နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၈)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၈)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၂၆ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်း ထုတ်ပြန်ရေးအဖွဲ့ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။ 

 


သတင်းစာရှင်းလင်းပွဲမစတင်မီ  တက်ရောက်လာကြသူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက်  တာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး သတ်မှတ်အကွာအဝေးအတိုင်း နေရာချထားပေးသည်။

 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက  ယနေ့သတင်းစာရှင်းလင်း ပွဲတွင် ပြောမည့်အကြောင်းအရာများမှာ နံပါတ်တစ်အနေဖြင့်  ရုရှားနိုင်ငံခရီးစဉ်ဆိုင်ရာကိစ္စရပ်များ၊ နံပါတ်နှစ်အနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ နံပါတ်သုံးအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းအချို့နှင့် ပြည်ဖျက်မီဒီယာအချို့တို့က   လုပ်ကြံဖန်တီးထားသည့်   ပျူစောထီး ဆိုသည့် အခေါ်အဝေါ်နှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ နံပါတ်လေး အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဆိုင်ရာကိစ္စရပ် များ၊ နံပါတ်ငါးအနေဖြင့် ပညာရေးဆိုင်ရာကိစ္စရပ်နှင့် ဆက်စပ်မှုများ ဖြစ်ကြောင်း၊  နံပါတ်တစ်မှ ငါးအထိ မိမိအနေဖြင့် ရှင်းလင်းပြောကြား သွားမည်ဖြစ်ပြီး      ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပိုင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်     ဦးခင်မောင်ဦးက ရှင်းလင်းပြောကြားသွားမည်ဖြစ်ကြောင်း၊ ထို့နောက် မေး၊ ဖြေ ကဏ္ဍ ဖြစ်ကြောင်း၊    မေးခွန်းများမေးသည့်အခါ    စနစ်တကျဖြစ်စေရေး အခမ်းအနားမှူးမှ    မီဒီယာအမည်အလိုက်   ဖိတ်ခေါ်သွားမည်ဖြစ် ကြောင်း၊ မီဒီယာတစ်ခုလျှင် အချိန်ကန့်သတ်ချက်အရ မေးခွန်းတစ်ခုစီ မေးမြန်းပေးရန်ဖြစ်ကြောင်း ပြောကြားသည်။

 


ပထမအချက်အနေဖြင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ရုရှားနိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက်ခဲ့မှုနှင့် ပတ်သက်၍  စတင်ရှင်းလင်းတင်ပြလိုကြောင်း၊ ယင်း အကြောင်းအရာအား မရှင်းလင်းမီ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံသည် သံတမန်ဆက်ဆံရေးထူထောင်ခဲ့သည်မှာ   (၇၄)  နှစ် ရှိခဲ့ပြီဖြစ်ပြီး လာမည့်နှစ်သည် စိန်ရတု(၇၅)နှစ်မြောက်နှစ်ဖြစ်ကြောင်း၊ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည့်ကာလမှ ယနေ့ကာလအထိ နှစ်နိုင်ငံ ဆက်ဆံရေးသည် အဆင်ပြေချောမွေ့မှုများသာရှိခဲ့ပြီး မြန်မာနိုင်ငံ အနေဖြင့်လည်း ဘက်မလိုက်သော ကြားနေမူဝါဒကို လက်ခံကျင့်သုံး လျက်ရှိသကဲ့သို့ ခိုင်မာသည့်မိတ်ဆွေနိုင်ငံအဖြစ်လည်း ရပ်တည်လျက် ရှိကြောင်းကို ထည့်သွင်းပြောကြားလိုကြောင်း။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၂ ခုနှစ် ဇူလိုင် ၁၀ ရက် မှ ၁၆ ရက်အထိ ရုရှားနိုင်ငံကို သွားရောက်ခဲ့ကြောင်း၊ ခရီးစဉ်ကာလတွင် မော်စကိုမြို့၊ စိန့်ပီတာစဘတ်မြို့၊ အတနာမီ ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်၊ တာတာစတန်ပြည်နယ်၊  ကာဇန်မြို့၊  နိုဘိုစီဘစ်ရိချ်မြို့  စသည့်မြို့ အသီးသီးကို သွားရောက်ခဲ့ကြောင်း၊ ခရီးစဉ်အတွင်း အဓိကအကြောင်း အရာအနေဖြင့်    ရုရှားနိုင်ငံ၊   ကာလုဂါပြည်နယ်၊  အတနာမီကမ္ဘာ့ ယဉ်ကျေးမှုမြို့တော်၌   သီတဂူဆရာတော်ဘုရားကြီး၏  ဦးဆောင် လမ်းညွှန်မှု၊ ကြည်း၊ ရေ၊ လေ တပ်မတော်သားများ အပါအဝင် စေတနာ ရှင် ပြည်သူများ၏ စုပေါင်းလှူဒါန်းငွေနှင့် တည်ဆောက်ပူဇော်ခဲ့သည့် ရွှေစည်းခုံစေတီနှင့် ပုံစံတူတည်ထားခဲ့သည့် စေတီတော်ကို ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်  တပ်ဆင်ပူဇော်ခြင်း၊  ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားပြုလုပ်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း၊ အခမ်းအနားကို   သီတဂူဆရာတော်ကြီး  အပါအဝင် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ကျောက်မဲဆရာတော်၊ တိပိဋကဆရာတော်ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ၊    ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Orthodox ဘုန်းတော်ကြီးများ၊ လားမားဘုန်းတော်ကြီး အကြီးအကဲ များ၊ အပြည်ပြည်ဆိုင်ရာ  ထေရဝါဒဗုဒ္ဓတက္ကသိုလ်   ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒနှင့် ထေကြီးဝါကြီးဆရာတော်များ၊ ရုရှားနိုင်ငံ၊ ကာကွယ်ရေး ဒုတိယဝန်ကြီး၊ ရုရှားနိုင်ငံ အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့နှင့် ကာကွယ်ရေး ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိများ၊ ရုရှား-မြန်မာ ချစ်ကြည်ရင်းနှီးမှု ပူးပေါင်းဆောင်ရွက်ရေးအသင်း၊    စစ်ဘက်နည်းပညာ  ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့အစည်းများမှ   အကြီးအကဲများ၊   နိုင်ငံပေါင်းစုံ သံရုံး၊ စစ်သံရုံးများမှ မိသားစုများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ရုရှား နိုင်ငံသား ဗုဒ္ဓဘာသာဝင်များ၊ ပညာတော်သင်များ စသည်ဖြင့် စုံစုံ လင်လင်နှင့် စည်ကားသိုက်မြိုက်စွာ  ကျင်းပခဲ့ကြောင်း၊  ဗုဒ္ဓသာသနာ ကို ကိုးကွယ်သူများအကြား ကမ္ဘာအနှံ့ပျံ့နှံ့စေရန် ကြိုးပမ်းဆောင်ရွက်မှု များထဲက တစ်ခုအနေဖြင့် မိမိတို့  မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း။ 

