နိုင်ငံတော်အစိုးရအနေဖြင့်  နိုင်ငံတည်ငြိမ်အေးချမ်းအောင်၊ စီးပွားရေးတိုးတက်အောင်၊ ကုန်ဈေးနှုန်းကျဆင်းအောင်  ကြိုးပမ်းဆောင်ရွက်လျက်ရှိ

 

နေပြည်တော်  စက်တင်ဘာ  ၇


ပြန်ကြားရေး     ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ဝန်ကြီးဌာန စုဝေးခန်းမ၌     ဝန်ထမ်းများနှင့် တွေ့ဆုံ၍   အမှာစကားပြောကြား သည်။


တွေ့ဆုံပွဲသို့   ဒုတိယဝန်ကြီး ဦးရဲတင့်၊  အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊    ဌာနဆိုင်ရာ အကြီးအကဲများ၊     ဝန်ကြီးရုံး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊      ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊   မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး   ဦးစီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း တို့မှ ဝန်ထမ်းများ  တက်ရောက် ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် များမှ အရာထမ်း၊ အမှုထမ်းများက အွန်လိုင်းမှ တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်တည်ဆောက် ရေးနှင့် နိုင်ငံတော်မီဒီယာ၏အခန်း ကဏ္ဍ  မှတ်တမ်းဗီဒီယိုကို ပြသ သည်။
ထို့နောက်     ပြည်ထောင်စု ဝန်ကြီး  ဦးမောင်မောင်အုန်းက ယနေ့တွင် ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများအား မိသားစုပုံစံဖြင့် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ယခု ပြသခဲ့သည့်   ဗီဒီယိုကလစ်တွင် နိုင်ငံတော်အစိုးရ၏    နှစ်နှစ်ခွဲ ကာလ   နိုင်ငံ့အတွက်   အားလုံး ဝိုင်းဝန်းပူးပေါင်း    ဆောင်ရွက်ခဲ့မှု ပုံရိပ်များကို အတိုချုံး၍   ပြသခဲ့ ခြင်းဖြစ်ပါကြောင်း၊ ထိုအထဲတွင် မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများ ၏   ဆောင်ရွက်ချက်များလည်း တစ်စိတ်တစ်ပိုင်းပါဝင်ပြီး    ထို့ အတွက်လည်း        ဝန်ထမ်းများ အားလုံးကို    ကျေးဇူးတင်အသိ အမှတ်ပြုပါကြောင်း၊    စုပေါင်း စွမ်းအားဖြင့်  အားလုံးပူးပေါင်းပြီး နှစ်နှစ်ခွဲကာလ ဆောင်ရွက်ခဲ့မှုများ ဖြစ်ပါကြောင်း။


မကြာမီက တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကဲ့သို့သော သဘာဝ ဘေးအန္တရာယ်အပါအဝင် ကဏ္ဍ အားလုံးတွင်   နိုင်ငံတော်အစိုးရ၊ ပြည်သူ၊ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ပုဂ္ဂလိက အဖွဲ့အစည်း များ စသည်ဖြင့်  အားလုံးညီညွတ် စွာ ပူးပေါင်းဆောင်ရွက်ပြီး ရင်ဆိုင် ကျော်လွှားနိုင်မှုကို မီဒီယာပေါင်းစုံ မှတစ်ဆင့် ပြည်သူများထံ အသိ ပေးခြင်းဖြင့် ပြည်သူများအတွက်  စိတ်ခွန်အားအသစ်များ ရရှိစေမည် ဖြစ်ပါကြောင်း၊ မိမိတို့ အားလုံး၏ စေတနာ၊ မေတ္တာနှင့် ရိုးသားမှုတို့ ဖြင့် အခက်အခဲမှန်သမျှကိုရင်ဆိုင် ကျော်လွှားနိုင်ကြမည်    ဖြစ်ပါ ကြောင်း။


