နိုင်ငံတော်အား ဆန့်ကျင်ဆန္ဒပြသည့် ဦးစီးဦးဆောင်ပြုလုပ်သူများအား စစ်ဆေးဖော်ထုတ်ကာ ဥပဒေအရ ထိထိရောက်ရောက် အရေးယူ သွားမည်

နေပြည်တော်  ဖေဖော်ဝါရီ   ၂၇
နိုင်ငံတော်အားဆန့်ကျင်ဆန္ဒပြသည့် ဦးစီးဦးဆောင် ပြုလုပ်သူများအား စစ်ဆေးဖော်ထုတ်ကာ ဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ 
အဆိုပါထုတ်ပြန်ချက်တွင် နိုင်ငံတော်အစိုးရ အနေဖြင့် အများပြည်သူများ၏ လုံခြုံရေး၊   တရား ဥပဒေစိုးမိုးရေးနှင့်  ရပ်ရွာအေးချမ်းသာရေးတို့ကို ထိခိုက်ပျက်ပြားမှုနှင့် ရုန်းရင်းဆန်ခတ်မှုများ မဖြစ် ပွားစေရေးအတွက် ဖေဖော်ဝါရီ ၈ ရက်မှစ၍ မြို့နယ် အချို့တွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ (၁၄၄) အား ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့ အမိန့်ထုတ်ပြန် ခဲ့ပြီးသည့်ကာလ  နောက်ပိုင်းတွင်လည်း  နိုင်ငံတော် ဆန့်ကျင်ရေးကို နည်းမျိုးစုံဖြင့်  ကြိုးပမ်းလုပ်ဆောင် နေသည့် အခြေအနေအရပ်ရပ်ကြောင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့အနေ ဖြင့် ဖေဖော်ဝါရီ ၂၆ ရက်တွင် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ(၁၄၄) ပြဋ္ဌာန်းချက်များကို ချိုးဖောက်လာ ပါက ထိရောက်စွာအရေးယူခြင်းခံရမည်ကို ထပ်မံ ထုတ်ပြန်ခဲ့ကြောင်း။
အကြိမ်ကြိမ်သတိပေးတားမြစ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ  ၂၇ ရက်  နံနက်ပိုင်း တွင်  ရန်ကုန်တိုင်းဒေသကြီး၊   ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံ၊ စမ်းချောင်းမြို့နယ် မြေနီကုန်း ဂုံးတံတားအောက်၊ ဒဂုံမြို့သစ်မြောက်ပိုင်း ပင်လုံ ရင်ပြင်၊ တာမွေမြို့နယ် ၅ ခွဆုံ၊ ကျောက်တံတား မြို့နယ် မြို့တော်ခန်းမအနီး၊ ဗဟန်းမြို့နယ် Ocean Center  ရှေ့၊  စင်ကာပူသံရုံးရှေ့၊   အင်းလျားမြိုင် လမ်းထိပ်၊ ကမာရွတ်မြို့နယ် အင်းစိန်လမ်း၊ စံရိပ်ငြိမ် မှတ်တိုင်အနီးတို့တွင် လူစုလူဝေးများဖြစ်ပွားခဲ့ရာ  လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြိမ်ကြိမ်သတိပေးတားမြစ်ခဲ့သော်လည်း လူစုကွဲမှုမရှိသဖြင့် နေရာ အချို့တွင် အသံမြည်ဗုံးဖြင့် ပစ်ခတ်လူစုခွဲခဲ့ပြီး ဆူပူ အော်ဟစ်ဆန္ဒပြသူ အမျိုးသား ၁၀၆ ဦး၊ အမျိုးသမီး ၆၀ စုစုပေါင်း ၁၆၆ ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရပြီး လမ်းကန့်လန့်ဖြတ်လုပ်ထားသည့် မော်တော်ယာဉ် လေးစီး၊ ရွက်ဖျင်တဲ နှစ်ခုတို့အား သိမ်းဆည်းရမိခဲ့ ကြောင်း။ 
ဖမ်းဆီးထိန်းသိမ်း
အလားတူ မန္တလေးတိုင်းဒေသကြီး ချမ်းအေး သာစံမြို့နယ် ၆၆ လမ်း၊ (၃၃ နှင့် ၃၄ လမ်းကြား)၊ လမ်း ၃၀၊ (၇၇ နှင့် ၇၈ လမ်းကြား) မန္တလေးဘူတာကြီး အရှေ့၊ မဟာအောင်မြေမြို့နယ် ၅၈ လမ်း၊ (၃၅ နှင့် ၃၆ လမ်းကြား)၊ မဟာမြိုင်ရပ်ကွက် ၆၂ လမ်း၊ (၃၉ နှင့် ၄၀ လမ်းကြား) တို့တွင်လည်း လူစုလူဝေးပြုလုပ် ကာ ဆူပူအော်ဟစ်ဆန္ဒပြနေကြသဖြင့် နေရာအချို့ တွင်  အသံမြည်ဗုံးဖြင့်   ပစ်ခတ်လူစုခွဲခဲ့ပြီး   ဆူပူ အော်ဟစ်ဆန္ဒပြသူ အမျိုးသား ၅၃ ဦး၊  အမျိုးသမီး ၃၉ ဦး၊ စုစုပေါင်း ၉၂  ဦးတို့ကို  ဖမ်းဆီးထိန်းသိမ်းခဲ့ရ ကြောင်း။
