈေးရုံ ၁၂ ရုံ အမိုးပြုပြင်ဆောင်ရွက်ပြီးစီးမှု များကို ကြည့်ရှုစစ်ဆေးကြ သည်။
ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် သီရိမင်္ဂလာတောင် တော်(တောင်ကွဲစေတီ) သို့ သွား ရောက် ဖူးမြော်ကြည်ညို၍ အလှူ ငွေများ ပေးအပ်လှူဒါန်းရာ ဂေါပက အဖွဲ့များက လက်ခံရယူကြသည်။ ယင်းနောက် သီရိရတနာဓမ္မာရုံ အဘယမုဒြာဂန္ဓကုဋိတိုက် တည် ဆောက်နေမှုများကို ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
သတင်းစဉ်