
ယခုအခါ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကူးစက်ပြန့်ပွားမှုသည် ပြည်တွင်းကူးစက်မှုများ ပိုမိုများပြားလာလျက်ရှိရာ အမြို့မြို့အနယ်နယ်၌ ကြိုတင်ကာကွယ်ရေးအစီအမံများ အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ပြည်သူတစ်ရပ်လုံးအနေဖြင့်လည်း ရောဂါကူးစက်မှု မဖြစ်ပွားရေးအတွက် ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်လျက်ရှိပါသည်။ မြို့နယ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး ဆောင်ရွက်မှုများကို ဖော်ပြလိုက်ပါသည်။
ဆီဆိုင်မြို့နယ် ဇဝနာရာမစာသင်တိုက်အတွင်းရှိ အောက်ဆီဂျင်စက်ရုံ ကြည့်ရှုစစ်ဆေး
ဆီဆိုင် စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ ဇဝနာရာမ စာသင်တိုက်အတွင်းရှိ အောက်ဆီဂျင်စက်ရုံသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေး သည်။ (ယာပုံ)
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦး နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးနယ်လ်ဆင်လှမြိုင်၊ မြို့နယ် ကြက်ခြေနီအသင်း(ခွဲ) ဥက္ကဋ္ဌ ဦးချိုတူး မောင်၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးမျိုးမင်းဆွေနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့က အောက်ဆီဂျင်စက်လည်ပတ်နေမှု အခြေအနေများနှင့် မြို့နယ်အတွင်းရှိ မိဘ ပြည်သူများ၏ အောက်ဆီဂျင်လိုအပ်မှု များကို အခမဲ့ ဖြည့်ဆည်းဆောင်ရွက်ပေး နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး သည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံသည် ဆီဆိုင်မြို့ ဇဝနာရာမစာသင်တိုက်ဆရာတော် ဦးကောဝိဒ ဦးစီးဦးဆောင်ကာ မြို့မိ၊ မြို့ဖများ၊ စေတနာရှင်၊ အလှူရှင်များ၏ စုပေါင်းလှူဒါန်း မှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအောက်ဆီဂျင်စက်သည် 5Nm 3/hr အမျိုးအစားဖြစ်၍ တစ်နာရီလျှင် လီတာ ၄၀ ဆံ့ ၁ ဒသမ ၂၅ အိုး ထုတ်ပေးလျက် ရှိကြောင်း၊ တစ်နေ့လျှင် အောက်ဆီဂျင်အိုး အလုံးရေ ၃၀ ထွက်ရှိပြီး မြို့နယ်အတွင်းရှိ မိဘပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက် မှုနှင့် အောက်ဆီဂျင်လိုအပ်မှုများကို အချိန်နှင့် တစ်ပြေးညီ အခမဲ့ ဖြည့်ဆည်းပို့ဆောင်ပေး လျက်ရှိကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)
နှာခေါင်းစည်းကမ်ပိန်းဆောင်ရွက်
ရမ်းဗြဲ
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ် စေရေးအတွက် စက်တင်ဘာ ၃၀ ရက်က ရမ္မာဝတီမြို့မဈေးလမ်းဆုံ နှင့် အမှတ်(၂) ရွှေတုံးတံတားထိပ်လမ်းဆုံ နေရာများသို့ သွားရောက် ပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ နှာခေါင်းစည်းကမ်ပိန်းပြုလုပ်ခြင်း ဆောင်ရွက် သည်။
ထို့နောက် ကာကွယ်ဆေးထိုးနှံခြင်းကိုလည်း အကြိမ်ရေပြည့်မီ အောင်ထိုးနှံကြရန် တိုက်တွန်းခြင်းများ ပြုလုပ်ပေးကာ နှာခေါင်းစည်း အခုရေ ၁၀၀၀ ကို အခမဲ့ဖြန့်ဝေပေးသည်။
အောင်နိုင် (ပြန်/ဆက်)
ရန်ကုန်
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်မိုး၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က သုမင်္ဂလာလမ်းမကြီး ပေါ်ရှိ နန္ဒဝန်ဈေးရှေ့နှင့် ဈေးအတွင်း၌ ယနေ့နံနက်ပိုင်းက ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများနှင့် ဈေးရောင်းဈေးဝယ် များအား နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးပြီး ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက် အပေါ် လိုက်နာကြရန် အသိပညာပေးကြောင်း သိရသည်။
ထက်ထက်(ပြန်/ဆက်)