နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး Myanmar Cyber Security Challenge 2023 (အလွတ်တန်းအဆင့်) ပြိုင်ပွဲ တက်ရောက်ဖွင့်လှစ်

 

နေပြည်တော်   ဩဂုတ်   ၅


Myanmar    Cyber    Security   Challenge  2023 (အလွတ်တန်း အဆင့်)ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ နေပြည် တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၌ ကျင်းပသည်။


အဆိုပါ ပြိုင်ပွဲဖွင့်ပွဲသို့ နိုင်ငံ တော်   စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊   ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး     မြထွန်းဦးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသူများနှင့် အသင်း အုပ်ချုပ်သူများ  တက်ရောက်ကြ သည်။
ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ  အဖွဲ့ဝင်၊   ဒုတိယ ဝန်ကြီးချုပ်နှင့်        ပို့ဆောင်ရေး နှင့်    ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက  အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲအခမ်းအနား ကို ဖွင့်လှစ်ပေးသည်။


ပြိုင်ပွဲသို့   တပ်မတော်နည်း ပညာ တက္ကသိုလ်၊ တိုင်းဒေသကြီး နှင့်  ပြည်နယ်အသီးသီးမှ နည်း ပညာတက္ကသိုလ်များ၊   ကွန်ပျူတာ တက္ကသိုလ်များနှင့်    အစိုးရနည်း ပညာ     ကောလိပ် / သိပ္ပံများမှ    အသင်း ၂၅ သင်း၊ ကျောင်းသား ကျောင်းသူ    စုစုပေါင်း   ၇၅   ဦး တို့  ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး  (UI$ Team)အသင်းက  ပထမ၊ (n00b_ 779082 )   အသင်းက     ဒုတိယနှင့် (U_SH3LL) အသင်းက တတိယ ရရှိခဲ့ပြီး  ပို့ဆောင်ရေးနှင့်  ဆက် သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများက ဆုရရှိသည့်အသင်းများ ကို    ဆုများ   ပေးအပ်ချီးမြှင့်ကြ သည်။


မြန်မာနိုင်ငံတွင်   Myanmar   Cyber   Security   Challenge ပြိုင်ပွဲကို  ၂၀၁၅ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့ပြီး   ကိုဗစ်-၁၉ ရောဂါ     အကန့်အသတ်ကြောင့် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့ တွင် ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ ၂၀၂၂ ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ကာ ယခု   ၂၀၂၃  ခုနှစ်တွင်    (၇) ကြိမ် မြောက်     ကျင်းပနိုင်ခဲ့ခြင်းဖြစ် သည်။


အဆိုပါပြိုင်ပွဲမှ      အနိုင်ရ ထူးချွန်သူများကို အာဆီယံဒေသ တွင်းနိုင်ငံများတွင် ကျင်းပသည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပြိုင်ပွဲ များသို့ စေလွှတ်ယှဉ်ပြိုင်လျက်ရှိ ကြောင်း သိရသည်။ 


သတင်းစဉ်