နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

 

နိုင်ငံနှင့် ပြည်သူများက လေးစားဂုဏ်ယူဖွယ် အားကိုးအားထားပြုနိုင်သည့် ရဲတပ်ဖွဲ့ဝင်ကောင်းများဖြစ်အောင် ကြိုးပမ်းကြရမည်

 

နေပြည်တော် အောက်တိုဘာ ၁


(၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂(MICC-2)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး    စိုးဝင်း  တက်ရောက်အမှာစကား  ပြောကြားသည်။

 


အခမ်းအနားသို့       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံးရုံးဥက္ကဋ္ဌ၊   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊  ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊  တပ်မတော်အရာရှိကြီးများ၊    ဒုတိယဝန်ကြီးများ၊ သံတမန်များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ဖိတ်ကြားထား သော ဧည့်သည်တော်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာ နှင့် ဆက်စပ်အဖွဲ့အစည်းများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့   ရဲချုပ်နှင့်ရဲတပ်ဖွဲ့ဝင် များ၊ အငြိမ်းစား ရဲအရာရှိကြီးများ၊  အနုပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။  

 


ဦးစွာ   အခမ်းအနားသို့  တက်ရောက်လာကြသူ များက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ ကို အလေးပြုကြပြီး တာဝန်ထမ်းဆောင်ရင်းကျဆုံးခဲ့ကြသော ရဲတပ်ဖွဲ့ဝင်များ အား အမှတ်ရဂုဏ်ပြုသော အားဖြင့်  တစ်မိနစ်ငြိမ်သက်ကြကာ   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက     ဂုဏ်ပြုတေးသီချင်းဖြင့်     သီဆို ဖျော်ဖြေကြသည်။ 

 


အခမ်းအနားတွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး  စိုးဝင်းက   ယနေ့ ၂၀၂၂ ခုနှစ်  အောက်တိုဘာ ၁ ရက်တွင်   ကျရောက်သည့်  (၅၈)  နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့      ဂုဏ်ပြုအခမ်း အနားသို့ တက်ရောက်အမှာစကား   ပြောကြားခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း။

 


ပြည်သူ့အကျိုးစီးပွားကို   ပိုမိုဆောင်ကြဉ်း   


လွတ်လပ်ရေးရပြီးနောက်ပိုင်း        မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲမှုများ  ပြုလုပ်လာခဲ့ပြီး ၁၉၆၄ ခုနှစ်   အောက်တိုဘာ ၁ ရက်တွင်  ပြည်သူ့ ရဲတပ်ဖွဲ့ဟုခေါ်ဝေါ် သတ်မှတ်ခဲ့သည့်အပြင် ရဲတပ်ဖွဲ့ နေ့အဖြစ်လည်း စတင်သတ်မှတ်ခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ပြည်သူ့ရဲတပ်ဖွဲ့မှ  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟု  ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် “သစ္စာ၊ သမာဓိ၊ သတ္တိ” ဟူသည့် ဦးထိပ်ပန်ဆင်ထားသော  ဆောင်ပုဒ်နှင့်အညီ ပြည်သူ့အကျိုးစီးပွားကို   ပိုမိုဆောင်ကြဉ်းနိုင်သည့် ရဲတပ်ဖွဲ့ဖြစ်လာစေရန်  အသွင်သဏ္ဌာန်ရော၊ အနှစ် သာရပါပြောင်းလဲလာအောင်  နှစ်အလိုက်  အစီအမံ များ  ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လာ ရာ ယခုဆိုလျှင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း။

 


မြန်မာနိုင်ငံရဲတပ်ဖွဲ့သည်   ခေတ်အဆက်ဆက် ပြည်တွင်းလုံခြုံရေးနှင့်  ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊   မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ရေးဟူသည့်   ရည်မှန်းချက်တာဝန်(၄)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း။

 


ယနေ့ တည်ဆဲဥပဒေများ၊ ချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများ အပါအဝင် အမျိုးမျိုးသော မှုခင်း များကိုကြည့်လျှင်      မှုခင်းဖြစ်ပွားမှုများပြားခြင်း၊ လျော့နည်းခြင်းဆိုသည့်  အကြောင်းတရားများသည် ပတ်ဝန်းကျင်တွင်   ဖြစ်ပျက်နေသည့်    လူမှုရေး ပြဿနာ၊   ပညာရေးနိမ့်ကျမှုပြဿနာ၊   စီးပွားရေး ဆိုင်ရာပြဿနာ၊    မူးယစ်ဆေးဝါးပြဿနာများ နှင့်ဆက်နွှယ်နေသည့်အတွက် လက်ရှိကျင့်သုံးနေ သော ဥပဒေများနှင့်  တရားစီရင်ရေးစနစ်တို့ အပေါ်၌ သာ မှီခိုအားထားခြင်းတစ်ခုတည်းနှင့် မလုံလောက် တော့ဘဲ      ရဲတပ်ဖွဲ့နှင့်အတူ  တရားရေးကဏ္ဍမှ စ၍    ဆက်စပ်ဝန်ကြီးဌာနများ၊     ပြည်တွင်း/   ပြည်ပအဖွဲ့အစည်းများနှင့်     လူထုလူတန်းစား  အဖွဲ့အစည်းအသီးသီးတို့ကလည်း     ကဏ္ဍအလိုက် ပူးပေါင်း    ဆောင်ရွက်သွားကြရန်လိုအပ်သည်ကို        တွေ့ရကြောင်း။

 


ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက် 


ထို့ပြင်    ကမ္ဘာတစ်ဝန်း၌   သမားရိုးကျနှင့် သမားရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာ ပြဿနာ များ ရင်ဆိုင်နေရပြီး နိုင်ငံဖြတ်ကျော်မှုခင်းများသည် အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်ခုတည်းဖြင့်  ဖြေရှင်း နိုင်သည့်    ပြဿနာမဟုတ်တော့ဘဲ  ဒေသတွင်းနှင့် နိုင်ငံတကာ   ပူးပေါင်းဆောင်ရွက်ရမည့်    မှုခင်း ပြဿနာမျိုးများဖြစ်လာကြောင်း၊   အကြမ်းဖက်မှု အန္တရာယ်သည်  နိုင်ငံဖြတ်ကျော်မှုခင်းပုံစံအားလုံးနှင့်   ချိတ်ဆက်မှုရှိနေသည့်အတွက်  သာမန်မှုခင်း ပြဿနာတစ်ခုကဲ့သို့ ရှုထောင့်တစ်ခုတည်းကသုံးသပ် ဖြေရှင်း၍မရတော့ဘဲ ကဏ္ဍပေါင်းစုံမှ ရှုမြင်သုံးသပ် ပြီး ပြည်တွင်း/ပြည်ပ ဆက်စပ်အဖွဲ့များအားလုံးနှင့် အပြုသဘောဆောင်သည့်   ပူးပေါင်းဆောင်ရွက်မှုဖြင့် သာ ပြဿနာအရင်းအမြစ်ကို ဖော်ထုတ်ဖြေရှင်းရ သည့် အခြေအနေများလည်း ဖြစ်လာခဲ့ကြောင်း။ 

 


နိုင်ငံဖြတ်ကျော်မှုခင်းများသည်   နိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်လုံခြုံရေးတို့အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်ပြီး    လူသားလုံခြုံရေးအတွက်လည်း ကြီးမား သည့် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကြောင်း၊ ယနေ့ Globalization ခေတ်တွင်  နိုင်ငံဖြတ်ကျော်ဂိုဏ်းဖွဲ့ ပြစ်မှုကျူးလွန်မှုများကို   နိုင်ငံတစ်နိုင်ငံတည်းက ဖြေရှင်းဆောင်ရွက်ရန်ခက်ခဲပြီး  နိုင်ငံများအကြားအပြန်အလှန်ပေါင်းစပ်ညှိနှိုင်း ချိတ်ဆက်တုံ့ပြန်မှုများ နှင့်သာ        ဖြေရှင်းဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊   ထိုသို့ဆောင်ရွက်နိုင်ရန်    အပြည်ပြည် ဆိုင်ရာရဲအဖွဲ့ (INTERPOL) ကို ၁၉၅၄ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင်   မြန်မာနိုင်ငံမှ   စတင်ဝင်ရောက်ခဲ့ပြီး နိုင်ငံပေါင်း ၁၉၅ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဝင် နိုင်ငံများ၏   ရဲတပ်ဖွဲ့များအကြား  အပြန်အလှန် သတင်းအချက်အလက်ဖလှယ် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း။ 

 


၂၀၀၀ ပြည့်နှစ်တွင်   နိုင်ငံဖြတ်ကျော်ဂိုဏ်းအဖွဲ့ မှုခင်းများ   တိုက်ဖျက်ရေးဆိုင်ရာ    ကုလသမဂ္ဂ ကွန်ဗင်းရှင်းကို   အတည်ပြုခဲ့ပြီး  အာဆီယံရဲအဖွဲ့၊ ဥရောပရဲအဖွဲ့၊ အာဖရိကရဲအဖွဲ့  စသည်ဖြင့် ဒေသ ဆိုင်ရာရဲအဖွဲ့များ  ဖွဲ့စည်းခဲ့ကာ နိုင်ငံဖြတ်ကျော်မှုခင်း များ       တိုက်ဖျက်ရေးကို    အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြကြောင်း။ 

 


အထူးသဖြင့်   အကြမ်းဖက်မှု၊   မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊  လူကုန်ကူးမှုကဲ့သို့သော နိုင်ငံဖြတ်ကျော်မှုခင်းများကို         နိုင်ငံတကာနှင့် ချိတ်ဆက်၍ တားဆီးနှိမ်နင်းခြင်း၊ ထိရောက်အကျိုး ရှိသည့် ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်ရန် အိမ်နီးချင်းနိုင်ငံများ၊          ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်   ချုပ်ဆိုထားသည့် နားလည်မှုစာချွန်လွှာများ၊ သဘောတူညီချက်များ၊ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ညှိနှိုင်းအကောင်အထည်ဖော် ပူးပေါင်း ဆောင်ရွက်သွားကြပါဟု တိုက်တွန်းလိုကြောင်း။

 


မူးယစ်ဆေးဝါးအန္တရာယ်ပပျောက်ရေး


ထိုသို့ပူးပေါင်းဆောင်ရွက်ရာတွင် နိုင်ငံတော် အဆင့်   အလေးထားကိုင်တွယ်ဖြေရှင်း နေရသည့် အရေးကြီးပြဿနာတစ်ရပ်မှာ    မူးယစ်ဆေးဝါး ပြဿနာဖြစ်ကြောင်း။      ယနေ့နိုင်ငံတကာ၌ မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းကြရာ တွင် နောက်ခံသမိုင်းကြောင်း၊ ယဉ်ကျေးမှု၊   ဖွံ့ဖြိုး တိုးတက်မှုနှင့် အရင်းအမြစ်ပိုင်ဆိုင်မှု၊ တည်နေရာ၊ ပထဝီ မြေအနေအထားတို့အပေါ်အခြေခံပြီး ချဉ်းကပ် မှုပုံစံအမျိုးမျိုးဖြင့်   ကြိုးပမ်းထိန်းသိမ်းဆောင်ရွက် နေကြသည်ကိုလည်း   တွေ့ရှိရမည်ဖြစ်ကြောင်း၊  မြန်မာနိုင်ငံ၌လည်း    မူးယစ်ဆေးဝါးပြဿနာကို ကမ္ဘာ့နိုင်ငံများနည်းတူ နှစ်ကာလကြာရှည်စွာခံစားခဲ့ရခြင်းကြောင့် နိုင်ငံတော်အစိုးရ အဆက်ဆက်သည် မူးယစ်ဆေးဝါးအန္တရာယ်         ပပျောက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေး  ကောင်စီအနေဖြင့် ၂၀၂၂ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ကို အဖွဲ့ဝင် ၁၉ ဦး၊  လုပ်ငန်းတာဝန် ၂၁ ချက်ဖြင့် အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းပေးခဲ့ပြီးဖြစ် ကြောင်း။ မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများအန္တရာယ်  တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့သည်  ၁၉၉၃   ခုနှစ်  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော   ဆေးဝါးများ  အန္တရာယ် တားဆီးကာကွယ်ရေး ဥပဒေအခန်း(၄)၊ ပုဒ်မ(၇)အရ ခေတ်စနစ်နှင့်လျော်ညီစွာ ဖြစ်စေရေးအတွက် လုပ်ငန်းအဖွဲ့ ၁၁ ဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊  မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့သည် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ် တစ်ရပ်ကို   ကုလသမဂ္ဂမူးယစ်ဆေးဝါးပြဿနာ ဆိုင်ရာ အထူးအစည်းအဝေး၏လုပ်ငန်း အကြံပြုချက် များနှင့်အညီ     ရေးဆွဲဆောင်ရွက်နေသည်ကိုတွေ့ရ ကြောင်း။  မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေ သော    ဆေးဝါးများအန္တရာယ်  တားဆီးကာကွယ် ရေးဗဟိုအဖွဲ့အောက်တွင် ထိန်းချုပ်ဓာတုပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့ကိုလည်း   ၁၉၉၈   ခုနှစ်မှစတင်   ဖွဲ့စည်းပေးထားပြီးဖြစ်သည့်အတွက်    ထိန်းချုပ် ဓာတုပစ္စည်းများကို         တရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်ရာ    လမ်းလွဲသို့    မရောက်ရှိစေရေး အလေးထား       ကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