 


ခရီးစဉ်ကာလအတွင်း   နိုင်ငံတော်ဝန်ကြီးချုပ်  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်  ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဆောင်သည့်   ကိုယ်စားလှယ်အဖွဲ့၊   ရုရှား-အာဆီယံ  စီးပွားရေး ကောင်စီဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊   ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်း အထွေထွေညွှန်ကြားရေးမှူးချုပ် ဦးဆောင် သည့်အဖွဲ့၊ ရုရှားနိုင်ငံပိုင်အာကာသကော်ပိုရေးရှင်း၏ အထွေထွေ ညွှန်ကြားရေးမှူးချုပ်နှင့် ရုရှားသမ္မတ၏ နိုင်ငံတကာအာကာသဆိုင်ရာ အထူးသံတမန်အဖြစ် တာဝန်ယူထားရသူ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့၊ Rosoboronexport  ကုမ္ပဏီ  အမှုဆောင် အရာရှိချုပ်တို့နှင့် ဇူလိုင် ၁၁ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးစဉ် ဆွေးနွေးခဲ့မှုများအနေဖြင့်    နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ   ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ကမ္ဘာလှည့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးကို အခြေခံ သည့် ထုတ်ကုန်များ တင်ပို့နိုင်ရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် နှစ်နိုင်ငံ ပို့ကုန်၊   သွင်းကုန်ကဏ္ဍ  အဆင့်မြှင့်တင်ရေး၊ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြု၍ သိပ္ပံနှင့် သုတေသနစမ်းသပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊ စက်မှုကဏ္ဍအသုံးပြုခြင်း၊ သိပ္ပံနှင့် နည်းပညာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း။ 

 


ခရီးစဉ်၏   ဒုတိယနေ့ဖြစ်သည့် ဇူလိုင် ၁၂ ရက်တွင် ရုရှားနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူအကြီးအကဲများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ မူလက  ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးရန်စီစဉ်ထားသော်လည်း ရုရှားနိုင်ငံ၏ အခြားအရေးကြီးလုပ်ငန်း တချို့   ပေါ်ပေါက်လာခဲ့သည့်အတွက်   ဒုတိယဝန်ကြီးနှင့်   တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်းကို       ဖြည့်စွက်ပြောကြားလိုကြောင်း၊ တွေ့ဆုံဆွေးနွေးစဉ်တွင်  စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၌   နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေ၊ နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ကဏ္ဍပေါင်းစုံ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း။

 


ခရီးစဉ်၏ တတိယမြောက် ၁၃ ရက်တွင် တာတာစတန်ပြည်နယ် သမ္မတ၏ ဖိတ်ကြားချက်အရ တာတာစတန်ပြည်နယ်ကို ရောက်ရှိခဲ့ပြီး PJSC “Tatneft”   ကုမ္ပဏီအမှုဆောင်အရာရှိချုပ်  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ Republic of the Tatarstan ဒစ်ဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေးရာစီမံခန့်ခွဲမှု ဒုတိယဝန်ကြီး ဦးဆောင် သည့်ကိုယ်စားလှယ်အဖွဲ့၊   Kazan  Federal  University  ဒုတိယ ပါမောက္ခချုပ်ဦးဆောင်သည့်   ကိုယ်စားလှယ်အဖွဲ့၊ Republic of the Tatarstan ၏ အကြီးအကဲဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့စသည်တို့ နှင့်    တွေ့ဆုံဆွေးနွေးမှုများ   ဆောင်ရွက်ခဲ့ကြောင်း၊    ဆွေးနွေးမှု အကြောင်းအရာများအနေဖြင့် ကူးသန်းရောင်းဝယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ မြှင့်တင်ဆောင်ရွက်သွားနိုင်မှုအခြေအနေ၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ထုတ်လုပ်ခြင်း၊  ရေနံနှင့်  သဘာဝဓာတ်ငွေ့ဆိုင်ရာ စွမ်းအင် စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ခြင်း ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊  ပညာတော်သင်ကိစ္စရပ်များ၊   နည်းပညာရပ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးနိုင်မည့်   အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း။ 

 


