
ဘားအံ စက်တင်ဘာ ၉
သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ ရောစပ်စုပေါင်း ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲနှင့် မိုးစပါးစိုက် တောင်သူများအား မြေဩဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ် ဘားအံမြို့ ထောင်ဝိကျေးရွာ တောင်သူ ဦးဝင်းတင်၏ မိုးစပါး ၅ ဧက စိုက်ကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ခွန်စံ လွင်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးကြ သည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က စားရေရိက္ခာဖူလုံ မှသာ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးသာယာဝပြော လာမည်ဖြစ်ကြောင်း၊ စားရေရိက္ခာဖူလုံရန် အတွက် လယ်ယာမြေများကို လှပ်မြေမထားဘဲ လျာထားချက် ပြည့်မီကျော်လွန်အောင် စိုက်ပျိုးကြရန်လိုကြောင်း၊ သီးနှံထုတ်လုပ်မှုမြင့်မားစေရေး၊ ဝင်ငွေတိုးတက်စေ ရေး၊ ဈေးကွက်နှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင် ရေးအတွက် သီးနှံအမယ်စုံ စိုက်ပျိုးကြရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ပြင် စိုက်ပျိုးရေးကို အခြေခံသည့်စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်လာ စေရန်အတွက် အရည်အသွေးနှင့် အထွက်နှုန်းကောင်း ပြီး ဈေးကွက်အလားအလာရှိသည့် သီးနှံများကို နှစ်သီးမှ သုံးသီးအထိ စိုက်ပျိုးနိုင်အောင်ကြိုးစား ကြစေလိုကြောင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေ ဩဇာကို အချိုးကျသုံးစွဲတတ်သည့် စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများကို လိုက်နာကျင့်သုံး ကြရန်လိုကြောင်း၊ အပင်အတွက် လိုအပ်သည့် အာဟာရဓာတ်ကို အချိန်ကိုက်အချိုးကျသုံးစွဲမှသာ အထွက်ကောင်းအရည်အသွေးကောင်း ထုတ်ကုန် များကို ထုတ်လုပ်လာနိုင်မည်ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ဒေသတွင်းစားရေရိက္ခာဖူလုံရေးနှင့် လယ်ယာသားငါး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး နှင့် ပြည်နယ်များ၏လိုအပ်ချက်၊ တောင်သူလယ် သမားများ၏ လိုအပ်ချက်များကိုရှေးရှုပြီး အဘက် ဘက်မှ အားပေးကူညီသွားမည်ဖြစ်သည့်အပြင် တောင်သူလယ်သမားအကျိုးစီးပွား မြှင့်တင်ရေးနှင့် အခွင့်အရေး ကာကွယ်ရေးလုပ်ငန်းများကို အစဉ် တစိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြော ကြားသည်။
ထောက်ပံ့ပေးအပ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ ပြည်နယ်ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများသည် တရုတ်လှ၊ ထောင်ဝိ၊ ရဲသာ၊ ဘားကပ်၊ မြိုင်ကလေး၊ ကော့ထမလိန်း၊ ကော့ လှိုက်၊ ရသေ့ပျံ၊ တော်ပုံကျေးရွာတို့မှ မိုးစပါးစိုက် တောင်သူများကို ယူရီးယားဓာတ်မြေဩဇာအိတ် ၁၀၀ နှင့် သဘာဝမြေဩဇာအိတ် ၁၀၀ တို့ကို ထောက်ပံ့ ပေးအပ်ရာ တောင်သူကိုယ်စားလှယ်တစ်ဦးက လက်ခံ ရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် တောင်သူများ၏ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ ရောစပ်စုပေါင်းကြဲပက်ခြင်း ကွင်း သရုပ်ပြပွဲကို ကြည့်ရှုအားပေးကြပြီး အခမ်းအနား သို့ တက်ရောက်လာသောယဉ်ကျေးမှုအဖွဲ့များကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ဘားအံမြို့ ဇွဲကပင် ခန်းမ၌ တွေ့ဆုံသည်။ (အပေါ်ပုံ)
တွေ့ဆုံပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ ကြိုးပမ်း ဆောင်ရွက်ချက်များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏သဘောထားတို့ကို ရှင်းလင်းပြောကြား သည်။
တင်ပြဆွေးနွေး
ဆက်လက်၍ မြို့မိမြို့ဖများ၊ နိုင်ငံရေး ပါတီများ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက ငြိမ်းချမ်း ရေး၊ တိုင်းရင်းသားစာပေသင်ကြားမှုဖွံ့ဖြိုးရေး၊ ပညာ ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားကြပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိဂုံးချုပ်အမှာစကားပြောကြားပြီး ကရင် တိုင်းရင်းသားရိုးရာ ဒုံးအက ဖျော်ဖြေရေးအဖွဲ့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ခွန်စံလွင်သည် ကရင်ပြည်နယ် အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယနေ့ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၃)ရပ်ကွက်ရှိ မဲဘောင်ကျောင်းတိုက်သို့ သွားရောက်ပြီး မဲဘောင်ကျောင်းတိုက်ဆရာတော် အား ဖူးမြော်ကြည်ညိုကာ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း သည်။
ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ခွန်စံလွင်သည် ရိုးရာယဉ်ကျေးမှုအကဖြင့် ကြိုဆိုနှုတ်ဆက်ကြသည့် ပအိုဝ်းယဉ်ကျေးမှုအဖွဲ့ကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်သည် ဒေသခံပအိုဝ်းတိုင်းရင်းသားများနှင့် မဲဘောင်ကျောင်းတိုက်၌တွေ့ဆုံပြီး ငြိမ်းချမ်းရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ စားဝတ်နေရေး၊ ပအိုဝ်းတိုင်းရင်းသားများ၏ လူ့စွမ်းအားအရင်းမြစ် များဖြင့် နိုင်ငံအကျိုး သယ်ပိုးဆောင်ရွက်ရေးနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ဆောင်ရွက် ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြား သည်။
ထို့နောက် ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာ အုပ်စု(၆) စုမှ ပအိုဝ်းတိုင်းရင်းသားများကိုယ်စား ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပအိုဝ်းတိုင်းရင်းသားများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့်ပတ်သက်၍ လည်းကောင်း၊ တက်ရောက်လာသော ပအိုဝ်းတိုင်းရင်းသားပြည်သူ များက ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လိုအပ်ချက် များကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်