 


အနီးကပ်ပူးပေါင်း ဆောင်ရွက်


မူးယစ်ဆေးဝါးဆိုင်ရာကိစ္စရပ်နှင့်   ပတ်သက်၍ မြန်မာနိုင်ငံသည်     မူးယစ်ဆေးဝါးထိန်းချုပ်ရေး အတွက် ကုလသမဂ္ဂမူးယစ်ဆေးဝါးဆိုင်ရာ ကွန်ဗင်း ရှင်းများတွင်   ပါဝင်လက်မှတ်ရေးထိုး   ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(INCB)၊ ကုလသမဂ္ဂမူးယစ် ဆေးဝါးနှင့်   မှုခင်းဆိုင်ရာရုံး  (UNODC)၊   အစိုးရ မဟုတ်သော   အဖွဲ့အစည်းများနှင့်  မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာကိစ္စရပ်များတွင်    ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အပြင် ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်       မှုခင်းဆိုင်ရာရုံး (UNODC)၊  အမေရိကန်မူးယစ်ဆေးဝါး   တားဆီး နှိမ်နင်းရေးအုပ်ချုပ်မှုအဖွဲ့  (DEA)၊   ဩစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့(AFP)၊ ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB)၊  တရုတ်နိုင်ငံအမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင်   (NNCC) တို့နှင့်လည်း အနီးကပ်ပူးပေါင်း ဆောင်ရွက်လျက်ရှိ ကြောင်း။ 

 


မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည် နှင့်အညီ မူးယစ်ဆေးဝါးထိန်းချုပ် ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အာဆီယံအဖွဲ့ဝင် နိုင်ငံများအတွင်း        မူးယစ်ဆေးဝါးထိန်းချုပ်ရေး အစည်းအဝေးများဖြစ်သည့် မူးယစ်ဆေးဝါးထိန်းချုပ် ရေးဆိုင်ရာ   အာဆီယံဝန်ကြီးအဆင့်အစည်းအဝေး(AMMD)၊   အာဆီယံမူးယစ်ဆေးဝါးထိန်းချုပ်ရေး ဆိုင်ရာ  အဆင့်မြင့်အရာရှိကြီးများ  အစည်းအဝေး (ASOD)၊  အာဆီယံမူးယစ်ဆေးဝါး      စောင့်ကြပ်ကြည့်ရှုမှု ကွန်ရက်    အစည်းအဝေး   (ADMN)    တို့သို့ ပါဝင် တက်ရောက် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း။

 


တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိ 


အာဆီယံအဖွဲ့က    ချမှတ်ပေးသော   ဘေးကင်း လုံခြုံသည့်   လူမှုအဖွဲ့အစည်းဖြစ်စေရေး၊   မူးယစ် ဆေးဝါးဆန့်ကျင်ရေး   အာဆီယံလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅)တို့၌လည်း   ပွင့်လင်းမြင်သာစွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုအဖြစ်      မြန်မာနိုင်ငံသည်  မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်နိုင်ရန် အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ရုရှား၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့နှင့် နှစ်နိုင်ငံ သဘောတူညီချက်များ(LoA)၊ နားလည်မှုစာချွန်လွှာ များ (MoU) လက်မှတ်ရေးထိုးထားပြီး  ကုလသမဂ္ဂ ဆိုင်ရာ    အစိုးရမဟုတ်သော  အဖွဲ့အစည်းများ၊  ပြည်တွင်းအခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်  အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံကြီးအချို့နှင့်လည်း   မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေးလုပ်ငန်းများကို အပြန်အလှန် နားလည်မှု၊   ယုံကြည်မှု၊  လေးစားမှုများကိုအခြေခံ လျက်   တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ငန်းတာဝန်များ အနက်မှ လုပ်ဆောင်ချက်တစ်ရပ်ကိုလည်း အခမ်း အနားသို့   တက်ရောက်လာကြသည့်  ဧည့်သည် တော်ကြီးများနှင့် နိုင်ငံသူ၊ နိုင်ငံသားများအားလုံးသို့အသိပေးပြောကြားလိုကြောင်း။ 

 


ထို့ပြင် မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုနှင့် မူးယစ်ဆေးဝါး သယ်ဆောင်ရာလမ်း ကြောင်းများ ပြောင်းလဲမှုအပေါ်သုံးသပ်၍ ၂၀၂၂ ခုနှစ် အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူး စစ်ဆင်ရေး    နှစ်ကြိမ်     ဆောင်ရွက်ခဲ့နိုင်ကြောင်း၊ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများကို ကြည့်မည်ဆိုပါ က ၂၀၂၁ ခုနှစ်အတွင်း တန်ဖိုးငွေကျပ် ၉၇၀ ဘီလီယံ ကျော် (အမေရိကန်ဒေါ်လာ ၆၀၆ ဒသမ ၄၃၀၆ သန်း)နှင့် ၂၀၂၂ ခုနှစ်  ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၁၀ ရက် အထိ   ၆  လကျော်ကာလအတွင်း   တန်ဖိုးငွေကျပ် ၇၀၈ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၃၈၃ ဒသမ ၁၁၉ သန်း)ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော  အဖွဲ့များ၏  လုပ်ဆောင်ချက် ကောင်းမွန်မှုနှင့် တာဝန်ကျေပွန်မှုတို့ကြောင့်ဖြစ်ပြီး ရှေ့ဆက်လက်ပေးအပ်သည့်   တာဝန်ဝတ္တရားများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ          တာဝန်ကိုသစ္စာရှိရှိ ကျေပွန်စွာထမ်းဆောင်ကြမည်ဟူသည့်  ဝန်ထမ်း ကောင်း စိတ်ဓာတ်များဖြင့် ဆက်လက်တာဝန်ထမ်း ဆောင်စေလိုကြောင်း။