ဇူလိုင် ၁၄ ရက်တွင်   နိုင်ငံတော်ဝန်ကြီးချုပ်  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်    စိန့်ပီတာစဘတ်မြို့ကို   ရောက်ရှိခဲ့ပြီး Polytechnic  State  University  ပါမောက္ခချုပ်   ဦးဆောင်သည့်  ကိုယ်စားလှယ်အဖွဲ့၊  စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ အကြီးအကဲနှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးမှု အကြောင်းအရာများမှာ   စိန့်ပီတာစဘတ်မြို့၌   မြန်မာနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံးအသစ် ဖွင့်လှစ်နိုင်ရေး အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ရွက်သွားမည့်    အခြေအနေ၊   ကဏ္ဍပေါင်းစုံပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း။

 


ဇူလိုင် ၁၅ ရက်တွင်    နိုင်ငံတော်ဝန်ကြီးချုပ်  ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည်   နိုဘိုစီဘစ်ရိချ်မြို့ကို  ဆက်လက်ထွက်ခွာခဲ့ပြီး Novosibirsk State University ပါမောက္ခချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊  Higher  Military  Command  School ကျောင်းအုပ်ကြီး    ဦးစီးသည့်အဖွဲ့တို့နှင့်  တွေ့ဆုံဆွေးနွေးခဲ့ကြပြီး စစ်ဘက်၊ အရပ်ဘက် သင်တန်းသားများ ပညာသင်ကြားရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြောင်း။

 


ဇူလိုင် ၁၆ ရက်တွင် Novosibirsk အစိုးရအဖွဲ့ အကြီးအကဲဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နိုဘိုစီဘစ်ရိချ်နှင့် မြန်မာနိုင်ငံကြား  တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲပျံသန်းနိုင်မည့် အခြေအနေ၊ ယင်းဒေသ၌   နယ်ပယ်ကဏ္ဍအသီးသီးမှ   အဆင့်မြင့် တက္ကသိုလ်ပေါင်း ၂၂ ခုရှိပြီး မြန်မာနိုင်ငံမှ သင်တန်းသားများတက်ရောက် သင်ကြားနိုင်မည့် အခြေအနေ၊ ရုရှားနိုင်ငံ၌ ကျင်းပမည့် သိပ္ပံနှင့်နည်း ပညာဆိုင်ရာဖိုရမ်ကို  မြန်မာကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပေးနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း။

 


နိုင်ငံတော်ဝန်ကြီးချုပ်၏    ခရီးစဉ်အတွင်း   ရုရှားနိုင်ငံအနေဖြင့် ရင်းနှီးဖော်ရွေမှု၊ ခရီးစဉ်အလိုက် ဆိုက်ရောက်ချိန်များတွင် ကော်ဇောနီ ခင်းပြီး နိုင်ငံတော်အဆင့်ဖြင့် ကြိုဆိုမှု၊ ဒေသဆိုင်ရာ အစိုးရအကြီး အကဲများကိုယ်တိုင်နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး  တာဝန်ရှိသူများ ကိုယ်တိုင်   ကြိုဆိုခဲ့ကြောင်း၊    ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊  ရိုးရာ အစားအစာများဖြင့်   ဧည့်ခံကြိုဆိုမှု   စသည်တို့နှင့်   အပြန်အလှန် လေးစားမှု၊ ချစ်ကြည်မှု၊    ယုံကြည်မှုတို့ကို  ပုံဖော်ပြသခဲ့သည့်အတွက် အောင်မြင်သည့်   ခရီးစဉ်တစ်ခုဖြစ်ကြောင်းကို      ပြောကြားလိုကြောင်း၊ ခရီးစဉ်ကာလအတွင်း သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးနှင့် တွေ့ဆုံ ဆွေးနွေးမှု (၁၅) ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံတော်နှင့်   တပ်မတော် အတွက်    ဖြည့်ဆည်းဆောင်ရွက်ပေးရန်   လိုအပ်ချက်မှန်သမျှကို ဆွေးနွေးနိုင်ခဲ့ကြောင်း၊   ခရီးစဉ်အတွင်း နှစ်နိုင်ငံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု     မြှင့်တင်နိုင်ရေးဆွေးနွေးမှုများသည်    အားရဖွယ် ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းနေချိန်တွင် နှစ်နိုင်ငံ ပူးပေါင်းပြီး  စီးပွားရေးကဏ္ဍမြှင့်တင်ရန် လိုလိုလားလားရှိကြောင်း၊ မကြာခင်ကာလ၌လည်း  နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး    အရှိန် အဟုန်မြှင့်တင်သည့်ခရီးစဉ်များ  ရှိလာဦးမည်ဖြစ်ကြောင်း   ပြောလို ကြောင်း၊  နောက်တစ်ခုအနေဖြင့် အဆင့်မြင့်ပညာများ   သင်ကြားရေး အစီအစဉ်များဖြစ်ကြောင်း၊ ရုရှားနိုင်ငံ တက္ကသိုလ်များသည် ကမ္ဘာ့ ထိပ်တန်းတက္ကသိုလ်များ စာရင်းဝင်များဖြစ်ကြောင်း၊ သိပ္ပံပညာရှင် များစွာ မွေးထုတ်နိုင်ခဲ့ပြီး စစ်ဘက်၊  အရပ်ဘက် အဆင့်မြင့်ပညာရပ်များ   သင်ကြားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ခရီးစဉ်ကာလ အတွင်း အပြုသဘော ဆောင်သည့် ရလဒ်ကောင်းများ၊ ဆွေးနွေးမှုများ၊ နားလည်မှုစာချွန်လွှာ     လက်မှတ်ရေးထိုးခြင်းများ    စသည်ဖြင့် အကြောင်းအရာများစွာကို ဆောင်ရွက်နိုင်ခဲ့သည့်အတွက်  အထူး အောင်မြင်သည့် ခရီးစဉ်ဖြစ်ကြောင်းကို ပြောကြားလိုကြောင်း။

 