ကြိုးစားဆောင်ရွက်


ယနေ့ခေတ်သည်    မီဒီယာ ခေတ်ဖြစ်သည့်အတွက်     ကမ္ဘာ တစ်လွှား ဘယ်နေရာတွင် ဘာဖြစ် နေသည်ကို      ချက်ချင်းသိနိုင်ကြ ပါကြောင်း၊       နိုင်ငံတော်တွင် လတ်တလောဖြစ်ပွားနေမှုများမှာ အားလုံးအသိပင် ဖြစ်ပါကြောင်း၊  ကမ္ဘာ့နိုင်ငံအားလုံးသည်  မိမိတို့ ၏ အမျိုးသားအကျိုးစီးပွားကိုသာ ဦးစားပေးဆောင်ရွက်ကြကြောင်း၊ မိမိတို့၏ အကျိုးစီးပွားနှင့်ယှဉ်၍ နိုင်ငံအချို့ကို    လိုတစ်မျိုး   မလို တစ်မျိုး     ဆက်ဆံကြကြောင်း၊  နိုင်ငံတော်အစိုးရအနေဖြင့်    နိုင်ငံ တည်ငြိမ်အေးချမ်းအောင်၊ စီးပွား ရေးတိုးတက်အောင်၊ ကုန်ဈေးနှုန်း ကျဆင်းအောင်  ကြိုးပမ်းဆောင် ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်း များအနေဖြင့်လည်း မိမိတို့ မိသားစု၊ မိမိဒေသ၊   မိမိ   တိုင်းဒေသကြီး ပြည်နယ်၊ မိမိနိုင်ငံ  ပိုမိုကောင်းမွန် အောင်အဆင့်ဆင့် ကြိုးစားဆောင် ရွက်ကြရမည်    ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ ဌာန သတင်းများ မသက်ဆိုင်သူများထံ ပေါက်ကြားမှုမရှိအောင် ထိန်းသိမ်း ကြရန် မှာကြားလိုကြောင်း။


နိုင်ငံတော်    ဝန်ကြီးချုပ်က အသေးစား၊     အငယ်စားနှင့် အလတ်စား    စီးပွားရေးလုပ်ငန်း များ  (MSME) ဖွံ့ဖြိုးတိုးတက်စေ ရန်၊ ဗလငါးတန်နှင့်   ပြည့်စုံသော လူငယ်များ     ဖြစ်လာစေရန်တို့ အပါအဝင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို နေ့မအား ညမနား ဆောင်ရွက်လျက်   ရှိပါကြောင်း၊  ဝန်ထမ်းများ၏ တက်ကြွရွှင်လန်း စွာ    လုပ်ကိုင်ဆောင်ရွက်မှုများ အပေါ်   အားရကျေနပ်ပြီး   လွန်စွာ အလေးထားပါကြောင်း။


ဖေ့စ်ဘွတ်နှင့်    ပတ်သက်၍ တစ်ဖက်သတ် ဘက်လိုက်ဆောင် ရွက်မှုများကို   သိရှိပြီး   သတိပြု သုံးစွဲကြရန်   လိုအပ်ပါကြောင်း၊ အများစုသော    သတင်းများမှာ အဆိပ်အတောက်   ဖြစ်‌စေသည့် မမှန်မကန် အကျိုးမရှိသည့်သတင်း များ၊ သတင်းတု၊ သတင်းမှားများ၊ လုပ်ကြံဖန်တီးထားသည့် သတင်း များဖြစ်နေသည်ကို သိရှိထားရန် လိုပါကြောင်း ပြောကြားသည်။ 
ယင်းနောက်  ဒုတိယဝန်ကြီး ဦးရဲတင့်က ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို   ကျေပွန် အောင် ထမ်းဆောင်ကြရန်၊  မိမိ ကိုယ်ရည်ကိုယ်သွေး၊    ဌာန၏ အရည်အသွေး  တိုးတက်အောင် လေ့လာမှတ်သား   သင်ယူကြရန်  နှင့် စဉ်ဆက်မပြတ်    လေ့လာ သင်ယူကြရန်  မှာကြားသည်။


ဆက်လက်၍    အမြဲတမ်း အတွင်းဝန်       ဦးမျိုးမြင့်မောင် က   ပြန်ကြားရေးဝန်ကြီးဌာန၏ ရည်မှန်းချက်၊    ဦးတည်ချက်၊ လုပ်ငန်းတာဝန်၊    မူဝါဒများနှင့် လုပ်ငန်းများ အချိန်မီပြီးမြောက် အောင်မြင်အောင်    စွမ်းဆောင် ရမည့်အချက်များကို    အကြံပြု တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက တက်ရောက်လာသော   ဝန်ထမ်း များအား ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့သည်။                

 သတင်းစဉ်