 


ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြစေလို


၂၀၂၂ ခုနှစ်   ဇွန် ၂၆  ရက်တွင် ကျရောက်သည့် (၃၅)  ကြိမ်မြောက်  အပြည်ပြည်ဆိုင်ရာ   မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့်       တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့   အထိမ်းအမှတ်အဖြစ်   မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော   ဆေးဝါးများ အန္တရာယ်         တားဆီးကာကွယ်ရေးဗဟိုအဖွဲ့က ဦးဆောင်၍   တိုင်းဒေသကြီးနှင့်   ပြည်နယ်မူးယစ် ဆေးဝါးနှင့်  စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့၏ ကြီးကြပ်မှု ဖြင့် ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်း များနှင့်ဆက်စပ်ပစ္စည်းများ   မီးရှို့ဖျက်ဆီးပွဲ အခမ်း အနားများကို မန္တလေး၊ ရန်ကုန်နှင့်တောင်ကြီးမြို့များ တွင်  ကျင်းပခဲ့၍  တန်ဖိုးငွေကျပ် ၁၁၈၈ ဘီလီ ယံကျော် (အမေရိကန်ဒေါ်လာ ၆၄၂ ဒသမ ၆၀၈ သန်း)ခန့် မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ တစ်ဖက်တွင် တရားမဝင်ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအတွက် လည်း ထိရောက်မှုတစ်ခုအဖြစ် တွေ့ကြရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် တစ်မျိုးသားလုံး လူညွန့်တုံး စေပြီး    နိုင်ငံအတွက်   အန္တရာယ်ကြီးမားသည့်  အမျိုးမျိုးသောမူးယစ်ဆေးဝါးများကို   တားဆီး ကာကွယ်ကြရာတွင်  ပြည်သူတစ်ရပ်လုံးအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အတူ  ပူးပေါင်းပါဝင်ကြစေလိုကြောင်း။

 


လူကုန်ကူးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် လူကုန်ကူးမှုတိုက်ဖျက်ရေးကို ၁၉၉၇ ခုနှစ်မှ စတင် ကာ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ် တိုက်ဖျက်လာခဲ့သည်မှာ  ယခုဆိုလျှင် ၂၅ နှစ်ရှိခဲ့ ပြီဖြစ်ကြောင်း၊         လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်လျက်ရှိသည့်စာချုပ်ဝင်နိုင်ငံများ၊ ဒေသ တွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက် လျက်ရှိနေသည်မှာ  ယနေ့တိုင်ဖြစ်ကြောင်း၊ လူကုန် ကူးမှုများကို အရေးယူနိုင်ရေးအတွက် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေကို  ၂၀၀၅  ခုနှစ်တွင် ပြဋ္ဌာန်းဆောင်ရွက်နိုင်ခဲ့ပြီး ယခုဆိုလျှင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်ခဲ့သည့် စီးပွားရေး ဆိုင်ရာအခြေအနေများ၊    လူကုန်ကူးမှုများမှရရှိသည့် အလွန်ကြီးမားသော အကျိုးအမြတ်များ၊ ပြောင်းလဲ ဖြစ်ပေါ်နေသည့် နိုင်ငံတကာ ကူးလူးဆက်ဆံမှုများနှင့် ခေတ်မီတိုးတက်လာသည့်  အင်တာနက်အခြေပြု သတင်းအချက်အလက်     နည်းပညာများကြောင့် လူကုန်ကူးမှုများ တိုးတက်ဖြစ်ပေါ်နေသည့်အတွက် ထိန်းချုပ်အရေးယူနိုင်ရန် ၂၀၂၂ခုနှစ်  ဇွန် ၁၆ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လူကုန် ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေသစ်ကို ပြဋ္ဌာန်းပေး နိုင်ခဲ့ကြောင်း။ 

 


လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေသစ်တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး  ရဲတပ်ဖွဲ့အနေဖြင့် လူကုန်ကူးမှုခင်းများ ဖော်ထုတ်ရာတွင် နိုင်ငံတကာ စံချိန်စံနှုန်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိထိ ရောက်ရောက် ဖော်ထုတ်ဆောင်ရွက်နိုင်ရန်လိုအပ် သကဲ့သို့ လူကုန်ကူးခံရသူများ ကာကွယ်စောင့်ရှောက် မှုအပိုင်းနှင့်  လူကုန်ကူးသူများကို  အရေးယူ၊ တရားစွဲဆိုအပြစ်ပေးမှုအပိုင်းတွင်လည်း   ပိုမိုဖြည့်ဆည်း အရေးယူဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း။

 


 လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး    ဥပဒေအရ  လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဖွဲ့စည်း ခြင်း၊ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး အဖွဲ့    ဖွဲ့စည်းခြင်းတို့   ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ(၅)နှစ် စီမံကိန်း (၂၀၂၂-၂၀၂၆)များကို ရည်မှန်းချက်  တာဝန်(၄)ရပ်၊  မဟာဗျူဟာ(၃)ရပ်၊ နည်းဗျူဟာ (၄)ရပ်၊ လုပ်ငန်းကဏ္ဍ(၄)ရပ်   ရေးဆွဲ ချမှတ်ပြီး  မူဝါဒများနှင့်အညီ ပူးပေါင်းဆောင်ရွက်ခြင်း၊ ကြိုတင်ကာကွယ်တားဆီးခြင်းနှင့်  တရားစွဲတင်၍ ဥပဒေနှင့်အညီ အရေးယူခြင်းစသည့် ကဏ္ဍများဖြင့် အကောင်အထည်ဖော်  ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