ထို့ပြင်  စစ်ကိုင်းတိုင်းဒေသကြီး   မုံရွာမြို့နယ် အေးသာယာရပ်ကွက်၊ ဆင်ဖြူရာမပြာသာဒ်ကျောင်း အတွင်း လူစုလူဝေးဖြစ်ပေါ်မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက တရားဥပဒေနှင့်အညီ သွားရောက်ထိန်းသိမ်း ပြီး လူစုခွဲရန် အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့သော် လည်း လိုက်နာမှုမရှိခြင်း၊ လမ်းများအား အကြောင်းမဲ့ ပိတ်ဆို့ခြင်းများကြောင့်  အသံမြည်ဗုံးဖြင့်   ပစ်ခတ် လူစုခွဲခဲ့ရပြီး  ဆူပူအော်ဟစ်ဆန္ဒပြသူ   အမျိုးသား ၁၀၄ ဦး၊ အမျိုးသမီး ၆၉ ဦး၊ စုစုပေါင်း ၁၇၃ ဦးတို့ အား ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း။
လူစုလူဝေးဖြစ်ပွား
အလားတူ  တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း၊ မြိတ်နှင့် ထားဝယ်မြို့တို့တွင်လည်း ယနေ့နံနက်ပိုင်း တွင် လူစုလူဝေးဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသံမြည်ဗုံးဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ် ဆန္ဒပြသူ အမျိုးသား   ခြောက်ဦးအား   ဖမ်းဆီး ထိန်းသိမ်းခဲ့ရကြောင်း။
အလားတူ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့တွင် လည်း  အမှုဖွင့်လှစ်  ဖမ်းဆီးထိန်းသိမ်းထားသည့် တရာခံအား  ပြန်လွှတ်ပေးရေးအတွက်  ပေါက်မြို့မ ရဲစခန်းရှေ့တွင် အင်အား ၃၀၀ ခန့် ဖြင့် ဆူပူအော်ဟစ် ဆန္ဒပြနေကြသဖြင့်   လုံခြုံရေးတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးအသုံးပြု၍ လည်းကောင်း၊ ပခုက္ကူမြို့၊ သီဟိုဠ်ရှင်ဘုရားရှေ့တွင်လည်း    လူစုလူဝေးများ လာရောက်စုဝေးခဲ့သဖြင့် အသံမြည်ဗုံးအသုံးပြုကာ လူစုခွဲခဲ့ရပြီး  ဆူပူအော်ဟစ်ဆန္ဒပြသူ   အမျိုးသား ခြောက်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း။
အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင် ကျွန်းမြို့နယ်တွင်လည်း  ယနေ့နံနက်ပိုင်းတွင်  လူစု လူဝေးဖြစ်ပွားခဲ့၍   လုံခြုံရေးတပ်ဖွဲ့ဝင်များက အသံမြည်ဗုံးဖြင့် ပစ်ခတ်လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ် ဆန္ဒပြသူအမျိုးသား  ရှစ်ဦး၊  အမျိုးသမီး   ကိုးဦး၊ စုစုပေါင်း ၁၇ ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း။
အလားတူ ကရင်ပြည်နယ်၊ ဘားအံမြို့နှင့် မြဝတီ မြို့၊ အမှတ်(၁)ချစ်ကြည်ရေးတံတားထိပ်တွင်လည်း လူစုလူဝေးဖြစ်ပွားခဲ့၍   လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲခဲ့ရပြီး  ဆူပူအော်ဟစ်ဆန္ဒပြသူ   အမျိုးသား ၁၁ ဦး၊ အမျိုးသမီး လေးဦး၊ စုစုပေါင်း ၁၅ ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း။
အလားတူ ချင်းပြည်နယ်၊ ဟားခါးမြို့တွင်လည်း လူစုလူဝေးဖြစ်ပွားခဲ့၍   လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုခွဲခဲ့ရကြောင်း။
ဆူပူဆန္ဒပြ
အလားတူ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် လည်း လူစုလူဝေးဖြစ်ပွားခဲ့၍  လုံခြုံရေးတပ်ဖွဲ့ဝင် များက  လူစုခွဲခဲ့ရပြီး    ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသမီး  နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း။
အလားတူ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် လည်း လူစုလူဝေးဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ က လူစုခွဲခဲ့ရပြီး ဆူပူအော်ဟစ်ဆန္ဒပြသူ အမျိုးသား နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း။
ဖြစ်စဉ်ဖြစ်ရပ်များတွင် လက်ရှိဖမ်းဆီးထိန်းသိမ်း ထားရှိသူများအနက်မှ နိုင်ငံတော်အား ဆန့်ကျင်ဆန္ဒ ပြသည့် ဦးစီးဦးဆောင်ပြုလုပ်သူများအား စစ်ဆေး ဖော်ထုတ်ကာ  ဥပဒေအရ   ထိထိရောက်ရောက် အရေးယူနိုင်ရေး  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ဖော်ပြထားသည်။ 
သတင်းစဉ်