ဒုတိယအချက်အနေဖြင့်    ဘဏ္ဍာရေးဆိုင်ရာ     ကိစ္စရပ်များ အကြောင်းကို ပြောလိုကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၈၄ တွင် အပ်နှင်းထား သည့်   လုပ်ပိုင်ခွင့်အရ     နိုင်ငံခြားငွေရေးကြေးရေးအဖွဲ့အစည်းက   ၁၀၀ ရာခိုင်နှုန်းပိုင်ဆိုင်သည့် ဘဏ်မဟုတ်သည့်  ငွေရေးကြေးရေး အဖွဲ့အစည်းတည်ထောင်ခြင်းနှင့် ဘဏ်မဟုတ်သည့်  ငွေရေးကြေးရေး အဖွဲ့အစည်းများတွင် အကျိုးတူ  ရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ ညွှန်ကြား ချက် (၈/၂၀၂၂) ကို ၂၀၂၂ ခုနှစ် ဇူလိုင် ၁၃ ရက်တွင်  ထုတ်ပြန်လိုက် ကြောင်း။

 


မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်    ဗဟိုဘဏ်နှင့်   AD လိုင်စင်ရဘဏ်များအကြောင်း ၂၀၂၂ ခုနှစ် ဇွန် ၇ ရက်က ကျင်းပခဲ့ သည့် အစည်းအဝေးအရ “ကုမ္ပဏီများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀၀ ရာခိုင်နှုန်းနှင့်အထက်ပါရှိပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ်(၁၂/၂၀၂၂)မှ ခြွင်းချက်ပြုသည့် လုပ်ငန်းများ နည်းတူ ဆောင်ရွက်ပေးရန် ဖော်ပြခဲ့ခြင်းကို ပယ်ဖျက်ခဲ့ကြောင်း” ။

 


ဆက်လက်ပြီး  “နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅    ရာခိုင်နှုန်းအထိ ပါဝင်သည့် မြန်မာကုမ္ပဏီများ၏ နိုင်ငံခြားသုံးငွေစာရင်းမှ နိုင်ငံခြား ငွေများအား မြန်မာကျပ်ငွေဖြင့် လဲလှယ်သွားရန်”အတွက်   နိုင်ငံခြား သုံးငွေ ကြီးကြပ်မှုကော်မတီ၏  အစည်းအဝေးအမှတ်စဉ် (၃၂/ ၂၀၂၂) ဆုံးဖြတ်ချက်အား ဗဟိုဘဏ်က ဇူလိုင် ၁၅ ရက်က ထုတ်ပြန်ကြေညာ ခဲ့ကြောင်း။

 


ယင်းနှင့် ပတ်သက်ပြီး မျိုးစုံဝေဖန်မှုများရှိကြကြောင်း၊ နိုင်ငံခြား တိုင်းပြည်များ မှ လာရောက်ရင်းနှီးမြှုပ်နှံရန်ခက်ခဲသွားမည်၊ ပြည်ပက ချေးငွေဖြင့် ကုန်စည် တင်သွင်းနေကြသည့် ကုမ္ပဏီများအပေါ်၌လည်း သက်ရောက်နိုင်သည်၊ အစိုးရတွင်   ဒေါ်လာလိုအပ်ချက်ရှိနေသဖြင့် နိုင်ငံခြားအရန်ငွေကြေး မရှိတော့ကြောင်း စသည်ဖြင့် ဝေဖန်ကြကြောင်း။

 


မိမိတို့နိုင်ငံ၌ သင့်တင့်သည့် နိုင်ငံခြားအရန်ငွေကြေးနှင့် အရန် ဘဏ္ဍာငွေများ ရှိပြီးဖြစ်ကြောင်း၊ နိုင်ငံတော်၌ လုံလောက်သည့်ငွေကြေးရှိသောကြောင့်လည်း နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်ပြီး ယခုလ ၂၂ ရက်က ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်အစိုးရ၏ စီးပွားရေးကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ နိုင်ငံတော်မှ နိုင်ငံ့ဝန်ထမ်း (အမြဲတမ်းဝန်ထမ်းများ)ကို အိမ်ငှားစရိတ်အဖြစ် အိမ်ထောင်သည် ဖြစ်ပါက မူရင်းလစာ၏ ၈ ရာခိုင်နှုန်းနှင့် လူပျိုဖြစ်ပါက ၄ ရာခိုင်နှုန်းကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ထောက်ပံ့မည့်အစီအစဉ် အသေး စိတ်ကိုလည်း နေ့စဉ်ထုတ်သတင်းစာများတွင် ဇယားများနှင့် ဖော်ပြ ပြီးဖြစ်ကြောင်း၊    မြန်မာနိုင်ငံ  ရဲတပ်ဖွဲ့ဝင်များအတွက်    ပင်ပန်း ကြမ်းတမ်းမှုနှင့်သက်စွန့်တာဝန်စရိတ် ၁၀,၀၀၀ ကျပ်ကိုလည်း လစဉ် ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် စတင်တာဝန်ထမ်းဆောင်စဉ်ကစပြီး ယနေ့အထိ ယခုကဲ့သို့  ထောက်ပံ့မှု ၂၇ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ အစိုးရဝန်ထမ်း များကို ခေတ်နှင့်အညီ ချီးမြှင့်ငွေ၊ ထောက်ပံ့ငွေများကို ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

 


ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလကတည်းက ထိခိုက်ကျဆင်း ခဲ့ရသည့် နိုင်ငံတော်၏ စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ကိုဗစ် ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက်    အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ကျပ် ၄၉၁ ဘီလီယံကျော်အနက် ကျပ် ၄၀၀ ဘီလီယံကို  သီးသန့်ရန်ပုံငွေ ထူထောင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် နိုင်ငံစီးပွားဖွံ့ဖြိုးတိုး တက်မှုအတွက် အရေးပါသည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ၊    စက်မှုလက်မှုဆိုင်ရာ   လုပ်ငန်းများနှင့် ထုတ်ကုန်တိုးမြှင့်ထုတ်လုပ်နိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ပေးနိုင်သည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ကို အတိုးနှုန်းသက်သာသည့်  ချေးငွေများကို ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင်  စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံစီးပွားရေးအဖြစ် ဆောင်ရွက်နေသည့် ကျေးလက်နေတိုင်းရင်း သားပြည်သူ ၇၀ ရာခိုင်နှုန်း၏ လူမှုစီးပွားဘဝ လျင်မြန်စွာ တိုးတက် ရေး(Quick Win) ရရှိအောင် အဓိကထားဆောင်ရွက်ရန်  ရည်ရွယ် ကြောင်း။    

 


မိမိတို့နိုင်ငံ၌    ခိုင်မာသည့်    စီးပွားရေး   အရင်းအမြစ်များရှိပြီး ဖြစ်ကြောင်း၊  ယင်းကို   ထုတ်လုပ်မြှင့်တင်နိုင်ရန်သာလိုကြောင်း၊ ပြည်တွင်းအားသည် ပြည်တွင်း၌ သာရှိကြောင်း၊ လက်ရှိကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းကိုလည်း မျက်ခြည်မပြတ်ကြည့်ပြီး ဒေသတွင်း အခြေ အနေကိုလည်း စောင့်ကြည့်စေလိုကြောင်း၊ မိမိတို့အစိုးရ၏ ပေးထား သည့် ကတိကဝတ်များအတိုင်း အောင်မြင်အောင် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း။

 


တတိယအချက်အနေဖြင့် ပြည်ဖျက်မီဒီယာအချို့နှင့်  အကြမ်းဖက် အဖွဲ့များ လုပ်ကြံဖန်တီးထားသည့် ပျူစောထီးဆိုသည့် အသုံးအနှုန်း အကြောင်း ပြောလိုကြောင်း၊ ဦးစွာသမိုင်းကြောင်းကို သိပါ၊ လေ့လာပါ ဟု ပြောလိုကြောင်း၊ ပျူစောထီး ဘယ်ကဖြစ်လာသလဲ၊ ဘယ်ကစသလဲ ဆိုသည်ကို ပုဂံခေတ်က စသည့်အကြောင်းအရာများအား စ၍ မပြော တော့ဘဲ ၁၉၅၀ ပြည့်နှစ်ဝန်းကျင်ကစ၍ ပြောလိုကြောင်း။

 


ပျူစောထီးတပ်များကို ၁၉၅၅ ခုနှစ်   အောက်တိုဘာလတွင် ဝန်ကြီးချုပ် ဦးနုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် အမျိုးသားကာကွယ်ရေး ကောင်စီ၏ ဆုံးဖြတ်ချက်အရ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ အစိုးရက ပျူစောထီးတပ်များဖွဲ့စည်းတော့မည်ဟု ကြေညာစဉ်ကပင် အတိုက် အခံပါတီအဖွဲ့အစည်းများသည်   အပြင်းအထန်    ကန့်ကွက်ခဲ့ကြ ကြောင်း၊ ပျူစောထီးတပ်များသည် ပြည်သူကို ကာကွယ်စောင့်ရှောက် ရမည့်အစား အချို့သူများသည် လက်နက်အားကိုးဖြင့်   ပြည်သူကို ညှဉ်းပန်းနှိပ်စက်လာကြခြင်းများရှိကြောင်း၊ ၎င်းတို့ကို ဖွဲ့စည်းပေး ထားသည့် ပါတီအုပ်စုများ၏ ခါးပိုက်ဆောင် တပ်သဖွယ် အသုံးပြုလာ သည့်အထိ ရှိလာကြောင်း။

 


၁၉၅၆ ခုနှစ်က ကျင်းပသည့် ရွေးကောက်ပွဲမတိုင်မီ ပျူစောထီး များ၏ ရမ်းကားမှုများပေါ်လာခဲ့ကြောင်း၊  သာဓကအဖြစ် သာယာဝတီ ခရိုင်  မင်းလှရွေးကောက်ပွဲ လေးလောင်းပြိုင်လူသတ်မှု၊ ၁၉၅၇ ခုနှစ် မေ ၂ ရက် မြိတ်ခရိုင် ဆီတောင်အိုင် ရွာလူသတ်မှုများ ပေါ်လာခဲ့ ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီအရေခြုံ အာဏာရှင်ပါတီ၏ ပျူစောထီး တပ်များ ဖွဲ့စည်းနေခြင်းကို ရုပ်သိမ်းပေးရန်၊    ပျူစောထီးတပ်များ ကျူးလွန်ခဲ့သည့် ရက်စက်မှုကြီးများကို ထိရောက်စွာ အရေးယူနိုင်ရန် ပြည်သူ့ ကော်မရှင်တစ်ရပ် ဖွဲ့စည်းစုံစမ်းအရေးယူရန် အတိုက်အခံ မြန်မာနိုင်ငံပြည်ထောင်စု     အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု (ပမညတ)အဖွဲ့က တောင်းဆိုခဲ့ကြောင်း၊ ထို့အတူ မြောင်းမြမြို့နယ် မရန်းချောင်းကျေးရွာ၊   ဘိုးကြားကုန်းကျေးရွာ၊  ရွှေရပ်တောင်ကုန်း ကျေးရွာ စသည့်ရွာများ၌  ပျူစောထီးများက   လယ်သမားများကို မတရားဖမ်းဆီးခြင်း၊ လယ်လုပ်ကိရိယာများ၊ မျိုးစပါးများကို မီးရှို့ ဖျက်ဆီးခြင်း၊ မွေးထားသော တိရစ္ဆာန်များကို ပစ်သတ်ခြင်း၊ ယူဆောင် သွားခြင်း စသည်တို့ကို ပြုမူနေမှုနှင့် ပတ်သက်၍ ၁၉၅၇ ခုနှစ် မေ ၃၀ ရက်တွင်    တောင်သူလယ်သမားညီညွတ်ရေးအစည်းအရုံး (ပြည်ထောင်စုမြန်မာနိုင်ငံ) (တလညစ) ဌာနချုပ် မြောင်းမြခရိုင်က သတင်းထုတ်ပြန်ကြေညာခဲ့ကြောင်း၊ စစ်ကိုင်းတွင်လည်း ပျူစောထီး များ၏ ရမ်းကားမှုကို ပျူစောထီးကို ဖွဲ့စည်းပေးထားသည့် ဝန်ကြီး ချုပ်ဦးနုထံ ၎င်းတို့ နှိပ်စက်မှုကြောင့်ရရှိသည့် ဒဏ်ရာများကို ပြသ၍ တိုင်ကြားသည်အထိ ဖြစ်လာခဲ့ကြောင်း။