 


ငွေကြေးဆိုင်ရာ       မှုခင်းတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု အား ငွေကြေးထောက်ပံ့မှုတို့ကို တိုက်ဖျက်ရန်အစဉ် ဆောင်ရွက်လျက်ရှိပြီး ယခုကဲ့သို့ဆောင်ရွက်ရာတွင် ၂၀၁၄ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊   အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ တရားဥပဒေစိုးမိုးရေးအဖွဲ့ အစည်းများ၊ တရားစီရင်ရေးအဖွဲ့များနှင့် ချိတ်ဆက် ဆောင်ရွက်နေကြောင်း။

 

 
 ငွေကြေးခဝါချမှု   တိုက်ဖျက်ရေးအဖွဲ့သည် ငွေကြေးခဝါချမှုနှင့်  အကြမ်းဖက်မှုကို  ငွေကြေး ထောက်ပံ့မှုတို့ကို    ထိရောက်စွာအရေးယူနိုင်ရန်၊  ဆင့်ပွားပေါ်ပေါက်နိုင်သည့်          ပြစ်မှုများကို ကာကွယ်ဟန့်တားရန်နှင့် ငွေကြေးခဝါချမှု၊ အကြမ်း ဖက်မှုကို          ငွေကြေးထောက်ပံ့မှုတို့မှတစ်ဆင့် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ များသို့ ဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်နိုင်ရေး အတွက် ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ အခြား သက်ဆိုင်သော   အစိုးရဌာနအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှု၊  နိုင်ငံတော်ကလက်ခံထားသည့်  အပြည်ပြည်ဆိုင်ရာ       ကွန်ဗင်းရှင်းများနှင့်အညီ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့ကို   အောင်မြင်ထိရောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။ 

 


ယနေ့ခေတ်ကာလသည်  နည်းပညာခေတ်ဖြစ် သည့်အတွက် နည်းပညာနှင့် ပတ်သက်၍ ကောင်းမွန် စွာ အသုံးချနိုင်ရန် လိုအပ်ကြောင်း၊ ခေတ်မီဆက်သွယ် ရေးစနစ်များကို  အသုံးပြု၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များကို  ဆက်လက်အကောင် အထည်ဖော်          ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။ 

 


မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် အသုံးပြုခဲ့သည့် ခေတ် စနစ်နှင့်    လိုက်လျောညီထွေမှု  မရှိတော့သည့် လက်နက်များအစား လက်ရှိအခြေအနေနှင့် ကိုက်ညီ သည့် ခေတ်မီ မောင်းပြန်လက်နက်များ၊ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ  လူစုလူဝေးကို  လူစုခွဲရာတွင် အသုံးပြုသည့်   ခေတ်ကာလနှင့်  လျော်ညီသော အဓိကရုဏ်းနှိမ်နင်းရေး    လက်နက်များ၊    ခေတ်မီ မောင်းပြန် ရိုင်ဖယ်လက်နက်များ၊ မှုခင်းသုံးခေတ်မီနည်းပညာပစ္စည်းများ၊ DNA ဓာတ်ခွဲခန်းသုံး ပစ္စည်း များ၊ ဆက်သွယ်ရေးစက်ပစ္စည်းများ၊ Mobile X-Ray ယာဉ်များ၊ မော်တော်ယာဉ်/ ဆိုင်ကယ်များကိုလည်း နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သကဲ့သို့  အဆင့်မြင့် နည်းပညာနှင့် အတတ်ပညာများကိုလည်း နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံအချို့မှ ကူညီပံ့ပိုး ပေးမှုများရရှိပြီး ယနေ့အဆင့်မြင့်စက်ကိရိယာ နည်း ပညာများကို အသုံးပြုဆောင်ရွက်လျက်ရှိကြောင်း။ 

 


မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို စွမ်းရည်ပြည့်ဝခေတ်မီ သည့်    နိုင်ငံတကာအဆင့်မီ  ရဲတပ်ဖွဲ့ဖြစ်အောင် တပ်ဖွဲ့ဝင်များ အသိပညာ၊ အတတ်ပညာများတိုးတက် မြင့်မားစေရေး၊   တပ်ဖွဲ့တွင်းလုပ်ငန်းစွမ်းရည်များတိုးတက်မြင့်မားစေရေး၊ တိုးတက်ပြောင်းလဲနေသည့် ခေတ်စနစ်နှင့်အညီ   ခေတ်မီစက်ကိရိယာများနှင့် နည်းပညာရပ်များကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံး ပြုနိုင်ရေး၊ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နိုင် ရေးအတွက်   ဘာသာစကား ကျွမ်းကျင်တတ်မြောက် စေရေး၊     ဆိုက်ဘာမှုခင်းများနှင့်   ပတ်သက်၍ ကျွမ်းကျင်စွာ            စုံစမ်းဖော်ထုတ်နိုင်ရေးအတွက် ပြည်ပနိုင်ငံများ၌ဖွင့်လှစ်သည့်   သင်တန်းများသို့ စေလွှတ်တက်ရောက်စေလျက်ရှိကြောင်း။ 

 


အဆိုပါသင်တန်းများတွင် လေ့ကျင့်သင်ကြား ရရှိခဲ့ကြသည့်   အသိပညာ၊  အတတ်ပညာများကို  ကိုယ်တိုင်လိုက်နာကျင့်သုံးသကဲ့သို့   ကျန်ညီနောင် တပ်ဖွဲ့ဝင်များကိုပါ အသိပညာ၊ အတတ်ပညာများ ဆင့်ပွားဖြန့်ဝေပေးခြင်းဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၏   စွမ်းဆောင်ရည်များသည်   ယခုထက်ပိုမို စွမ်းဆောင်လာနိုင်မည်ဖြစ်ကြောင်း။

 


နိုင်ငံတကာရဲတပ်ဖွဲ့များနှင့်   ဆက်ဆံမှုများမှ  ၂၀၂၂ ခုနှစ် ဇူလိုင် ၇ ရက်မှ ၁၀ ရက် အထိ ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့၌  ကျင်းပသော ASEAN POLICE MUSIC   FESTIVAL   တွင်   မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲလေ့ကျင့်ရေးဌာနကြီး၊ ရဲတီးဝိုင်းအဖွဲ့တက်ရောက်၍ ဗီယက်နမ်၊ ဘရူနိုင်း၊ လာအို၊ ဖိလစ်ပိုင်၊ တရုတ်၊ ဂျပန်တို့နှင့်အတူ   စုပေါင်းတီးမှုတ်လေ့ကျင့်ခြင်း၊ ဖျော်ဖြေခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း။

