
နေပြည်တော် စက်တင်ဘာ ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန် ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အကြိမ်(၂၀)မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ ညီလာခံ 20th AACC သို့ တက်ရောက်ခဲ့သည့် အာဆီယံလေတပ်ဦးစီးချုပ်များအား လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ် (ကြည်း) နှင့်အတူ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ စစ်ဦးစီး အရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ် ကြီး ဇော်ဝင်းမြင့်နှင့် တာဝန်ရှိသူ များ တက်ရောက်ကြပြီး ဘရူနိုင်း နိုင်ငံ လေတပ်ဦးစီးချုပ် Brigadier General (u) Dato Seri Pahla-wan Mohammad Sharif Bin Dato Paduka Haji Ibrahim ၊ ကမ္ဘောဒီးယားနိုင်ငံ လေတပ်ဦးစီး ချုပ် General Soeung SAMNANG၊ လာအိုနိုင်ငံ လေတပ်ဦးစီးချုပ် Brigadier General Khamlek SENGPH ACHANH ၊ ထိုင်းနိုင်ငံ လေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot၊ ဗီယက်နမ်နိုင်ငံ လေတပ်ဦးစီးချုပ် Lieutenant General Nguyen Van Hien နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သုံးသပ်ဆွေးနွေး
တွေ့ဆုံရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီ အနေဖြင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်း စဉ်(၅)ရပ်၊ ဦးတည်ချက် (၉) ရပ် ချမှတ်၍ နိုင်ငံရေးရည်မှန်းချက် (၂)ရပ်၊ အမျိုးသားရေးရည်မှန်း ချက်(၂)ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက် နေသည့်အခြေအနေများ၊ လူဦးရေ နှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်း စမ်းသပ်ကောက်ယူမှု အခြေအနေနှင့် ၁၀နှစ်တစ်ကြိမ် ဆောင်ရွက်ရမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ယူရေးဆိုင်ရာ ပြင်ဆင် ဆောင်ရွက်နေမှုများ၊ လွတ်လပ်ပြီး တရားမျှတသော (Free and Fair) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင် မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုဆောင်ရွက်နေ သည့် အခြေအနေများ၊ အာဆီယံ တပ်မတော်များ အချင်းချင်း ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆိုင်ရာ ကိစ္စရပ်များအား ဦးစွာ ဆွေးနွေးပြောကြားပြီး အကြိမ် (၂၀) မြောက် အာဆီယံလေတပ် ဦးစီးချုပ်များ အစည်းအဝေး ကျင်းပ ပြုလုပ်နိုင်ခဲ့မှုအပေါ် အောင်မြင်ပြီးမြောက်ခဲ့မှု အခြေ အနေများကို သုံးသပ်ဆွေးနွေး သည်။
ဆွေးနွေးတင်ပြ
ထို့နောက် အာဆီယံလေတပ် ဦးစီးချုပ်များက နိုင်ငံအလိုက် တစ်ဦးချင်း မိတ်ဆက်ကြပြီး မြန်မာနိုင်ငံအတွင်းရှိ အထင်ကရ နေရာများသို့ သွားရောက်၍ လေ့လာလည်ပတ်ခဲ့မှု၊ ဧည့်ဝတ် ကျေပွန်မှုနှင့် အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုများ ကို ဆွေးနွေးတင်ပြကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ် (ကြည်း) သည် အာဆီယံ လေတပ်ဦးစီးချုပ်များ အား လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်