နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း ကယားပြည်နယ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ပြည်နယ်အဆင့်) ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်ချီးမြှင့်

 

လွိုင်ကော်   စက်တင်ဘာ   ၁၄


ကယားပြည်နယ်  ၂၀၂၃  ခုနှစ်  (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊  အတီးပြိုင်ပွဲ    (ပြည်နယ်အဆင့်) ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့   နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ပိုးရယ်အောင်သိန်း၊ ကယားပြည် နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီး ချုပ်    ဦးဇော်မျိုးတင်၊     ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသ ကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊     ပြည်နယ်အမျိုးသမီး ရေးရာကော်မတီ၊    ပြိုင်ပွဲကျင်းပ ရေးဦးစီးကော်မတီ၊        လုပ်ငန်း ကော်မတီနှင့်      ဆပ်ကော်မတီ အသီးသီးမှ      ကော်မတီဝင်များ၊ ပြိုင်ပွဲအကဲဖြတ်    ပညာရှင်ဒိုင် ချုပ်နှင့်  ဒိုင်များ၊   ပြိုင်ပွဲဝင်များ နှင့်   မိသားစုဝင်များ၊    အနုပညာ ချစ်မြတ်နိုးသည့်   တိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။
ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်
ရှေးဦးစွာ    ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်မျိုးတင်က    အဖွင့်အမှာ စကားပြောကြားရာတွင် ယခုနှစ် ပြည်နယ်အဆင့်ပြိုင်ပွဲတွင် ပညာ ရှင်နှင့်ဝါသနာရှင် စုစုပေါင်း ပြိုင်ပွဲ ဝင်ဦးရေ   ၃၆၉  ဦး  ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး      ဆုချီးမြှင့်ပွဲ အခမ်းအနား၌ အဆို၊ အက၊ အရေး၊ အတီး ကဏ္ဍအလိုက် ဆုရရှိသူများ ကို   ထိုက်ထိုက်တန်တန်  ဂုဏ်ပြု ချီးမြှင့်မည်ဖြစ်ပါကြောင်း၊    ပြည် ထောင်စုအဆင့်တွင်   အောင်မြင်မှု ဆုတံဆိပ်များကို           ပြည်နယ် ဂုဏ်ဆောင်အနေဖြင့် ဆွတ်ခူးရရှိ စေရန်         မျိုးဆက်သစ်များကို နည်းပြများဖြင့် အနီးကပ်လေ့ကျင့် သင်ကြားပေးသွားမည်    ဖြစ်ပြီး ပြည်နယ်     အစိုးရအဖွဲ့အနေဖြင့် လိုအပ်ချက်များ ပံ့ပိုးဖြည့်ဆည်း  ဆောင်ရွက်ပေးသွားမည်   ဖြစ်ပါ ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ သည် တည်ရှိနေဆဲဖြစ်သည့် ရိုးရာ ယဉ်ကျေးမှု  အနုသုခုမပညာရပ် များ  မတိမ်မြုပ်၊   မပျောက်ပျက် အောင်    ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ပေးနေခြင်းဖြစ်၍    ပြည် နယ်သူ  ပြည်နယ်သား အားလုံးက ဂုဏ်ပြု      ကြိုဆိုအားပေးရမည်    ဖြစ်ပါကြောင်း ပြောကြားသည်။
ပေးအပ်ချီးမြှင့်
ထို့နောက်      နိုင်ငံတော်စီမံ  အုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင်၊  ပြည်နယ်ဝန်ကြီးချုပ်နှင့်  တာဝန် ရှိသူများက  ၂၀၂၃  ခုနှစ်၊  ကယား ပြည်နယ် (၂၄) ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု  အဆို၊  အက၊     အရေး၊   အတီးပြိုင်ပွဲ    (ပြည်နယ် အဆင့်)   ၌    ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေ၊ ဆုတံဆိပ်နှင့်  ဂုဏ်ပြု     မှတ်တမ်းလွှာများကို  ပေးအပ်ချီးမြှင့်ကြပြီး    ပြည်နယ် ဝန်ကြီးချုပ်က ဒိုင်ချုပ်နှင့် အကဲ ဖြတ်ဒိုင်များအား ဂုဏ်ပြုချီးမြှင့်ငွေ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်သည်။ (ယာပုံ)