 


တပ်ဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်တင် 


တပ်ဖွဲ့ဝင်များ၏    တာဝန်ထမ်းဆောင်မှုကို နိုင်ငံတော်က   အလေးထား    အသိအမှတ်ပြုပြီး  မြန်မာနိုင်ငံ      ရဲတပ်ဖွဲ့ဆိုင်ရာစွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဂုဏ်ထူးဆောင်  တံဆိပ်များကို   စိစစ် ချီးမြှင့်ပေးခြင်းဖြင့် တပ်ဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်တင် ရေးကိုပါ   ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  မိမိတို့ ကျရာကဏ္ဍတွင် တာဝန်ကျေပွန်စွာထမ်းဆောင်ရင်း အသက်ပေးလှူ၊ ကိုယ်အင်္ဂါစွန့်လှူသွားခဲ့ကြရသည့် ရဲတပ်ဖွဲ့ဝင်များလည်းရှိခဲ့သည့်အတွက်   ရဲတပ်ဖွဲ့ ဝင်များ၏ ဇွဲ/ လုံ့လ/ စိတ်ဓာတ်/ ကြိုးပမ်းမှုများအပေါ် ဂုဏ်ယူလေးစား အသိအမှတ်ပြုပါကြောင်း။ 

 


နိုင်ငံတော်က   အသိအမှတ်ပြု   ချီးမြှင့်သည့် အနေဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက် (လွတ်လပ် ရေးနေ့)တွင် ရဲသူရတံဆိပ်ရရှိသူ ၆၃ ဦး၊ ရဲဗလ တံဆိပ်ရရှိသူ ၄၂၆ ဦး၊ ရဲကျော်စွာတံဆိပ်ရရှိသူ ကိုး ဦး၊ ရဲကျော်သူတံဆိပ် ရရှိသူ သုံးဦး၊ စီမံထူးချွန်တံဆိပ် (တတိယအဆင့်) ရရှိသူ တစ်ဦး၊ ရဲမှုထမ်းကောင်း တံဆိပ်ရရှိသူ ၃၄၈ ဦး၊ နိုင်ငံတော် ရဲမှုထမ်းတံဆိပ်ရရှိ သူ ၁၂၂၃ ဦး၊ မြန်မာနိုင်ငံ ရဲပူးတွဲတိုက်ပွဲဝင်တံဆိပ်ရရှိသူ ၂၄၈၇ ဦး၊ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူ ၄၅ ဦး၊ ပြည်သူ့ဝန်ထမ်းတံဆိပ်ရရှိသူ ၅၄ ဦး၊   ငြိမ်ဝပ် ပိပြားရေးနှင့်   တရားဥပဒေစိုးမိုးရေးတံဆိပ်ရရှိသူ ၅၂၄၃ ဦး၊ စုစုပေါင်း ၉၉၀၂ ဦးကို ချီးမြှင့်ပေးအပ်ခဲ့ ကြောင်း၊   အလားတူ   ၂၀၂၂ ခုနှစ်  မတ် ၂၇ ရက် (တပ်မတော်နေ့)တွင် ရဲဗလတံဆိပ် ရရှိသူ ၁၂၉ ဦး၊ စီမံထူးချွန်တံဆိပ် (ပထမဆင့်) ရရှိသူ နှစ်ဦး၊ စီမံ ထူးချွန်တံဆိပ် (ဒုတိယဆင့်) ရရှိသူ ၃၀ ၊ စီမံထူးချွန် တံဆိပ် (တတိယဆင့်) ရရှိသူ သုံးဦး၊ စုစုပေါင်း ၁၆၄ ဦးတို့ကို  ချီးမြှင့်ပေးအပ်ခဲ့ကြောင်း၊ ထို့ပြင် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း ထူးချွန်ပြောင်မြောက်စွာ လုံခြုံရေး၊    တရားဥပဒေစိုးမိုးရေး   ဆောင်ရွက်ခဲ့ သူများ၊ မှုခင်းများ စွမ်းစွမ်းတမံ ဖော်ထုတ်နိုင်သူများ၊ မူးယစ်ဆေးဝါး ဖော်ထုတ်ဖမ်းဆီးနိုင်သူများ၊ လုပ်ငန်း တာဝန် ကျေပွန်သူများ၊ သင်တန်းနှင့် အားကစားတွင် ထူးချွန်ဆုရရှိကြသူများကိုလည်း  တစ်ဆင့်တိုး ရာထူးတိုးမြှင့်ပေးခြင်းနှင့် ရဲချုပ်၏ အမှုထမ်းကောင်း လက်မှတ်နှင့်  ဆုများချီးမြှင့်ခြင်းကို  တွေ့ရသည့် အတွက် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုချီးမြှင့်ခြင်းသည် မင်္ဂလာတရားတော်နှင့်လည်း ညီညွတ်သည့်အပြင် အမှုထမ်းကောင်းတံဆိပ်ရပြီး အရာထမ်းအမှုထမ်း များကလည်း ဆက်လက်ကြိုးစားတာဝန်ထမ်းဆောင် ကြရန်လိုအပ်သကဲ့သို့  မရရှိကြသေးသည့် အရာထမ်း အမှုထမ်းများအနေဖြင့်လည်း နိုင်ငံတော်ကချီးမြှင့် မည့် အမှုထမ်းကောင်း တံဆိပ်များရရှိရန်  ပေးအပ် သောတာဝန်များကို ရိုးသားမှု၊ ကြိုးစားမှုတို့နှင့်အတူ တာဝန်ကို  ကျေပွန်အောင်  စွမ်းစွမ်းတမံကြိုးစား အားထုတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။ 

 


 မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် ရည်ရွယ်ချက် (၄)ရပ်ဖြင့် ဖွဲ့စည်းပေးခဲ့ကြောင်း၊ ရဲမှုထမ်းဟောင်း အငြိမ်းစားယူ သူအားလုံးကို   စုစည်းနိုင်ခဲ့လျှင်   နိုင်ငံတော်၏ အင်အားတစ်ရပ်အနေဖြင့်   တစ်ခန်းတစ်ကဏ္ဍမှ  ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက်  အဖွဲ့ဝင်များ တိုးတက်ဖွဲ့စည်းနိုင်ရေး စည်းရုံးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။ 

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ညွှန်ကြား ချက်နှင့်အညီ  နိုင်ငံ့တာဝန်များကို ထမ်းဆောင်ချိန် ကာလအတွင်း       အကြမ်းဖက်သမားများ၏ အကြောင်းမဲ့တိုက်ခိုက်   သတ်ဖြတ်မှုများကြောင့် နိုင်ငံသူနိုင်ငံသားများ  ထိခိုက်သေဆုံးခဲ့ရမှုများမှ ကင်းဝေးစေရေး၊  နိုင်ငံတစ်ဝန်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းရပ်များ ဆောင်ရွက်ရာတွင် အထောက် အကူပြုစေနိုင်မည့်  ပြည်သူ့လုံခြုံရေးအဖွဲ့များကို တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက်    ရပ်ကွက်/ ကျေးရွာ/မြို့နယ်နှင့်ခရိုင်အဆင့်  ဖွဲ့စည်းပေးခဲ့ပြီး ဒေသအလိုက်တည်ငြိမ်အေးချမ်းရေးကို  ရာနှုန်းပြည့် ရရှိစေသည်အထိ ဆက်လက်စီမံဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေ စိုးမိုးရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက် နိုင်စေရန် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။ 

 


ရဲတပ်ဖွဲ့ဥပဒေအသစ်ကို ပြဋ္ဌာန်း


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် တွင် “မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဥပဒေ” အသစ်ကို လုံခြုံ ရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုး ရေးတို့နှင့် စပ်လျဉ်း၍  နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို   ဥပဒေနှင့်အညီ   အစဉ်ကာကွယ် စောင့်ရှောက်သည့် ရဲတပ်ဖွဲ့ဖြစ်စေရန်၊ နိုင်ငံတော်နှင့် ပြည်သူများက  ယုံကြည်အားထားရသည့်   အရည် အသွေးမြင့်မားပြီး    စည်းကမ်းကောင်းမွန်သည့် ရဲတပ်ဖွဲ့ဖြစ်စေရန်၊ ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးတာဝန် များကို စွမ်းရည်ထက်မြက်စွာ ထမ်းဆောင်နိုင်သည့် ရဲတပ်ဖွဲ့ဖြစ်စေရန်၊ နိုင်ငံတကာရဲတပ်ဖွဲ့၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရဲတပ်ဖွဲ့၏ စွမ်းရည် နှင့်     အရည်အသွေးမြင့်မားရေးဆောင်ရွက်ရန် လိုအပ်သည့် အချိန်တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များတွင်    ပါဝင်ဆောင်ရွက်ရန် စသည်  ရည်ရွယ်ချက်များဖြင့် ၂၀၂၂ ခုနှစ် မတ် ၂၅ ရက်တွင်   မြန်မာနိုင်ငံ   ရဲတပ်ဖွဲ့ဥပဒေအသစ်ကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း။ 

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူ ပြီးသည့်နောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဖွဲ့စည်းပုံတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်    (အောက်မြန်မာပြည်/ အထက်မြန်မာပြည်)တို့၌ သင်ကြားရေးဌာန တစ်ခုစီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၌      ဌာနကြီးတစ်ခု ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး         ရဲတပ်ဖွဲ့၌ စက်တပ်ကိရိယာရှာဖွေရေးတပ်ခွဲ တစ်ခွဲနှင့်  တပ်စု ခြောက်စုအပြင် ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် ရဲကင်းစခန်း တစ်ခုနှင့် နယ်မြေရဲစခန်း တစ်ခုတို့ကို  တိုးချဲ့ ဖွဲ့စည်းပေးနိုင်ခဲ့ကြောင်း။ 

 


နိုင်ငံတော်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍများ တိုးတက်ပြောင်းလဲလာ သည်နှင့်အမျှ         ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမို    အဆင်ပြေချောမွေ့စေရန်   နေပြည်တော် ကောင်စီနယ်မြေ၊  တိုင်းဒေသကြီးနှင့်   ပြည်နယ် ရဲတပ်ဖွဲ့များတွင် ခရိုင်အဆင့် ၄၆ ခုကို ထပ်မံတိုးချဲ့ ဖွဲ့စည်း ပေးနိုင်ခဲ့ကြောင်း၊ အသစ်ထပ်မံဖွဲ့စည်းထား သည့် ခရိုင်ရုံးများ အမြန်ဆုံးထိရောက်အောင်မြင်စွာ လုပ်ငန်းလည်ပတ်နိုင်ရေး သက်ဆိုင်ရာတိုင်းဒေသ ကြီးနှင့်    ပြည်နယ်ဝန်ကြီးချုပ်တို့က   ဝိုင်းဝန်း ကြပ်မတ် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။

 


မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို  “မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊   ခေတ်မီရမည်”  ဟူသည့်  မျှော်မှန်းချက်များဖြင့် တည်ဆောက်ရာတွင် ဖွဲ့စည်း ပုံတိုးချဲ့ပြင်ဆင်မှု၊   ခေတ်မီပစ္စည်း  ကိရိယာများ၊  လုံခြုံရေးအသုံးအဆောင်များစသည်တို့ကို  ခေတ် ကာလနှင့်လျော်ညီအောင်   နိုင်ငံတော်ကတိုးမြှင့် ဖြည့်ဆည်းပေးမှုများ   ဆောင်ရွက်ပေးနေသကဲ့သို့ တပ်ဖွဲ့ဝင် တစ်ဦးချင်းစီအနေဖြင့်လည်း အဖွဲ့အစည်း ကောင်းတစ်ခု၏ အနှစ်သာရဖြစ်သည့် စိတ်ဓာတ် ကောင်းမွန်ရေး၊    စွမ်းရည်ပြည့်ဝရေးနှင့်   တာဝန် ကျေပွန်ရေး      စသည်တို့ကို     စဉ်ဆက်မပြတ်  ဆက်လက်ခံယူလေ့ကျင့်နေကြရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ လေးစားယုံကြည်မှု ပိုမိုရရှိစေရန်  ရဲတပ်ဖွဲ့ဝင်များသည် အဂတိတရားကင်းရှင်း ကြရ မည့်အပြင် တပ်ဖွဲ့ကချမှတ်ထားသည့် ရဲစည်းကမ်းနှင့် ရဲကျင့်ဝတ်များကိုလည်း ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံ အောင်    လိုက်နာစောင့်ထိန်းပြီး   လူမှုအဖွဲ့အစည်း တစ်ရပ်လုံးကို  ဥပဒေနှင့်အညီ   လုံခြုံအောင် ရိုးသား ကြိုးစားမှုနှင့်  ကိုယ်ချင်းစာတရားလက်ကိုင်ထား၍ အကာအကွယ်ပေးစောင့်ရှောက်သွားကြရန်  အထူး မှာကြားလိုကြောင်း။

