နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ ပူတာအိုခရိုင် မချမ်းဘောမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကြည့်ရှုအားပေးပြီး မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

 

ပူတာအို    စက်တင်ဘာ  ၁၉


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ဒေါ်ဒွဲဘူသည်   ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊     ပြည်နယ်ဝန်ကြီးများ၊   ဌာနဆိုင်ရာ   တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ   ၁၈  ရက်  နံနက်ပိုင်းက ပူတာအိုမြို့ မြို့မရပ်ကွက်အတွင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်   ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများ  ပူးပေါင်းဖွင့်လှစ် သည့် သား၊ ငါးနှင့် အခြေခံစားသောက်ကုန်များကို  သက်သာဈေးဖွင့်လှစ် ရောင်းချ နေမှုကိုကြည့်ရှု၍   ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား ရင်းရင်းနှီးနှီး  လိုက်လံ နှုတ်ဆက်ပြီး   ဌာနဆိုင်ရာအဖွဲ့အစည်းများအတွက် အခြေခံစားသောက်ကုန်များ ဝယ်ယူထောက်ပံ့ပေးခဲ့ကြသည်။


ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်နှင့်  ပြည်နယ်ဝန်ကြီး ချုပ်တို့သည် မချမ်းဘောမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီ မြတ်ကြီးသို့   ရောက်ရှိပြီး  စေတီတော် မြတ်အား ဖူးမြော်ကြည်ညို၍ စေတီတော် ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် နဝကမ္မအလှူငွေများ   ပေးအပ်လှူဒါန်း ခဲ့ကြသည်။


ထို့နောက်   ကောင်းမှုလုံကျေးရွာ အတွင်း မလိခမြစ်ကမ်းဘေးရှိ ကောင်းမှု ဆုံစေတီတော်ဝင်းအတွင်း    နဂါးစေတီ ၁၀၈ ဆူ  တည်ထားကိုးကွယ်နိုင်ရေး ပန္နက်တင်မင်္ဂလာ      အခမ်းအနားသို့ တက်ရောက်ပြီး    ဝန်းသိုကျောင်းတိုက် ဆရာတော်အမှူးပြုသော   ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညို ကြ၍ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေ များကို ဆက်ကပ်လှူဒါန်းကာ နဂါးစေတီ တော် ၁၀၈ ဆူ တည်ထားကိုးကွယ်မည့် သတ်မှတ်နေရာများ၌ ဆရာတော်ကြီးများ က ဦးဆောင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့်  တာဝန်ရှိသူများက ပန္နက်တင်ပေးကြသည်။


လှည့်လည်ကြည့်ရှု စစ်ဆေး


ယင်းနောက်  မချမ်းဘောမြို့နယ် နမ်ခမ်းကျေးရွာအတွင်း   ငါးမွေးမြူရေး ကျေးရွာအဖြစ်  အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်နှင့်      ပြည်နယ် ဝန်ကြီးချုပ်တို့က   ငါးသားပေါက်စခန်း အပြင်   ငါးကန်များကို  ဥပဒေနှင့်အညီ တူးဖော်ပေးနိုင်ရေး၊ စနစ်တကျ မွေးမြူ လုပ်ကိုင်နိုင်ရေး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ငါးကန်များ တူးဖော် အသုံးပြုထားရှိမှုတို့ကို  လည်း ကောင်း၊   အဆိုပါ   ကျေးရွာအတွင်း   နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေကျပ်  ၁၀  သိန်းဖြင့် တောင်သူ ဦးခေါင်လန်ဒဂုံ၏ ဒဂုံမိသားစု ငါးမွေးမြူရေးကန်၌ ငါးခူ၊ ငါးကြင်းဖြူနှင့်        ငါးကြင်းနီငါးများ မွေးမြူဖြစ်ထွန်းနေမှု အခြေအနေများကို      လည်းကောင်း၊ အခြေခံပညာ  အထက် တန်းကျောင်းခွဲ (နမ်ခမ်း)၌   ကျောင်းဝင်း အတွင်း တည်ထောင်ထားသည့်   ဂရိတ် ဖရုခြံ၌  ပြည်နယ်ဝန်ကြီးချုပ်၏   လှူဒါန်း မှုဖြင့် ခြံဝင်းခတ်ပြီးစီးမှု  အခြေအနေများ နှင့် ကျောင်းသား ကျောင်းသူများ စိုက်ပျိုး ထားရှိသည့်   ဂရိတ်ဖရုသီး၊  ဘုရင်သီး ပင်များနှင့် အမေရိကန်သံပရာသီးပင်များ ဖြစ်ထွန်းအောင်မြင်မှု အခြေအနေများကို လည်းကောင်း      လှည့်လည်ကြည့်ရှု စစ်ဆေးကြပြီး ကျောင်းစာသင်ခန်းများ တွင် စာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများအား       ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။