 


ဝန်ကြီးချုပ်ဦးနုသည်   ၁၉၅၈ ခုနှစ်   ဇူလိုင် ၃ဝ ရက်တွင် တပ်မတော်က တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြောင်း၊ ၁၉၅၈ ခုနှစ် ဩဂုတ် ၈ ရက်တွင် ပမညတအဖွဲ့က   ပျူစောထီးများရှိနေသရွေ့ တရားမျှတသန့်ရှင်းသော ရွေးကောက်ပွဲမဖြစ်နိုင်ဟုဆိုကာ ပျူစောထီး များ ဖျက်သိမ်းရန် ဝန်ကြီးချုပ်ဦးနုအား ထပ်မံတိုက်တွန်းခဲ့ကြောင်း၊ ယင်းတိုက်တွန်းစာတွင်    ဝန်ကြီးချုပ်သည်     ပျူစောထီးများကို ဖျက်သိမ်းမည်ဟု ကြေညာခဲ့သော်လည်း ယခုတိုင် မဖျက်သိမ်းသေး ကြောင်း၊ ပျူစောထီးများသည် နေ့စဉ်နှင့်အမျှ ဆိုးသွမ်းသောင်းကျန်း ကာ ပြည်သူလူထု၏ဘဝကို  ခြိမ်းခြောက်မြဲ ခြိမ်းခြောက်နေသည်ကို အားလုံးသိပြီးဖြစ်မည်ဟု   ယုံကြည်ကြောင်း၊   ပျူစောထီးတပ် များသည်-


(က)    တစ်ဖွဲ့ တစ်ပါတီ လူတစ်စု၏ ခါးပိုက်ဆောင်တပ်အနေဖြင့် တည်ရှိ ဆောင်ရွက်နေခြင်း။ 
( ခ )    စတင်ဖွဲ့စည်းစဉ်ကပင် ပြည်သူလူထုအား နှိပ်စက်ညှဉ်းပန်း ခဲ့၍ ယနေ့တိုင်လည်း အမျိုးမျိုးအဖုံဖုံ  နှိပ်စက်ညှဉ်းပန်း လျက်ရှိခြင်း။ 
( ဂ )    ပြည်သူတို့၏    လွတ်လပ်စွာ   စည်းရုံးဆောင်ရွက်ခွင့်ကို ပြောင်ပြောင်တင်းတင်း   တားဆီးစော်ကားနေခြင်း။
(ဃ)    အနာဂတ်ကာလတွင်လည်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး နှင့် အမျိုး သားညီညွတ်ရေးအတွက် မည်သို့မျှ အထောက် အကူမပြုရုံမျှမက အကြီးမားဆုံး ဘေးအနှောင့်အယှက် အဟန့်အတားကြီးဖြစ်နေခြင်း။

 


(င)    လာလတ္တံ့သော  ရွေးကောက်ပွဲတွင် ၎င်းတို့တည်ရှိခြင်းဖြင့် လက်နက်ဖြင့် အဆုံးအဖြတ်ပေးမည့် မတရား မမျှတသော ရွေးကောက်ပွဲဖြစ်မည့် အလားအလာက ပိုမိုများပြားနေ ခြင်း   စသည်တို့ကို ထောက်ရှုကာ    ပျူစောထီးများအား အမြန်ဆုံး လက်တွေ့ဖျက်သိမ်းပေးပါရန် လေးနက်စွာ ထပ်မံတိုက်တွန်းရပါကြောင်း စသည်ဖြင့် ပါရှိကြောင်း။

 


