နိုင်ငံတော်အနေဖြင့် ပြည်တွင်း၌ စားသုံးဆီဖူလုံမှုရှိစေရန် မူဝါဒချမှတ်အကောင်အထည်ဖော်လျက်ရှိ ပြည်ပမှ ဆီတင်သွင်းဖြန့်ဖြူးသည့် လုပ်ငန်းရှင်များကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်

 

နေပြည်တော်  ဖေဖော်ဝါရီ  ၂၄


ပြည်တွင်းစားသုံးဆီ    တိုးမြှင့် ထုတ်လုပ်ရေးနှင့်  စားသုံးဆီဖူလုံ ရေးကိစ္စများနှင့်   စပ်လျဉ်းသည့် တွေ့ဆုံဆွေးနွေးပွဲကို   ယနေ့ မွန်းလွဲပိုင်းတွင်      ရန်ကုန်မြို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ   အသင်းချုပ်ရုံး၌ ကျင်းပသည်။

 


ဦးစွာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး   ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးအောင် နိုင်ဦးက    နိုင်ငံတော်အနေဖြင့် ပြည်တွင်း၌ စားသုံးဆီဖူလုံမှုရှိစေ ရန် မူဝါဒချမှတ် အကောင်အထည် ဖော်လျက်ရှိကြောင်း၊  နိုင်ငံတော် ဝန်ကြီးချုပ်ကလည်း ဆီတင်သွင်း သည့် နိုင်ငံအဖြစ်မှ ဆီတင်ပို့သည့် နိုင်ငံအဖြစ်သို့   ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ရေး  လမ်း ညွှန်ချက်    ပေးထားပါကြောင်း၊ ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပသို့ တင်ပို့နိုင်သည့် အခြေ အနေသို့ရောက်ရှိအောင်  ဆောင် ရွက်ရာတွင် စိုက်ပျိုးထုတ်လုပ်သူ  တောင်သူများ၊ ကြိတ်ခွဲထုတ်လုပ် သည့်   ဆီစက်လုပ်ငန်းရှင်များ အပြင်  ပြည်ပမှ  ဆီတင်သွင်း ဖြန့်ဖြူးသည့် လုပ်ငန်းရှင်များက လည်း ပူးပေါင်းပါဝင်ဆောင်ရွက် ရန်     လိုအပ်ပါကြောင်း၊      ဆီ တင်သွင်းသူ       လုပ်ငန်းရှင်အဖြစ်မှ ပြည်ပသို့ ဆီတင်ပို့သူ လုပ်ငန်းရှင် အဖြစ် ရောက်ရှိရေး  စတင်ပြင်ဆင် ရမည့်       အချိန်ဖြစ်ပါကြောင်း၊ နေကြာအပါအဝင်  ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု      တိုးတက် မြင့်မားလာစေရန်၊        ဆီစက် လုပ်ငန်းများ  တိုးတက်၍   အခွင့် အလမ်းကောင်းများ ရရှိနိုင်စေရန် နှင့် စားသုံးဆီထုတ်လုပ်မှုကဏ္ဍတစ်ရပ်လုံး   မြင့်မားလာစေရေး အတွက်   အသင်းအဖွဲ့များက ဦးဆောင်၍ စီးပွားရေးနယ်ပယ် အသီးသီးမှ လုပ်ငန်းရှင်များ ပါဝင် ဆောင်ရွက်ကြရန်  လိုကြောင်း တိုက်တွန်းမှာကြားသည်။ 

 


ထို့နောက်      ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့်  ပြည် ထောင်စုသမ္မတ    မြန်မာနိုင်ငံ ကုန်သည်များနှင့်   စက်မှုလက်မှု လုပ်ငန်းရှင်များ   အသင်းချုပ်၏ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင် များအသင်းနှင့်      မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဆီထွက်သီးနှံများ       စိုက်ပျိုး ထုတ်လုပ်မှုမြှင့်တင်နိုင်ရေး၊ ပြည် တွင်းစားသုံးဆီ ဖူလုံမှုရှိစေရေးနှင့် ဆီစက်များ    အဆင့်မြှင့်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများ နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက  လိုအပ် သည်များ      ပေါင်းစပ်ညှိနှိုင်း ပေးသည်။

 


ဆွေးနွေးပွဲ           မစတင်မီ ပြည်ထောင်စု          ဝန်ကြီးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ          အသင်းချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်  တာဝန်ရှိသူ များနှင့် တွေ့ဆုံကာ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ  ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက်           ပုဂ္ဂလိက ကဏ္ဍအား   အသင်းချုပ်အနေဖြင့် အဓိကထား ဦးဆောင်၍ ပူးပေါင်း ဆောင်ရွက်ရန်၊   ကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်းရွက် ရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား  စီးပွားရေးလုပ်ငန်း (MSME) များကို အားပေးမြှင့်တင် ဆောင်ရွက်ရေးနှင့်  ကုန်သွယ်မှု လျင်မြန်ချောမွေ့ရေး    ကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။  

                  
သတင်းစဉ်