နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နိုင်ငံတကာစစ်ဘက်နည်းပညာဖိုရမ်(International Military Technical Forum) (ARMY-2024)သို့ တက်ရောက်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း
ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နိုင်ငံတကာစစ်ဘက်နည်းပညာဖိုရမ်(International Military Technical Forum)
(ARMY-2024)သို့ တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

နေပြည်တော်    ဩဂုတ်    ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊      ဒုတိယဝန်ကြီးချုပ် နှင့်   ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း     ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်    ရုရှား ဖက်ဒရေးရှင်းနိုင်ငံ  မော်စကိုမြို့ ကူဘင်ကာဒေသတွင်    ကျင်းပခဲ့ သည့်    နိုင်ငံတကာ     စစ်ဘက် နည်းပညာဖိုရမ် (International Military    Technical   Forum)(ARMY-2024) သို့  တက်ရောက်ခဲ့ ပြီး ယမန်နေ့ ညပိုင်းတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံမှ ရန်ကုန်မြို့ သို့ လေကြောင်းခရီးဖြင့် ပြန်လည် ရောက်ရှိရာ   ရန်ကုန်တိုင်းဒေသ ကြီး    ဝန်ကြီးချုပ်      ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တပ်မတော် အရာရှိကြီးများ၊     မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စစ်သံရုံးမှ စစ်သံမှူးနှင့် တာဝန်ရှိ သူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌    ကြိုဆိုခဲ့ကြ သည်။ (ယာပုံ)
ဒုတိယဝန်ကြီးချုပ်နှင့် ပြည် ထောင်စုဝန်ကြီး   ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၁၂ ရက် နံနက်ပိုင်းတွင်    နိုင်ငံ တကာစစ်ဘက်နည်းပညာဖိုရမ် (International Military Tech-nical Forum) (ARMY-2024)ဖွင့်ပွဲ အခမ်းအနားနှင့်        မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ခဲ့ သည်။  
လှည့်လည်ကြည့်ရှု
ဖွင့်ပွဲအခမ်းအနားတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံသမ္မတ Vladi-mir Putin  က Video Conferen-cing   ဖြင့်    မိန့်ခွန်းပြောကြားခဲ့ ပြီး    ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးက   အဖွင့် အမှာစကားပြောကြား၍   Army Forum 2024 ကို  ဖွင့်လှစ်ပေးခဲ့ သည်။  ယင်းနောက်   ဖိတ်ကြား ထားသော  ကုမ္ပဏီများမှ   တာဝန် ရှိသူများက   သက်ဆိုင်ရာပြခန်း အသီးသီးတွင်    ပြသထားသည့် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ် မှုအခြေအနေ၊   ထုတ်လုပ်ထားရှိ သည့်   စစ်လက်နက်ပစ္စည်းများ ၏     စွမ်းဆောင်နိုင်မှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြ ပြီး   ပြခန်းအတွင်း    ခင်းကျင်း ပြသထားသည့်    စစ်လက်နက် ပစ္စည်းများ၊ စစ်သုံးယာဉ်များကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ဩဂုတ် ၁၃ ရက် နံနက်ပိုင်း၌ Army 2024   ဖိုရမ်   ပြခန်းများ ခင်းကျင်းပြသထားမှုကို  ဒုတိယ နေ့အဖြစ် သွားရောက်ကြည့်ရှုခဲ့ရာ သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန် ရှိသူများက      သတင်းအချက် အလက်      စီမံခန့်ခွဲမှုစနစ်နှင့် ခေတ်သစ်စစ်ပွဲတွင် အသုံးပြုနေ သည့် သတင်းလုံခြုံမှုစနစ်ဆိုင်ရာ ဆောင်ရွက်ထားရှိမှု   အခြေအနေ များ၊ Drone  နှင့်   Anti Drone နည်းပညာဆိုင်ရာ     ပစ္စည်းများ၊ အဆင့်မြင့်ထုတ်လုပ်ထားသည့် လက်နက်/ခဲယမ်းဆိုင်ရာ ပစ္စည်း များကို      ရှင်းလင်းတင်ပြခဲ့ပြီး ပြခန်းအတွင်း     ပြသထားသည့် တိုက်ခိုက်ရေးယာဉ်များ၊     စစ် လက်နက်ပစ္စည်းများ၊ UAV နှင့် Drone များကို ကြည့်ရှုလေ့လာခဲ့ ကြသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ညနေပိုင်းတွင် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ   ကာကွယ်ရေးဝန်ကြီး ဌာန     အစည်းအဝေးခန်းမ၌ ကာကွယ်ရေးဝန်ကြီး     မစ္စတာ အန်ဒရီဘီလူဆော့ဗ် (Mr. Andrei Belousov)နှင့် တွေ့ဆုံ၍ (ဝဲပုံ) နှစ်နိုင်ငံဆိုင်ရာ    နယ်ပယ်ကဏ္ဍစုံ ၌   ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့် ရေး၊ ချစ်ကြည်ရင်းနှီးမှု  ပိုမိုခိုင်မာ စေရေး၊    စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု    တိုးမြှင့် လုပ်ဆောင်ရေး၊ ပညာတော်သင် သင်တန်းသား  စေလွှတ်ရေးနှင့်   မြန်မာနိုင်ငံနှင့်     ဒေသတွင်း လတ်တလောဖြစ်ပေါ်နေမှုအခြေ အနေတို့ကို    အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံအားပေး
ဩဂုတ် ၁၄ ရက်တွင် မြန်မာ သံရုံးသို့ သွားရောက်ပြီး သံအမတ် ကြီး၊ စစ်သံမှူး (ကြည်း၊ ရေ၊ လေ)နှင့် သံရုံးဝန်ထမ်းများ၊ စစ်သံရုံးမှ အရာရှိ၊ စစ်သည်၊ မိသားစုများကို တွေ့ဆုံအားပေးနှုတ်ဆက်၍ နိုင်ငံ တော်၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို     ရှင်းလင်း ပြောကြားပြီး   သံရုံး၊   စစ်သံရုံး မိသားစုများအတွက် လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်။
ရုရှား    ဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ ကူဘင်ကာဒေသတွင် ဩဂုတ် ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့သည့် Army 2024 ဖိုရမ် တွင်    ခေတ်မီနည်းပညာဆိုင်ရာ ပြခန်းပေါင်း ၁၅၀၀ ကျော် ပြသ ခဲ့ပြီး     ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအဆင့်   ၂၁ ဦး အပါအဝင် နိုင်ငံပေါင်း ၅၂ နိုင်ငံ မှ ကာကွယ်ရေးဆိုင်ရာအဆင့်မြင့် ကိုယ်စားလှယ်    အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။                သတင်းစဉ်