နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်  ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားတက်ရောက်

 

ပုသိမ်   ဩဂုတ်   ၁၆
ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို   မအူပင် မြို့နယ်  တိုးရွှေဝါခန်းမ၌  ယနေ့ နံနက်ပိုင်းကကျင်းပရာ ဆရာတော် သံဃာတော်များ ကြွရောက်တော် မူကြပြီး ဘာသာရေးခေါင်းဆောင် များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်   မန်းငြိမ်းမောင်၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေး      ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့်   ဇနီး၊ တိုင်းဒေသကြီး    ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်            ဇနီး၊ တိုင်းရင်းသား        လူမျိုးများရေးရာ ဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်     ဝန်ကြီးများနှင့် ဇနီးများ၊   ဌာနဆိုင်ရာများနှင့် ကရင်တိုင်းရင်သား တိုင်းရင်းသူ များ တက်ရောက်ကြသည်။
ဖားစည် (၉) ချက်တီး၍    ဖွင့်လှစ်ပေး
ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်    မန်းငြိမ်း မောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ    ဗဟိုအကြံပေးအဖွဲ့ ခေါင်းဆောင်        ဦးစောထွန်း အောင်မြင့်နှင့်      တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့က ဖားစည် (၉) ချက်တီး၍    အခမ်း အနားကို ဖွင့်လှစ်ပေးသည်။
အမှာစကားပြောကြား
ထို့နောက်    နိုင်ငံတော်စီမံ  အုပ်ချုပ်ရေးကောင်စီ     အဖွဲ့ဝင် မန်းငြိမ်းမောင်က   ယနေ့ကျင်းပ သည့်    ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့   မင်္ဂလာအခမ်းအနား တွင် ယခုကဲ့သို့ တိုင်းရင်းသားများ စုစုစည်းစည်း ပြန်လည်တွေ့ဆုံရ သည်မှာ  ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသည်ဟု  ပြောရမည်ဖြစ်ပါ ကြောင်း၊  တိုင်းရင်းသားစည်းလုံး ညီညွတ်မှုသည်     ယနေ့ခေတ် အချိန်အခါတွင်   ပိုမိုအရေးကြီး လာပါကြောင်း၊       တိုင်းပြည်၏ အချုပ်အခြာအာဏာ၊    တည်ငြိမ် အေးချမ်းရေးကို   ထိပါးနိုင်သည့် စိန်ခေါ်မှုများကို    တိုင်းရင်းသား အားလုံး၏  စည်းလုံးညီညွတ်မှုဖြင့် ဖြတ်ကျော်ကြရမည်  ဖြစ်ကြောင်း၊  ကရင်ရိုးရာ         ချည်ဖြူဖွဲ့ပွဲသည်     ကရင်တစ်မျိုးသားလုံး   ပိုင်ဆိုင် သည့် ယဉ်ကျေးမှုအမွေအနှစ်ဖြစ် ပါကြောင်းနှင့်           ဘာသာမရွေး၊ ဒေသမရွေးဘဲ            ထိန်းသိမ်း စောင့်ရှောက်ရန်    တာဝန်ရှိပါ ကြောင်း၊ ချည်ဖြူဖွဲ့ပွဲသည် ကရင် တစ်မျိုးသားလုံးအား    ပြန်လည် စုစည်းပေးသည့်    အခမ်းအနား ဖြစ်ပြီး  ယနေ့အခမ်းအနားတွင် တိုင်းဒေသကြီးအတွင်းရှိ ကရင် လူမျိုးများ စုစုစည်းစည်း ညီညီ ညွတ်ညွတ်           တွေ့ရှိသည်မှာ ဝမ်းမြောက်ပါကြောင်း၊ တိုင်းပြည် ငြိမ်းချမ်း၊  အေးချမ်းရန်အတွက် လည်း တိုင်းပြည်၌နေထိုင်သည့် တစ်မျိုးသားလုံးအနေဖြင့် တာဝန် ရှိပါကြောင်း   အဖွင့်နှုတ်ခွန်းဆက် အမှာစကားများ           ပြောကြား သည်။  (အပေါ်ပုံ)
ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     ဗဟိုအကြံ ပေးအဖွဲ့ခေါင်းဆောင်     ဦးစော ထွန်းအောင်မြင့်နှင့်   တိုင်းဒေသ ကြီးဝန်ကြီးချုပ်     ဦးတင်မောင်ဝင်း တို့က နှုတ်ခွန်းဆက်အမှာစကား များ ပြောကြားကြသည်။
ဆက်လက်၍  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင်နှင့် ဧည့်သည်တော်များသည် ကရင် တိုင်းရင်းသား  ရိုးရာအကများဖြင့် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေး ကြသည်။
ထို့နောက်    မအူပင်မြို့နယ် ကရင်တိုင်းရင်းသား        စာပေနှင့် ယဉ်ကျေးမှုအသင်း   ဦးစီးပဓာန နာယကဆရာတော် ဥူးနန္ဒမာလာ က        အမှာစကားပြောကြားပြီး ချည်ဖြူဖွဲ့မင်္ဂလာ (စုပေါင်းလိပ်ပြာ ခေါ်ပွဲ) အကြောင်း Dr.နန့်သီတာ ကျော်က ဖတ်ကြားသည်။
စည်ကားစွာကျင်းပ
ယင်းနောက်    ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ဆက်လက် ပြုလုပ်ရာ   ကရင်တိုင်းရင်းသား စာပေနှင့်   ယဉ်ကျေးမှုအသင်း လူငယ်များက   ချည်ဖြူဖွဲ့ပစ္စည်း များသယ်ဆောင်ခြင်း၊  ချည်ဖြူဖွဲ့ ပေးမည့်            ဘိုးဘွားများအား စနစ်တကျ     ဖိတ်ခေါ်ခြင်းများ ဆောင်ရွက်ကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့် ဧည့်သည်တော်များအား ဘိုးဘွား များက ကရင်ရိုးရာချည်ဖြူဖွဲ့ ပေးခဲ့ ကြပြီး (ဝဲပုံ) ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို     အစီအစဉ်အတိုင်း    စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။
ဆက်လက်၍    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည်   မအူပင်မြို့    မှန်ပင် ပရိယတ္တိစာသင်တိုက်၌       တိုင်း ဒေသကြီးအတွင်းရှိ   မြို့နယ် ၂၆ မြို့နယ်မှ        ကရင်စာပေနှင့်  ယဉ်ကျေးမှု         အသင်းများ၊            တက္ကသိုလ်အသီးသီးမှ    ကရင် တိုင်းရင်းသား          ကျောင်းသား ကျောင်းသူများနှင့်            တွေ့ဆုံပြီး နိုင်ငံတော်         စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က တိုင်းရင်းသား အားလုံးသည် မိမိတို့၏   စာပေ ယဉ်ကျေးမှု   အမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်ကြရမည် ဖြစ်ပြီး     တိုင်းရင်းသားအားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် အေးအတူပူအမျှ လက်တွဲနေထိုင် ရန်လိုပါကြောင်း      တိုက်တွန်း အမှာစကား         ပြောကြားပြီး   နိုင်ငံတော်        စီမံအုပ်ချုပ်ရေး ကောင်စီ    ဗဟိုအကြံပေးအဖွဲ့ ခေါင်းဆောင်      ဦးစောထွန်း အောင်မြင့်နှင့်   တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့က အားပေးစကားများ ပြောကြား၍ စုပေါင်း  မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)