နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနား မြန်အောင်၌ ကျင်းပ

 

မြန်အောင်   ဇွန်  ၂၂


နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီက   မြန်အောင်မြို့  အောင်ဇေယျခန်းမ၌  ကျင်းပသည်။      

 


ရှေးဦးစွာ    ဧရာဝတီတိုင်းဒေသကြီး   တရား လွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့်က အမှုများ ကို   စစ်ဆေးစီရင်ရာတွင်  စံသတ်မှတ်ကာလအတွင်း ပြီးပြတ်စေရန် တည်ဆဲဥပဒေ၊   လုပ်ထုံး လုပ်နည်း များနှင့်အညီ တရားရုံးက    အမှုနှင့်သက်ဆိုင်သူ အားလုံးနှင့်အတူပူးပေါင်းပြီး     အချိန်နှင့်တစ်ပြေးညီ ထိရောက်မြန်ဆန်စွာ စစ်ဆေးစီရင်နိုင်ရန် ဆောင်ရွက် သည့်    အစီအစဉ်ဖြစ်ကြောင်း၊    မှုခင်းများတွင် အငြင်းပွားမှုများကို  မျှတစွာဖြေရှင်းရန်၊ အချိန်နှင့် တစ်ပြေးညီ  စစ်ဆေးစီရင်နိုင်ရန်၊ အမှုလက်ကျန်များ နှင့်    ကြန့်ကြာနေသည့်မှုခင်းများ   လျှော့ချရန်နှင့် တရားရုံးများအပေါ်   ပြည်သူလူထု၏    ယုံကြည် ကိုးစားမှုကိုမြှင့်တင်ရန်  ရည်ရွယ်ချက်များဖြင့်  မှုခင်း စီမံခန့်ခွဲမှုအစီအစဉ်ကို ဆောင်ရွက်ကြောင်း ပြောကြားသည်။

 


ဆက်လက်၍           မြို့နယ်တရားသူကြီး  ဦးဇေယျာမျိုးက   မြန်အောင်မြို့နယ်   တရားရုံး၌ ၁-၇-၂၀၂၂ ရက်တွင်         စတင်အကောင်အထည် ဖော်ဆောင်ရွက်မည့်   နိုင်ငံတစ်ဝန်း    မှုခင်းစီမံခန့်ခွဲ မှုအစီအစဉ်ကို     မိတ်ဆက်ရှင်းလင်းပြောကြားပြီး ညှိနှိုင်းရေးမှူး    ဧရာဝတီတိုင်းဒေသကြီး    တရား လွှတ်တော်  ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ချိုထက် က တက်ရောက်လာသူများက မေးမြန်းသော မှုခင်း စီမံခန့်ခွဲမှု အစီအစဉ်နှင့်ပတ်သက်သည့်  မေးခွန်းများ ကို ပြန်လည်ဖြေကြားပေးသည်။

 


အခမ်းအနားသို့   ဟင်္သာတခရိုင်တရားသူကြီး ဒေါ်အေးအေးခိုင်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးအောင်သူရိန်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူးချစ်မောင်၊ မြန်အောင်မြို့မ စခန်းမှူးနှင့်နယ်မြေရဲစခန်း၊ ရဲကင်းစခန်းတို့မှ  စခန်း မှူးများ၊ အမှုစစ်အရာရှိများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊    တရားလွှတ်တော်ရှေ့နေများ၊  အထက်တန်း ရှေ့နေများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များ တက်ရောက်ကြကြောင်း သိရသည်။ 

ဝင်းဗိုလ်(ပြန်/ဆက်)