နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပိုးရယ်အောင်သိန်း ကယားပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများနှင့် တွေ့ဆုံ

 

လွိုင်ကော်      စက်တင်ဘာ  ၉    


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်   ပိုးရယ်အောင်သိန်းသည်  ယနေ့နံနက်ပိုင်းက     ကယား ပြည်နယ်  ဝန်ကြီးချုပ် ဦးဇော်မျိုး တင်၊   တာဝန်ရှိသူများနှင့်အတူ ကယားပြည်နယ်အတွင်းရှိ ယာယီ နေရပ်စွန့်ခွာပြည်သူများ၊ ကျန်းမာ ရေးဝန်ထမ်းများ၊   အခြေခံပညာ ကျောင်းများမှ ဆရာ ဆရာမများ နှင့် တွေ့ဆုံ သည်။


ရှေးဦးစွာ     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    အဖွဲ့ဝင် သည် လွိုင်ကော်မြို့ မြို့နယ်ခန်းမ ၌ကျင်းပသည့် ကယားပြည်နယ် အတွင်းရှိ    ယာယီနေရပ်စွန့်ခွာ ပြည်သူများအား    ဆန်၊   ဆီ ထောက်ပံ့ပေးအပ်ခြင်း    အခမ်း အနား သို့ တက်ရောက်အမှာစကား ပြောကြားသည်။


ဆန်၊ ဆီများထောက်ပံ့ပေးအပ်


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေး   ကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ဒေသကွပ်ကဲ ရေးမှူးတို့သည် ကယားပြည်နယ် အတွင်းရှိ   ယာယီနေရပ်စွန့်ခွာ ပြည်သူများအား  ဆန်၊ ဆီများ ထောက်ပံ့ပေးအပ်ပြီး     ယာယီ နေရပ်စွန့်ခွာ    ပြည်သူများနှင့်      ရင်းရင်းနှီးနှီး    တွေ့ဆုံနှုတ်ဆက် သည်။


မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    အဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်  တာဝန် ရှိသူများသည်   လွိုင်ကော်မြို့နယ်    ပြည်သူ့ဆေးရုံကြီး၌ တာဝန်ထမ်း ဆောင်နေကြသော  ကျန်းမာရေး ဝန်ထမ်းများအား   သွားရောက် တွေ့ဆုံပြီး   ကျန်းမာရေးစောင့် ရှောက်မှုဆိုင်ရာ   ကိစ္စရပ်များနှင့် စပ်လျဉ်း၍    ဆွေးနွေးမှာကြား သည်။


ထိုသို့ တွေ့ဆုံစဉ်   ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့် ပြည်နယ်ပြည်သူ့ ဆေးရုံအုပ်ကြီးတို့က ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆေးရုံလုပ်ငန်း များ ဆောင်ရွက်နေမှုကို ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ      အဖွဲ့ဝင် က  ပြည်သူ့ဆေးရုံကြီးအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့်  ပြည်နယ်ဝန်ကြီးချုပ်က အစာအိမ် နှင့်   အူလမ်းကြောင်း    ကြည့်မှန် ပြောင်းမော်နီတာ Medical Grade SONY (LMD-2435MD)  စက် ပစ္စည်းတို့ကို   ထောက်ပံ့ပေးအပ် လှူဒါန်းကြပြီး ပြည်နယ်ပြည်သူ့ ဆေးရုံကြီးရှိ လူနာဆောင်များအား လှည့်လည်ကြည့်ရှုကာ လူနာများ ကို အားပေးစကား   ပြောကြား၍ အာဟာရဖြည့်စားသောက်ဖွယ်ရာ များနှင့် ယာယီနေရပ်စွန့်ခွာ မီးဖွား လူနာအား    ထောက်ပံ့ငွေများ ပေးအပ်ကြသည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    အဖွဲ့ဝင် သည်   ပြည်နယ်ပညာရေးမှူးရုံး ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည့် အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများနှင့် တွေ့ဆုံပွဲအခမ်း အနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ပညာ ရေးမှူးက    ပြည်နယ်အတွင်း  ပညာရေးဆိုင်ရာ    ဆောင်ရွက် နေမှုကို ရှင်းလင်းတင်ပြသည်။


ထောက်ပံ့ငွေပေးအပ်


ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင်က ပြည်နယ်အတွင်း ပညာရေးဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင် ရွက်ရန်အတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းပေးအပ်ပြီး ဆရာ ဆရာမ များနှင့်   ရင်းရင်းနှီးနှီး    တွေ့ဆုံ နှုတ်ဆက်သည်။
ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    အဖွဲ့ဝင်  သည်    ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော် မြို့   အမှတ်(၁)   အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိ ပြီး ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမ များနှင့် ရင်းရင်းနှီးနှီး  တွေ့ဆုံ၍  ပညာရေးဆိုင်ရာ  ကိစ္စရပ်များနှင့် ဗလငါးတန်နှင့်    ပြည့်စုံသော ကျောင်းသား    ကျောင်းသူများ လူငယ်များ   ဖြစ်စေရေးအတွက် သင်ကြားပေးကြရန် ကိစ္စရပ်များ ကို ဆွေးနွေးမှာကြားကာ လုပ်ငန်း လိုအပ်ချက်များကို တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။


ဆက်လက်၍   ကျောင်းဝင်း အတွင်း   နှစ်ထပ်ကျောင်းဆောင် သစ်     တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုပြီး     လိုအပ် သည်များကို   မှာကြားခဲ့ကြောင်း သတင်းရရှိသည်။     


 သတင်းစဉ်