 


မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အရာထမ်း၊ အမှုထမ်းများ အားလုံးသည်  မိမိတို့၏ လုပ်ပိုင်ခွင့်များ၊   လုပ်ငန်း ကျွမ်းကျင်မှုများနှင့်အတူ ဥပဒေကိုကိုင်တွယ် ကျင့်သုံးရာတွင်  ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုပြုနိုင်သော    နိုင်ငံနှင့်ပြည်သူများက လေးစားဂုဏ်ယူဖွယ် အားကိုးအားထားပြုနိုင်သည့် ဥပဒေ ဘက်တော်သား  ရဲတပ်ဖွဲ့ဝင်ကောင်းများဖြစ် အောင် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊  ပြည်သူလူထု ၏ အကျိုးစီးပွားကို  ကာကွယ်စောင့်ရှောက်ရာတွင် ရဲလုပ်ငန်းကျွမ်းကျင်မှု၊   ရိုးသားဖြောင့်မတ်မှု၊   သမာ သမတ်ရှိမှုတို့ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ရည်မှန်း၍ နိုင်ငံတော်နှင့်ပြည်သူကို အကျိုးပြုရသည့် မိမိအလုပ်ကို  တန်ဖိုးထားဂုဏ်ယူစွာကြိုးပမ်းလုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ နယ်မြေရဲစခန်း အဆင့်မှ   တိုင်းဒေသကြီးနှင့်   ပြည်နယ်အဆင့်အထိ အဖွဲ့အစည်းအလိုက်   နိုင်ငံတော်နှင့်   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ချမှတ်ပေးထားသည့်  လုပ်ငန်းတာဝန်များ ကို    ကျေပွန်စွာ  ထမ်းဆောင်ရင်း   ရဲစည်းကမ်း၊ ရဲကျင့်ဝတ်များနှင့်အညီ စံပြပြုမူဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ်  ပြည်သူလူထုတစ်ရပ်လုံး က     လေးစားအားကိုးရလောက်သည့်    ဥပဒေ ဘက်တော်သားများ     ဖြစ်လာစေရန်     ကြိုးစား  ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း       ပြောကြား သည်။ 
ထို့နောက် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့အထိမ်းအမှတ် Video Clip ကို ပြသသည်။

 


ဂုဏ်ထူးဆောင်ဆုများ ပေးအပ်ချီးမြှင့် 


ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး   စိုးဝင်းက   စွမ်းရည်သတ္တိ  ဂုဏ်ထူးဆောင် တံဆိပ်ရရှိသူ  တပ်ဖွဲ့ဝင် ခြောက်ဦးကို  လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး စိုးထွဋ်က စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ် ရရှိသူ  တပ်ဖွဲ့ဝင် သုံးဦးနှင့်  စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ရရှိသူ တပ်ဖွဲ့ဝင် လေးဦးတို့ ကိုယ်စား မိသားစုဝင် ခြောက်ဦးကိုလည်းကောင်း ဂုဏ်ထူး ဆောင် ဆုများပေးအပ်ချီးမြှင့်ကြသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းသည် အခမ်းအနားသို့ တက်ရောက်လာကြ သူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး (၅၈)နှစ်မြောက်      မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသည့်   မှတ်တမ်းဓာတ်ပုံများ၊ ရုပ်လုံးရုပ်ကြွများ၊ တပ်ဖွဲ့/ဌာနများတွင် အသုံးပြု လျက်ရှိသည့် စက်ကိရိယာများ၊ နည်းပညာဆိုင်ရာ ပစ္စည်းများ၊ လက်နက်များ၊ ဝတ်စုံများ၊ ဆက်သွယ်ရေး ပစ္စည်းများ၊ မူးယစ်ဆေးဝါး ရှာဖွေစစ်ဆေးရေးစက် များနှင့်   ယာဉ်များကို   လှည့်လည်ကြည့်ရှုအားပေးသည်။

 


ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ        ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်က  ရဲတပ်ဖွဲ့နေ့  မိန့်ခွန်းပြောကြားပြီး စံပြရဲအဆင့်တိုးဆုရရှိသူ တပ်ဖွဲ့ဝင် ငါးဦး၊ စွမ်းဆောင် မှုအတွက် ရာထူးအဆင့်တိုးဆု(အရာရှိ) နှစ်ဦးနှင့် အနုပညာရှင်ကိုယ်စားလှယ် တစ်ဦးကိုလည်းကောင်း၊ ဒုတိယရဲချုပ်များက စွမ်းဆောင်မှုအတွက်ရာထူး အဆင့်တိုး တပ်ဖွဲ့ဝင် ရှစ်ဦးနှင့် ရုံးဝန်ထမ်း ထူးချွန်ဆု ရရှိသူ ခုနစ်ဦးကိုယ်စား တာဝန်ရှိသူတစ်ဦးကိုလည်း ကောင်း၊ ဒုတိယဝန်ကြီး  ရဲချုပ်၏  ဇနီးနှင့် ဒုတိယ ရဲချုပ်များ၏ ဇနီးတို့က အမျိုးသမီးစွမ်းဆောင်ရှင်ဆု ရရှိသူ တစ်ဦး၊ နေအိမ် လိုင်းခန်းသန့်ရှင်းရေးဆုရရှိသူ ရှစ်ဦးတို့ကို ဂုဏ်ပြုဆုတံဆိပ်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်