ပျူစောထီးနှင့် ပတ်သက်ပြီး   ဗမာ့တပ်မတော်အား   စွပ်စွဲပြောဆို ချက်များကို ထိုစဉ်က အာဏာရနိုင်ငံရေးပါတီခေါင်းဆောင်များ၊ နိုင်ငံ ရေးသမားများကိုယ်တိုင်က  ဆောင်ရွက်ခဲ့ကြောင်း၊   တပ်မတော်က ခေါင်းဆောင်အချို့သည် ဝန်ကြီးချုပ်ဦးနုနှင့် သွားရောက်တွေ့ဆုံပြီး စွပ်စွဲချက်များသည် မဟုတ်မမှန်ကြောင်းကို ရှင်းလင်းခဲ့ကြကြောင်း၊ ထို့ကြောင့် တပ်မတော်ကို ပုတ်ခတ်ပြောဆိုမှုများသည်  မှားယွင်း ကြောင်း ဝန်ကြီးချုပ်က စက်တင်ဘာ ၄ ရက် ညတွင် အသံလွှင့်ကာ ရှင်းလင်းခဲ့ရသည်ကို သမိုင်းအထောက်အထားများအရ သိရကြောင်း၊ ယင်းမိန့်ခွန်းတွင် ပျူစောထီး ဖျက် သိမ်းရေး အစီအစဉ်နှင့်ပတ်သက်ပြီး ဗိုလ်မင်းခေါင် ဦးဆောင်သော လေးဦးအဖွဲ့က ပျူစောထီးဖျက်သိမ်းရေးအစီအစဉ်များကို ရေးဆွဲပြီးကြောင်း ပြောကြားခဲ့ကြောင်း။
ပျူစောထီးကိစ္စနှင့်ပတ်သက်ပြီး ၁၉၅၈ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် အစိုးရက ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး ၁၉၅၅ ခုနှစ် အောက်တိုဘာလမှစ၍ ဖွဲ့စည်းထားသည့် ပျူစောထီးအဖွဲ့အစည်းများအားလုံးကို  ဖျက်သိမ်းရန်   အစိုးရက    ဆုံးဖြတ်လိုက်ကြောင်း ကြေညာခဲ့ကြောင်း။ 

 


မိမိပြောလိုသည်မှာ   ပြည်ဖျက်မီဒီယာများ၊     NUG အမည်ခံ   အကြမ်းဖက်အဖွဲ့များ၊  PDF အဖွဲ့များ သုံးနှုန်းနေသည့် ပျူစောထီးတပ် ဆိုသည်မှာ    ပါလီမန်ဒီမိုကရေစီခေတ်က     ဦးနု၏   အာဏာရပါတီက ဒီမိုကရေစီအနိုင်ကျင့်မှုအတွက်  ဖွဲ့စည်းထားသည့် အဖွဲ့မျိုးဟုသာ ဆိုချင်ကြောင်း၊ အဆိုပါအမည်မျိုးကို မီဒီယာများက သုံးစွဲနေသည်မှာ သမိုင်းကြောင်းအမှန်ကိုမသိဘဲ ပြောဆိုခေါ်ဝေါ် သုံးစွဲနေခြင်းဖြစ်သည့် အတွက် အံ့ဩစရာကောင်းနေကြောင်း၊ ထိုစဉ်က ပြည်သူကိုနှိပ်စက်၊ သတ်ဖြတ်၊ ခြိမ်းခြောက်သည့် လုပ်ငန်းများကို မည်သူတို့က ယနေ့ ဤနိုင်ငံတွင် လုပ်နေသည်လဲ၊ နေ့စဉ်နှင့်အမျှ ရဟန်း၊ သံဃာများကို သတ်ဖြတ်၊ ဆရာ ဆရာမများကို ရန်ရှာ၊  ပြည်သူလူထုကြား  ဗုံးခွဲ၊ ကလေးများ၏ ပညာသင်ကြားမှုက  ခြိမ်းခြောက်၊
စာသင်ကျောင်းကိုပါ Drone နှင့်    ဗုံးကြဲနေသည်မှာ    မည်သူတို့ ဖြစ်သနည်း၊  ယင်း NUG၊ PDF    အမည်ခံအကြမ်းဖက်များသာ ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ဦးနုဖွဲ့စည်းခဲ့သည့် ပျူစောထီး အမည်ခံ လူရမ်းကားအဖွဲ့ထက်ဆိုးသည့် ခေတ်သစ်ပျူစောပျက်များ သာဖြစ်ကြောင်း၊   အွန်လိုင်းပေါ်တွင်   စွပ်စွဲပြောဆိုနေကြသည်မှာ ပျူစောထီးသည်     စစ်မှုထမ်းဟောင်းများနှင့်    မဘသများဟု ဆိုကြကြောင်း၊ ယုတ်မာသည့် အကြမ်းဖက်များနှင့် မီဒီယာများ၏ ၎င်းတို့လိုချင်သည့်   နှတ်ကြောင်းဟုသာ    ပြောလိုကြောင်း၊   ယခင်က    အတွေးအခေါ်များကိုသာ    ပုံဖော်နေခြင်းဖြစ်ကြောင်း။

 


မြန်မာ့နိုင်ငံရေးခရီးစဉ်တွင် စင်ပြိုင်အစိုးရဖွဲ့စည်းမှုနှင့် ပုံဖော်ခဲ့ သည်မှာ (၅)ကြိမ်ရှိခဲ့ကြောင်း၊ ပထမအကြိမ်က ဂျပန်တို့ မြန်မာပြည် ထိုးစစ်ကြောင့် ထွက်ပြေးရသည့် ဒေါ်မန်စမစ်၏ ပြည်ပရောက်အစိုးရ၊ ဒုတိယအကြိမ် စင်ပြိုင်အစိုးရမှာ ၁၉၆၉ ခုနှစ်က ပေါ်ထွက်ခဲ့သည့် ဦးနုဦးဆောင်သည့်    ပြည်ချစ်ဒီမိုကရေစီပါတီသာ    ဖြစ်ကြောင်း၊ ဗိုလ်ချုပ်ကြီးနေဝင်း နိုင်ငံတော်အာဏာ  ရယူသဖြင့် မကျေနပ်သည့် အတွက် ၁၉၆၉ ခုနှစ်၊  ဩဂုတ် ၂၉ ရက်တွင် ဖွဲ့စည်းခဲ့သည့်    အဖွဲ့ ဖြစ်ကြောင်း၊ တတိယအကြိမ်က ၁၉၈၈ အရေးတော်ပုံကာလတွင် ဖွဲ့စည်းခဲ့သည့် ဦးနုဦးဆောင်သည့် ကြားဖြတ်အစိုးရ ဖြစ်ကြောင်း၊ ဦးနုက ၎င်းသာဝန်ကြီးချုပ်ဆိုပြီး  ဖွဲ့ခဲ့ခြင်းဖြစ်ကြောင်း၊ စတုတ္ထအကြိမ် မှာ ၁၉၉၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၈ ရက်က ပေါ်ပေါက်ခဲ့သည့် NCGUB (မြန်မာနိုင်ငံ      အမျိုးသားညွန့်ပေါင်းအစိုးရ)     ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ၌  ရုံးစိုက်ခဲ့ပြီး ပြည်ပမှ ဆောင်ရွက်ခဲ့ သည့်အဖွဲ့ဖြစ်ကြောင်း၊ သောင်းကျန်းသူ ဌာနချုပ် တစ်နေရာ၌ စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့ အကြမ်းဖက်ခေါင်းဆောင် NUG လည်း ယင်းအတိုင်းသာဖြစ်ကြောင်း၊    စင်ပြိုင်အစိုးရ    ထူထောင်မည်၊ တောတွင်းအစိုးရထောင်မည်၊  ၎င်းတို့ထင်သလို     ဖြစ်မလာပါက အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၊ လက်ရှိလည်း ယင်းသို့သာဖြစ်ကြောင်း၊ ၎င်းတို့အတွက်   ခါးပိုက် ဆောင်အဖွဲ့ဆိုသည်မှာ အမြဲကပ်လျက်ပါလာသည်သာ ဖြစ်ကြောင်း။

