
မိုးညှင်း စက်တင်ဘာ ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် ဗန်းမော်မြို့မှ မိုးညှင်းခရိုင် မိုးညှင်းမြို့သို့ ရောက်ရှိကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် သည် မိုးညှင်းမြို့ မြို့တော်ခန်းမ၌ ခရိုင်အတွင်းရှိ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တိုင်းရင်း သား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ များ၊ ကုန်သည်လုပ်ငန်းရှင်အသင်း အဖွဲ့များ၊ MSME လုပ်ငန်းရှင်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက် သည့် ကျေးရွာလုပ်ငန်းစီမံကိန်း အဖွဲ့များနှင့် ပရဟိတအသင်း အဖွဲ့များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်း စဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉)ရပ်ကို ရေးဆွဲချမှတ်ပြီး နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စားရေ ရိက္ခာဖူလုံရေး၊ ပြည်တွင်းထုတ်ကုန် များ တိုးတက်မြင့်မားရန် MSME လုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်ပေးရေး၊ ကျန်းမာ ကြံ့ခိုင်ပြီး ပညာရည်ပြည့်ဝသော၊ ဗလငါးတန်နှင့် ပြည့်စုံသော အနာဂတ် လူငယ်များ လေ့ကျင့် မွေးထုတ်ပေးနိုင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေး၊ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းမှု ရရှိ ရေးနှင့် လွတ်လပ်ပြီး တရားမျှတ သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးကို အလေး ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလို ရေခံမြေခံကောင်းမွန်ပြီး စိုက်ပျိုးရေးဖြစ်ထွန်းသည့် မိုးညှင်း ဒေသခံပြည်သူများ အနေဖြင့် လည်း မိမိတို့ဒေသတွင်း စိုက်ပျိုး ရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် သာမက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတစ်ဦးချင်းစီက အတူ တကွ ဝိုင်းဝန်းပူးပေါင်း ဆောင် ရွက်ရန် လိုအပ်ပါကြောင်း ပြော ကြားသည်။
ဖြည့်ဆည်းပေး
ထို့နောက် တက်ရောက်လာ ကြသည့် မြို့မိမြို့ဖများ၊ အသင်း အဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ဆိုင်ရာ လိုအပ်ချက်များကို တင်ပြ ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့က စီမံ ဆောင်ရွက်ပေးလျက် ရှိသည့် အခြေအနေများကို ဖြည့်စွက် ရှင်းလင်းပြောကြားပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် က လိုအပ်ချက်များအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ပေါင်းစပ် ညှိနှိုင်း၍ ဖြည့်ဆည်းပေးနိုင်ရေး ဖြေရှင်းဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ် တို့သည် အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း (မိုးညှင်း) သို့ရောက်ရှိပြီး ကျောင်း သား ကျောင်းသူများ IBPD Centre ၌ သင်ကြားနေမှု၊ အင်္ဂလိပ် စာ စွမ်းရည်သင်ကြားနေမှုနှင့် လက်တွေ့စွမ်းရည်ပြသထားသည့် Project များကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ဆက်လက်၍ မိုးညှင်း တက္ကသိုလ်၌ အသစ်တည်ဆောက် ပြီးစီးသည့် သုံးထပ်စာသင်ဆောင် များ ဖွင့်ပွဲသို့ တက်ရောက်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည် ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေ ကျပ် ၅၇၄ သန်းဖြင့် တည် ဆောက်ပြီးစီးခဲ့သည့် သုံးထပ် စာသင်ဆောင်သစ် ဥဿဖရား ဆောင်နှင့် ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေကျပ် ၇၈၂ ဒသမ ၁၀ သန်းဖြင့် တည်ဆောက် ပြီးစီးခဲ့သည့် သုံးထပ် စာသင် ဆောင်သစ် မြရတနာဆောင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် ပါမောက္ခချုပ်တို့က ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်