ရင်းရင်းနှီးနှီးနှုတ်ဆက်
ယင်းနောက်        ပြိုင်ပွဲတွင် ဆုရရှိကြသည့်   အဆို၊     အက၊ အရေး၊ အတီးအဖွဲ့များ၏ ဖျော်ဖြေ တင်ဆက်မှုများကို        ကြည့်ရှု အားပေးကြပြီး     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     အဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက  ပြိုင်ပွဲဝင်အဖွဲ့များနှင့်  ပြိုင်ပွဲဝင်မိသားစုများအား ရင်းရင်း နှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     အဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် နည်းပညာတက္ကသိုလ် (လွိုင်ကော်)   နှင့်   အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်) သို့ သွားရောက်၍ တည်ဆောက်ရေး  လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကြသည်။ 
ပေါင်းစပ်ညှိနှိုင်း
ရှေးဦးစွာ             နည်းပညာ တက္ကသိုလ် (လွိုင်ကော်) ၌ ကျောင်း ပရဝဏ်အတွင်း     ကျောင်းသား ၁၆၀   ဆံ့   နှစ်ထပ်အိပ်ဆောင် ဆောက်လုပ်နေမှုကို       ကြည့်ရှု စစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ် က အရည်အသွေး ကောင်းမွန်စေ ရေး သက်ဆိုင်ရာတာဝန်ရှိသူများ က ကြီးကြပ်ဆောင်ရွက်သွားကြ ရန်နှင့် ကျောင်းသား ကျောင်းသူ များ     အဆင်ပြေ    ချောမွေ့စွာ နေထိုင်၍ ပညာသင်ကြားနိုင်ရေး  အတွက်   စနစ်တကျ  စီမံဆောင် ရွက်ပေးသွားကြရန်    မှာကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က   လိုအပ်သည်များကို  ပေါင်းစပ်ညှိနှိုင်း       ဆောင်ရွက် ပေးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် အားကစားနှင့် ကာယ ပညာသိပ္ပံ (လွိုင်ကော်) ၌ ကျောင်း အုပ်ကြီး၊     ဆရာ၊    ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍     နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်က       အမှာ စကားပြောကြားပြီး  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်        ဝန်ကြီးချုပ်တို့က အားကစားနှင့် ကာယပညာသိပ္ပံ    (လွိုင်ကော်)   အတွက်    ထောက်ပံ့ ငွေများ  ပေးအပ်ကြကာ   ဆရာ    ဆရာမများ၊         သင်တန်းသား သင်တန်းသူများကို  ရင်းရင်းနှီးနှီး     နှုတ်ဆက်စကား  ပြောကြားသည်။
ထို့နောက်ခန်းမအတွင်း  ခင်း ကျင်း  ပြသထားသော  အားကစား လှုပ်ရှားမှုဆိုင်ရာ မှတ်တမ်းဓာတ်ပုံ များ၊ အားကစားနည်းများအလိုက် အသုံးပြုသောပစ္စည်းများ၊ ကျောင်း ဝင်းအတွင်းရှိ       သင်တန်းသား  သင်တန်းသူများ၏    အိပ်ဆောင်၊ စာကြည့်တိုက်၊  ကွန်ပျူတာခန်း နှင့်          အားကစားခန်းမအတွင်း  အားကစားနည်းများ     အလိုက်    လေ့ကျင့်ဆောင်ရွက်နေမှုများကို     လှည့်လည်ကြည့်ရှု အားပေးကြ ကာ  ပြည်နယ်ဂုဏ်ဆောင်၊ နိုင်ငံ့ ဂုဏ်ဆောင်  ထူးချွန်အားကစား သမားများဖြစ်အောင်        ကြိုးစား သွားကြရန်    မှာကြားခဲ့ကြောင်း သိရသည်။                

သတင်းစဉ်