နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲတက်ရောက်

 

စစ်တွေ  အောက်တိုဘာ  ၁၁


ရခိုင်ပြည်နယ်     အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော    ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ    ဖွင့်ပွဲအခမ်း အနားကို    ယနေ့နံနက်ပိုင်းက စစ်တွေမြို့   လောကာနန္ဒာစေတီ တော်    လိုဏ်ဂူတော်အတွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနု စိန်၊   ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ     အောင်ကျော်မင်း၊ အနောက်ပိုင်း   တိုင်းစစ်ဌာနချုပ် တိုင်းမှူး   ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်     တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်အစိုးရ     အဖွဲ့ဝင်များ၊ တပ်မတော်  အရာရှိကြီးများနှင့် ဌာနဆိုင်ရာ      တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


အရုဏ်ဆွမ်းဆက်ကပ်


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနု စိန်၊        ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့် တာဝန်ရှိသူများက     ပြည်နယ် ဩဝါဒါစရိယ        စစ်တွေမြို့ နန္ဒာရာမ  ပရိယတ္တိစာသင်တိုက် ဆရာတော်      အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ        ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနန္ဒသိရီ    အမှူးပြုသော သံဃာတော်     အရှင်သူမြတ်များ အား     အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

 


ထို့နောက်    ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ       ဖွင့်ပွဲအခမ်းအနားကို သံဃာတော်        အရှင်သူမြတ်များ၊ နိုင်ငံတော်       စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်   အမှူးပြုသော ဧည့်ပရိသတ်များက နမောတဿ     သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ၍    ဖွင့်လှစ်ကြပြီး  ဆရာတော်    ဘဒ္ဒန္တနန္ဒသိရီထံမှ ဧည့်ပရိသတ် များက ငါးပါးသီလ ခံယူဆောက် တည်ကြသည်။

 


ရွတ်ဖတ်ပူဇော်

ယင်းနောက် ပြည်နယ်ဩဝါဒါ စရိယ    စစ်တွေမြို့   ဓမ္မသုခ ကျောင်းတိုက်      ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ        အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ       ဘဒ္ဒန္တသောမ မဟာထေရ်မြတ်က ပရိတ်ပဋ္ဌာန်း ဒေသနာတော်နှင့်    ပတ်သက်၍ ဩဝါဒကထာ    ချီးမြှင့်တော်မူပြီး စစ်တွေမြို့နယ်    သံဃနာယက အဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဒက္ခိဏာရာမကျောင်းတိုက် ပဓာန နာယကဆရာတော်       မဟဂန္ထ ဝါစကပဏ္ဍိတ ဘဒ္ဒန္တမေဃိယက ရောင်ခြည်တော်ဖွင့်   ဂါထာတော် ဖြင့်  ဘုရားရှင်အား ပင့်လျှောက် သည်။   ဆက်လက်၍   လောကာ နန္ဒာစေတီတော်      ဂေါပကအဖွဲ့ ဥက္ကဋ္ဌ     ဦးမောင်သိန်းခိုင်က ပဋ္ဌာန်းတရားတော် နာကြားရန် နတ်ဗြဟ္မာများကို   ဖိတ်ကြားပြီး ဒက္ခိဏာရာမကျောင်းတိုက် စာချ ဆရာတော်    ဘဒ္ဒန္တတေဇသီရိက ပဋ္ဌာန်းအမွှမ်း      ဂါထာတော်ဖြင့် ရွတ်ဖတ်ပူဇော်ကြသည်။

 


ဆက်လက်၍    ပြည်နယ် ဩဝါဒါစရိယ    ဆရာတော်ကြီး များက  ဦးဆောင်ကာ  ဘာဏက သံဃာတော်များ၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ဧည့်ပရိသတ်များက    မြတ်ပဋ္ဌာန်း ဒေသနာတော်မြတ်အား   စတင် ဖွင့်လှစ်     ပူဇော်ခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်