နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လွိုင်ကော်မြို့ရှိ ဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင်များနှင့်တွေ့ဆုံ

 

နေပြည်တော်    မတ်    ၁၅


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  သည်     ယနေ့နံနက်ပိုင်းတွင်    လွိုင်ကော်မြို့ရှိ ကက်သလစ်သာသနာ     အသင်းတော်၊     နှစ်ခြင်း ခရစ်ယာန်အသင်းတော်၊ ကယားဖူးနှစ်ခြင်းခရစ်ယာန် အသင်းတော်၊ အင်္ဂလီကန်အသင်းတော်၊ ယေဟောဝါ အသင်းတော်၊   သတ္တမနေ့  ဥပုသ်အသင်းတော်နှင့် ကေ့ထိုးဘိုးရိုးရာအဖွဲ့များမှ ဘာသာရေးခေါင်းဆောင် များအား ပြည်နယ်စိုးရအဖွဲ့ရုံးခန်းမ၌ တွေ့ဆုံသည်။

 


တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဝင်များ ဖြစ်ကြသည့် ပိုးရယ်အောင်သိန်း၊ ခွန်စံလွင်၊ ကယားပြည်နယ်    ဝန်ကြီးချုပ်     ဦးဇော်မျိုးတင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုး၊    ဒုတိယဝန်ကြီးများ၊     တာဝန်ရှိသူများနှင့် ဘာသာရေးအသင်းအဖွဲ့များမှ    ခေါင်းဆောင်များ တက်ရောက်ကြသည်။

 


အခက်အခဲများ ဖြေရှင်းညှိနှိုင်းပေး


ဦးစွာ     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ    ဒုတိယတပ်မတော်   ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး  စိုးဝင်း  က  အဖွင့်အမှာစကား ပြောကြားရာတွင်   ကယားပြည်နယ်      တည်ငြိမ် အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ပြည်နယ်မှ  တာဝန်ရှိသူများနှင့် မပြတ်ဆက်သွယ် စီမံဆောင်  ရွက်လျက်ရှိကြောင်း၊ ပြည်နယ်၏ ဘာသာရေးကိစ္စ၊  လူမှုရေးဆိုင်ရာကိစ္စ အခက်အခဲများရှိခဲ့လျှင် ဖြေရှင်း ညှိနှိုင်းပေးနိုင်ရေး တွေ့ဆုံခြင်းဖြစ်ကြောင်း။

 


ပြည်နယ်တည်ငြိမ်အေးချမ်းရေးသည်  အရေး ကြီးကြောင်း၊ ပြီးခဲ့သည့်နှစ် ကာလအတွင်း အကြမ်း ဖက်အဖွဲ့အစည်းများကြောင့်     လွိုင်ကော်မြို့အနီး တစ်ဝိုက်အထိ  လုံခြုံရေးအရ  ခြိမ်းခြောက်မှုများရှိ  ခဲ့ပြီး တည်ငြိမ်အေးချမ်းမှုမရှိခဲ့သော်လည်း ယခုအခါ များစွာ   တည်ငြိမ်အေးချမ်းလာသည်ကို   တွေ့ရ ကြောင်း၊ သို့သော်အချို့သော မြို့နှင့် အလှမ်းကွာဝေး သည့် နေရာများတွင် တည်ငြိမ်အေးချမ်းမှု လိုအပ် နေသေးကြောင်း     တွေ့ရသော်လည်း      တည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း  စီမံဆောင်ရွက်နေပါကြောင်း။

 


ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  အနေဖြင့်  တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်း၍ ထာဝရငြိမ်းချမ်း ရေးအတွက်    ဖိတ်ခေါ်   ဆောင်ရွက်လျက်ရှိသော်  လည်း အချို့သော လက်နက်ကိုင်အဖွဲ့အစည်းများမှာ  ပူးပေါင်းဆောင်ရွက်လိုမှု မရှိကြောင်း၊ တပ်မတော် အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် ပစ်ခတ်ရပ်စဲရေးကို ၂၀၂၃ ခုနှစ်  နှစ်ကုန်အထိ   သက်တမ်းတိုးထားကြောင်း၊    ၂၀၂၂ ခုနှစ်၊  ဧပြီလတွင်  ငြိမ်းချမ်းရေးအတွက်  ကြိုတင် ကန့်သတ်ချက်မထားဘဲ ဆွေးနွေးနိုင်ရန် နိုင်ငံတော် ဝန်ကြီးချုပ်ကိုယ်တိုင် ဖိတ်ခေါ်ခဲ့ကြောင်း၊ ဆွေးနွေး ရန် နေပြည်တော်သို့ ရောက်ရှိလာသည့် လက်နက် ကိုင်   အဖွဲ့အစည်းများကိုလည်း    မအားလပ်သည့် ကြားမှ    နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်    လက်ခံ  တွေ့ဆုံခဲ့ပါကြောင်း၊ အမျိုးသားပြန်လည်စည်းလုံး  ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်း ဆွေးနွေးရေးကော်မတီကလည်း လာရောက်ဆွေးနွေး ခဲ့သော အဖွဲ့များနှင့် ဒေသအကျိုး၊ အဖွဲ့အစည်းအကျိုး အတွက် နှစ်ဖက်ပွင့်လင်းမြင်သာစွာ ဆွေးနွေးဆောင် ရွက်ခဲ့ပါကြောင်း၊ လာရောက်ဆွေးနွေးမှုတွင် ကယား ပြည်နယ်အတွင်းရှိ       တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့မပါဝင်သည်ကို  စိတ်မကောင်းဖွယ်ရာ  တွေ့ရှိ ရသော်လည်း နိုင်ငံတော်က အမြဲပင် ဆွေးနွေးနိုင်ရန် ကြိုဆိုနေပါကြောင်း။ 

 


 ပူးပေါင်းပါဝင်ဆောင်ရွက်


ဘာသာရေးအသင်းတော်များကို  တွေ့ဆုံချိန်  ပြောကြားလိုသည်မှာ    နိုင်ငံတစ်ဝန်း     တည်ငြိမ် အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ဒေသ အလိုက် ဒေသခံများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ တပ်မတော်နှင့်  သက်ဆိုင်ရာ   ပြည်နယ်အစိုးရတို့ အားလုံး      ပူးပေါင်းပါဝင်    ဆောင်ရွက်ကြမှသာ ဒေသအတွင်း အမြန်ဆုံးပြန်လည်တည်ငြိမ်လာမည် ဖြစ်ကြောင်း  ပြောကြားသည်။ 

 


ထို့နောက် တက်ရောက်လာသည့် ဘာသာရေး အသင်းအဖွဲ့များမှ    ခေါင်းဆောင်များဖြစ်ကြသည့် ကက်သလစ်သာသနာအသင်းတော်မှ        ဖာသာ အောင်ငဲ၊ နှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ ဖာသာ  အက်ဒွက်စိန်၊ ကယားဖူးနှစ်ခြင်းခရစ်ယာန် အသင်း တော်မှ    ဦးသိန်းရယ်၊    အင်္ဂလီကန်အသင်းတော်မှ ဦးထူးထူးဘော၊    ယေဟောဝါ    အသင်းတော်မှ ဦးဆီဗက်စတာ၊  သတ္တမနေ့   ဥပုသ်အသင်းတော်မှ ဦးသိန်းထွဋ်ဝင်းနှင့် ကေ့ထိုးဘိုးရိုးရာအဖွဲ့မှ ဦးမီရယ်ဖြင့် တို့က   ပြည်နယ်အတွင်း   လူမှုရေးဆိုင်ရာလုပ်ငန်း များတွင် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်မှု အခြေအနေ များကို ရှင်းလင်းပြောကြားပြီး ဆုတောင်းမေတ္တာ စကားများ ပြောကြားသည်။

 


ဒေသတည်ငြိမ်အေးချမ်းမှုလိုအပ်


ဆွေးနွေးတင်ပြချက်များအပေါ်     နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ    ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း  က ပြန်လည်ဆွေးနွေးပြောကြားရာတွင် ယာယီနေရပ် စွန့်ခွာသူများနှင့်ပတ်သက်၍       ဒေသတည်ငြိမ် အေးချမ်းမှု    မဖြစ်မနေလိုအပ်ပြီး    လက်နက်ကိုင် အဖွဲ့များ၏ အကြမ်းဖက်မှုတွင် ဒေသခံပြည်သူများ သည်  ဆင်းရဲဒုက္ခများစွာ ကျရောက်ခဲ့ရကြောင်း၊ တည်ငြိမ်အေးချမ်းရန် ဒေသခံပြည်သူများအနေဖြင့်  ပူးပေါင်းပါဝင်ပေးရန်လိုကြောင်း၊ အလားတူ ဘာသာ ရေးအဖွဲ့အစည်းများသည် အရေးကြီးသော အခန်း ကဏ္ဍမှ   ပါဝင်ကြောင်း၊   တည်ငြိမ်အေးချမ်းသော ဒေသများတွင် ပဋိပက္ခမရှိလျှင် နေရပ်စွန့်ခွာသူများ မရှိကြောင်း၊ သို့ဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် တည်ငြိမ်အေးချမ်းရေးအတွက် သက်ဆိုင်ရာ တာဝန် ရှိသူများနှင့် ပူးပေါင်းပေးရန် ပြောကြားလိုကြောင်း။ 

