
တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေဒေသလုံခြုံအေးချမ်းရေးအတွက်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်းစစ်ဒေသကြီး၏ ပုံမှန်စစ်ရေးလေ့ကျင့်မှုအား တရုတ်-မြန်မာနယ်စပ်ဒေသတွင်
နိုဝင်ဘာလ ၂၅ ရက်နေ့၌ လုပ်ဆောင်သွားမည့်အခြေအနေနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်
တရုတ်ပြည့်သူ့သမ္မတနိုင်ငံအနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်းစစ်ဒေသကြီးရဲ့ ပုံမှန်စစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာလ ၂၅ ရက်နေ့မှာ စတင်လုပ်ဆောင်မှာဖြစ်ပါတယ်။ လုပ်ဆောင်မယ့်နေရာ ကတော့ တရုတ် - မြန်မာနိုင်ငံနယ်စပ်ဒေသမှာ ဖြစ်ပါတယ်။ လုပ်ဆောင်ရခြင်းရဲ့ရည်ရွယ်ချက်ကတော့ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နယ်မြေဒေသလုံခြုံအေးချမ်းရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်တယ်ဆိုတာကို မြန်မာနိုင်ငံဘက်ကို အကြောင်း ကြားလာပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့မူဝါဒအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဝါဒအပေါ်မှာ ရပ်တည် လျက်ရှိပြီးတော့ မြန်မာ့တပ်မတော်နဲ့အတူ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကို အမြဲတမ်းလက်တွဲဆောင်ရွက် သွားမှာဖြစ်ကြောင်း အကြောင်းကြားလာပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လည်း တရုတ်နိုင်ငံနဲ့အတူ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်ကို လိုက်နာပြီး နေထိုင်ဆောင်ရွက်လျက်ရှိပါတယ်။ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးကို ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်ရေရဲ့ ရေတပ်စစ်သင်္ဘောများလည်း မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး မကြာခင်မှာ လာရောက်လည်ပတ်ဖို့ရှိပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံတပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်မှုက ခိုင်မြဲလျက်ရှိကြောင်းနဲ့ ချစ်ကြည်ရင်းနှီးစွာ တည်ဆောက် လျက်ရှိကြောင်း ပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင် ပါတယ်။