နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် အောက်တိုဘာ ၈


(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ညနေပိုင်းတွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။                    

 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်   ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်း သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး  စိုးထွဋ်၊   ဦးကိုကို၊ နေပြည်တော်ကောင်စီ      ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူ များလိုက်ပါ၍      နေပြည်တော် ရှိ    မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)၊  အမျိုးသားစာကြည့်တိုက်၊ အမျိုးသားပြတိုက်၊ သာသနာရေး နှင့်       ယဉ်ကျေးမှုဝန်ကြီးဌာန ရှိ     ယဉ်ကျေးမှုရတနာခန်းမ၊ လေ့ကျင့်ရေးဇာတ်ရုံများသို့ သွား ရောက်၍  (၂၃)   ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု    အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပ နိုင်ရေးအတွက်  ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု  အခြေအနေ များကို    ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက  သက်ဆိုင်ရာ ကဏ္ဍများအလိုက်    ရှင်းလင်း တင်ပြကြပြီး      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဒုတိယ ဥက္ကဋ္ဌ     ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 


လိုအပ်သည်များ
ညှိနှိုင်းဆောင်ရွက်ပေး


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ      ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ ဝင်များသည်     နေပြည်တော် စစ်ကြောရေးနှင့်    တည်းခိုရေး စခန်း၌ (၂၃) ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ   ဝင်ရောက် ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အဖွဲ့ များ၊ ဒိုင်အဖွဲ့ဝင်များ၏   နေထိုင် စားသောက်ရေးအတွက်     အိပ် ဆောင်များ၊      စားရိပ်သာနှင့် စားချက်ဆောင်များ၊  စားသောက် ဆိုင်များနှင့်   အရောင်းဆိုင်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဆပ် ကော်မတီများအလိုက်   လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ကျန်းမာ ရေးနှင့် ဆေးအကာအကွယ်ပေး ရေးအဖွဲ့များ စုဖွဲ့ပြင်ဆင်ဆောင် ရွက်ထားရှိမှုများကို   လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို       တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ကာ ရောက်ရှိနေကြသည့်  အကဲ ဖြတ်ဒိုင်အဖွဲ့များနှင့်   ပြိုင်ပွဲဝင် အဖွဲ့များအား     ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။ 

သတင်းစဉ်