 


ဖြောင့်မတ်မှန်ကန်စွာ လုပ်ကိုင်ရန်လို


ဘာသာရေးအဖွဲ့အစည်းများ၏    ဘာသာရေး၊  လူမှုရေးဆိုင်ရာ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ သံသယရှိစရာ အကြောင်းမရှိပါကြောင်း၊ သို့သော်  ဖြောင့်မတ်မှန်ကန်စွာ လုပ်ကိုင်ရန်လိုကြောင်း၊ ယေရှု ဘုရားသခင်၏    ကျေးဇူးတော်၊   မေတ္တာတော်နှင့် လုပ်ကိုင်ဆောင်ရွက်မှုများကို     အားပေးကြောင်း၊ မှန်ကန်သော နည်းလမ်းနှင့် အထောက်အပံ့ပေးမှု  ရည်ရွယ်ပါကလည်း  သက်ဆိုင်ရာမှ  ဌာနဆိုင်ရာ များကို အသိပေးလုပ်ဆောင်ရန်လိုကြောင်း၊ အချို့  မသမာသူများက ဘာသာရေးကို အသုံးချ၍ ဥပဒေမဲ့ လုပ်ရပ်များ   လုပ်ဆောင်လျက်   ရှိနေသဖြင့်လည်း လိုအပ်သလို စိစစ်ရခြင်းဖြစ်ပါကြောင်း။

 


တပ်မတော်သားများအနေဖြင့် ROE , Geneva Convention   တို့ကို  သိရှိလိုက်နာ   ဆောင်ရွက်ရ ကြောင်း၊    ဘာသာရေး    အဆောက်အဦများနှင့်  ပတ်သက်ပြီး အလေးထား၍ ထိတွေ့ဆက်ဆံမှုများ ပြုလုပ်လျက်ရှိကြောင်း၊ လက်နက်ကိုင် အကြမ်းဖက် သမားများအနေဖြင့် ဘာသာရေးအဆောက်အဦများ၊ စာသင်ကျောင်းများနှင့် ဆေးပေးခန်းများကို အသုံးချ ကာ    အကာအကွယ်ရယူ   တိုက်ခိုက်မှုများပြုလုပ် လျက်ရှိသဖြင့်    မိမိကိုယ်ကို     ခုခံကာကွယ်မှုအရ တုံ့ပြန်ပစ်ခတ်ရမှုများလည်း  ရှိကြောင်း၊  ပြည်သူ၊  ဘာသာရေးအသင်းအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့နှင့်  တပ်မတော်တို့အနေဖြင့် ပူးပေါင်း၍ လက်နက်ကိုင် အကြမ်းဖက်သမားများ မရှိအောင် ထာဝရတည်ငြိမ်  ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ယခင်ငြိမ်းချမ်းခဲ့ချိန်    ရရှိခံစားရသည့်    အေးချမ်း သာယာသော အနှစ်သာရကို တန်ဖိုးထား၍ ကယား ပြည်နယ်အမြန်အေးချမ်းစေရေး ပူးပေါင်းဆောင်ရွက် ပေးရန်လိုကြောင်း၊ ထို့ကြောင့် ပြည်နယ်အေးချမ်းရန်  ကယားပြည်နယ်အတွင်းရှိ ပြည်သူများအားလုံးတွင် တာဝန်ရှိပြီး အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း ပြောကြားသည်။ 

 


စားသောက်ဖွယ်ရာများ ပေးအပ်


ယင်းနောက်          နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ ဖြစ်ကြသည့် ပိုးရယ်အောင်သိန်း၊    ခွန်စံလွင်နှင့်    ကာကွယ်ရေး ဦးစီးချုပ်ရုံး    (ကြည်း)   မှ      ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင် တို့က တက်ရောက်လာသည့် ဘာသာ ရေး    အဖွဲ့ခေါင်းဆောင်များအား   ဆန်၊     ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်