နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာသံရုံးမှ သံရုံး၊ စစ်သံရုံးမိသားစုဝင်များနှင့် သင်တန်းသားများနှင့် တွေ့ဆုံ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) 
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာသံရုံးမှ သံရုံး၊ စစ်သံရုံးမိသားစုဝင်များနှင့် သင်တန်းသားများနှင့် တွေ့ဆုံ၊ 
အတနာမီကမ္ဘာ့ယဉ်ကျေးမှုမြို့တော်သို့ သွားရောက်လေ့လာ

 

နေပြည်တော်  ဩဂုတ်  ၂၇


ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက် ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ        ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း   ဦးဆောင်သည့်    မြန်မာ့ တပ်မတော်   ကိုယ်စားလှယ်အဖွဲ့ သည် ဩဂုတ် ၂၆ ရက်  ဒေသ စံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ    မြန်မာသံရုံးသို့ သွားရောက်၍   သံရုံး၊   စစ်သံရုံး မိသားစုဝင်များနှင့် သင်တန်းသား များနှင့်      တွေ့ဆုံ၍    အမှာစကား ပြောကြားသည်။

 


ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     ဒုတိယ ဥက္ကဋ္ဌ     ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ် ရေးဦးစီးချုပ်  (ကြည်း)   ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သံရုံး၊ စစ်သံရုံးတို့မှ  အရာထမ်း၊   အမှု ထမ်းများနှင့်  သင်တန်းသားများ အတွက် အမှတ်တရလက်ဆောင် ပစ္စည်းများကို        ပေးအပ်ရာ သံအမတ်ကြီး  ဦးလွင်ဦးနှင့်ဇနီး၊ စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော် နှင့်ဇနီး၊  သံရုံး၊   စစ်သံရုံးတို့မှ တာဝန်ရှိသူများ၊ သင်တန်းသား များက   လက်ခံရယူကြသည်။ ယင်းနောက်    ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင် ဦးနှင့် ဇနီးတို့က တည်ခင်းဧည့်ခံ သည့်   နေ့လယ်စာကို    သံရုံး၊ စစ်သံရုံး   မိသားစုများနှင့်    အတူ တကွ သုံးဆောင်ကြသည်။

 


ကြည့်ရှုလေ့လာ


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယ ဥက္ကဋ္ဌ      ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ် ရေးဦးစီးချုပ်  (ကြည်း)    ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ ဝင်များသည်     အတနာမီကမ္ဘာ့ ယဉ်ကျေးမှုမြို့တော်ရှိ    ရွှေစည်း ခုံ(ပုံတူ)    စေတီတော်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး အတနာမီ ကမ္ဘာ့ယဉ်ကျေးမှု      မြို့တော် အတွင်း     လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြကြောင်း  သတင်းရရှိ သည်။ 


သတင်းစဉ်