 


မိမိကို ပျူစောထီးကို      တပ်မတော်ကဖွဲ့စည်း    ပေး/ မပေး တပ်မတော်၏ သဘောထားစသည်ဖြင့် မေးကြကြောင်း၊ အစိုးရအနေ ဖြင့်ရော၊ တပ်မတော်အနေနှင့်ပါ ဖဆပလကဲ့သို့ ဒီမိုကရေစီအရေခြုံအာဏာရှင်စနစ်ထူထောင်ရန် ခါးပိုက်ဆောင်တပ်    ပျူစောထီးကို ဖွဲ့ခဲ့ခြင်းမရှိကြောင်း၊   ပျူစောထီးဆိုသည့်   အသုံးအနှုန်းကို မရှိခဲ့ ကြောင်း၊ တပ်မတော်သည် သမိုင်းကြောင်းကို ကျေညက်ပြီး ဖြစ် ကြောင်း၊   သမိုင်းကြောင်း   အစာမကြေသူများသာ  သမိုင်းဘီးကို နောက်ပြန်လှည့်နေခြင်းဖြစ်ကြောင်း၊ တပ်မတော်က တည်ဆဲဥပဒေ များအရ ဒေသခံပြည်သူလူထုက ၎င်းတို့၏ ကျေးရွာ၊ ရပ်ကွက်များ၏ လုံခြုံရေးအတွက် ပြည်သူ့စစ်ဖွဲ့စည်းခွင့် တင်ပြလာပါက ဖွဲ့စည်းခွင့် စိစစ်ခြင်းများ၊ ဖွဲ့စည်းခွင့်ပြုခြင်းများ၊ လိုအပ်သည့်လက်နက် တပ်ဆင်ပေးခြင်းများ၊  စစ်မြေပြင် စည်းကမ်းနှင့် စစ်သင်တန်းပေးခြင်း များ ဆောင်ရွက်ပေးကြောင်း၊   လိုအပ်လျှင်   ဥပဒေအရ    ဒေသ ကာကွယ်ရေးအတွက် ပြည်သူ့စစ်ဖွဲ့စည်းရန်သာရှိကြောင်း။

 


ပြည်သူ့စစ်ဆိုသည်မှာ မိမိနိုင်ငံတော်နှင့် တိုင်းရင်းသား  ပြည်သူ လူထုတစ်ရပ်လုံး၏   လုံခြုံရေးကို   မိမိကိုယ်တိုင် ပါဝင်ဆောင်ရွက် ရမည်ဟု ပြည်သူလူထုတစ်ရပ်လုံးက    သဘောပေါက်ပြီး နိုးကြား တက်ကြွစွာ အသိနှင့်ယှဉ်သည့်  ပါဝင်ဆောင်ရွက်မှုသာဖြစ်ကြောင်း၊ တိုင်းရင်းသားပြည်သူလူထုအတွင်းမှ      စည်းရုံးဖွဲ့စည်းထားသည့် ပြည်သူ့စစ်အဖွဲ့ဝင်များသည် အေးချမ်းချိန် နိုင်ငံတော်တည်ဆောက် ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန်၊ မြို့နယ်၊     ကျေးရွာ လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်း၊ ရေတို ရည်မှန်းချက်က    ပြည်တွင်းလက်နက်ကိုင်      အကြမ်းဖက်မှုကို   ချေမှုန်းရန်၊ ရေရှည် ရည်မှန်းချက်က နိုင်ငံတော်ကာကွယ်စောင့်ရှောက် ရာတွင် ပြည်သူ့စစ်မဟာဗျူဟာအစီအမံ၏  အစိတ်အပိုင်းဖြစ် ပါဝင် ရန်သာဖြစ်ကြောင်း၊ မီဒီယာများနှင့် ဆန့်ကျင်ဘက်အဖွဲ့အစည်းများ  သုံးနေသည့် ပျူစောထီးဆိုသည်မှာ    ၂၀၂၁ ဖေဖော်ဝါရီ လကုန်ခါနီး   နွေရောက်လုဆဲဆဲ ဆောင်းအကုန်၊ နွေအကူးကစပြီး အရူးထခြင်း တစ်မျိုးသာဖြစ်ကြောင်း ပြောလိုကြောင်း။    


 (ဆက်လက်ဖော်ပြပါမည်)