နည်းပညာလိုအပ်ချက်များ  ပံ့ပိုး


ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီး ချုပ်တို့သည်   အင်ဘူးဘော့ကျေးရွာသို့ ရောက်ရှိပြီး တောင်သူ ဦးကဂျိုးလဂျာ၏ မျိုးစေ့ထုတ်စံပြကွက်၌ ဒေသခံတောင်သူ များအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး ကာ မိုးစပါးစိုက်တောင်သူများအတွက် ယူရီးယား  ဓာတ်မြေသြဇာအိတ်များကို ထောက်ပံ့ပေးအပ်ကြပြီး စိုက်ပျိုးရေးဦးစီး ဌာနမှ ဝန်ထမ်းများ၏ တောင်သူ အသိ ပညာပေး   သဘာဝမြေသြဇာပြုလုပ်ပုံ အဆင့်ဆင့် သရုပ်ပြခြင်းနှင့် မျိုးစေ့ထုတ် ဆင်းဧကရီ-၃ အထွက်တိုး  မိုးစပါးစံပြ စိုက်ကွက်အတွင်း   သဘာဝမြေသြဇာ မြေဆွေးကြဲပက်မှုများကို   လည်းကောင်း၊ ကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၁၅ သိန်းဖြင့် ဆောင်ရွက် ထားသည့်  တောင်သူ  ဦးနန်မွန်ထင်၏ ဂရိတ်ဖရုစိုက်ပျိုးရေးခြံ၌ ဂရိတ်ဖရုသီးပင် များ၊ ဘုရင်သီးပင်များနှင့် အမေရိကန် သံပရာသီးပင်များ    စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုအခြေအနေများကို လည်း ကောင်း       လှည့်လည်ကြည့်ရှုကြ၍ စိုက်ပျိုးရေးဦးစီးဌာနမှ  တာဝန်ရှိသူများ အား   နည်းပညာလိုအပ်ချက်များ  ပံ့ပိုး ကူညီဆောင်ရွက်ပေးနိုင်ရေး        ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ        အဖွဲ့ဝင်က ထောက်ပံ့ငွေများကို ပေးအပ်သည်။


ထိုမှတစ်ဆင့်  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်နှင့်  ပြည်နယ်ဝန်ကြီး ချုပ်တို့သည် မချမ်းဘောမြို့ ဂူဘားရိပ်သာ သို့ ရောက်ရှိရာ ဒေသခံဂျိမ်းဖောမျိုးနွယ်စု၊ ရဝမ်မျိုးနွယ်စုနှင့် လီဆူမျိုးနွယ်စုများက တိုင်းရင်းသားရိုးရာ မဂွန်းရှလစ်ဖြင့် ဂါဝရ ပြုလက်ဆောင်ပေးအပ်မှုကို  လက်ခံရယူ ပြီး ဆုမွန်ကောင်းတောင်းပေးခဲ့ကြသည်။


ဒေသခံပြည်သူများနှင့် တွေ့ဆုံ


ထို့နောက်  မချမ်းဘောမြို့  ဂူဘား ခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊   မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်      ယဉ်ကျေးမှု အဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး မှူးများ၊  လူမှုရေးအသင်းအဖွဲ့များ၊ စိုက် ပျိုးမွေးမြူရေးတောင်သူများ၊   ဒေသခံ ပြည်သူများနှင့် တွေ့ဆုံသည်။


တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်က           နိုင်ငံတော် စီမံအုပ်ချုပ်ရေး        ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်ကို  ရေးဆွဲချမှတ်ပြီး  နိုင်ငံတော်  ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်း ငြိမ်းချမ်း ရေး   ရရှိရေး၊  တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းမှုရရှိရေးကို အလေး အနက်ထား     ဆောင်ရွက်လျက်ရှိပါ ကြောင်းနှင့်  အထူးသဖြင့်  နိုင်ငံတော်၏ နိုင်ငံရေး ရည်မှန်းချက်ဖြစ်သည့် စစ်မှန် ပြီးစည်းကမ်းပြည့်ဝသည့်      ပါတီစုံ ဒီမိုကရေစီ   အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက်   မိမိတို့ ပြည်သူတစ်ဦးချင်းစီက   အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ် ကြောင်း မှာကြားသည်။


ထောက်ပံ့ငွေများပေးအပ်


ယင်းနောက်  တက်ရောက်လာကြ သည့် ဒေသခံများက ဒေသဖွံ့ဖြိုးတိုးတက် ရေး   လိုအပ်ချက်များကို  တင်ပြကြရာ ခရိုင်အဆင့်ဌာနဆိုင်ရာများက တင်ပြ ထားသည့်   လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က   လုပ်ငန်းစီမံ ကိန်းများနှင့်   လိုအပ်ချက်များအပေါ် ဖြည့်စွက်     ရှင်းလင်းပြောကြားကာ နိုင်ငံတော်   စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊      ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက     မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များအတွက် အမှတ် တရ လက်ဆောင်များနှင့် တိုင်းရင်းသား စာပေနှင့်   ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ လူမှုကူညီရေး  အသင်းအဖွဲ့များအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ် ကြသည်။ 


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီး ချုပ်တို့သည် မချမ်းဘောမြို့ အမှတ်(၃)ရပ်ကွက်ရှိ  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ်  ၁၀  သိန်းဖြင့်    ငါးမွေးမြူရေး လုပ်ငန်းများ   ဆောင်ရွက်လျက်ရှိသည့် တောင်သူ ဦးမိုးအောင်၏ ငါးကန်များ၌ ရွှေဝါငါးကြင်း၊ မြက်စားငါးကြင်း၊ တီလား ပီးယားနှင့်   တိုင်းရင်းငါးခူများ  မွေးမြူမှု အခြေအနေများကို   ကြည့်ရှုစစ်ဆေး ကြပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်