နိုင်ငံတော်အရန်ဆန်များ စုဆောင်းထားရှိမှုအခြေအနေ ကွင်းဆင်းစစ်ဆေး

 

ရန်ကုန်   ဩဂုတ်  ၁၂


နိုင်ငံတော် အရန်ဆန်ဝယ်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ  စီးပွား ရေးနှင့်   ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန        ဒုတိယဝန်ကြီး ဦးညွန့်အောင်သည်  ယနေ့မွန်းလွဲ ပိုင်းတွင်     အရန်ဆန်ဝယ်ယူရေး ကော်မတီအဖွဲ့ဝင်များ၊     မြန်မာ နိုင်ငံ      ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများနှင့်အတူ   ဒုတိယ အကြိမ် ဝယ်ယူစုဆောင်းနေသည့် နိုင်ငံတော်           အရန်ဆန်များ စုဆောင်းထားရှိမှုကို      ကွင်းဆင်း စစ်ဆေးသည်။


အမျိုးသား      သဘာဝဘေး အန္တရာယ်ဆိုင်ရာ     စီမံခန့်ခွဲမှု ကော်မတီ၏        အစီအစဉ်ဖြင့် အရန်ဆန်အိတ်         နှစ်သိန်းကို ယခုနှစ်    မေလအတွင်း    ပထမ အကြိမ်     ဝယ်ယူစုဆောင်းခဲ့ပြီး သဘာဝဘေး အန္တရာယ်ကျရောက် ခဲ့သည့်ဒေသများသို့ နိုင်ငံတော်မှ  ဖြန့်ခွဲပေးပို့ခဲ့ပြီးဖြစ်သည်။ 


ယခုအခါ   ထပ်မံ၍   သဘာဝ ဘေးအန္တရာယ်     ကျရောက်သည့် ဒေသများသို့   ဆက်လက်ပံ့ပိုးပေး နိုင်ရေးအတွက်        နိုင်ငံတော် အရန်ဆန်ဝယ်ယူရေး  ကြီးကြပ်မှု ကော်မတီနှင့်         မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ညှိနှိုင်း၍ ဒုတိယအကြိမ် ဆန်အိတ်ငါးသိန်း ကို      ထပ်မံဝယ်ယူစုဆောင်း၍  အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု      ကော်မတီ၏ အစီအစဉ်ဖြင့်           သဘာဝဘေး အန္တရာယ်ကျရောက်သည့် ဒေသ များသို့ ဆက်လက်ပို့ဆောင်ပေး ရန် စီစဉ်ထားရှိမှုအပေါ် ဝယ်ယူ စုဆောင်းထားသည့်      အရန်ဆန် များ  သတ်မှတ်အရည်အသွေးနှင့် အလေးချိန်ပြည့်မီခြင်း     ရှိ၊     မရှိ စစ်ဆေးပြီး   အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏      လမ်းညွှန်ချက်နှင့် အညီ သဘာဝဘေးသင့် ဒေသများ သို့ ဆက်လက်ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။


 သတင်းစဉ်