နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ရေး အရှိန်မြှင့်တင်ဆောင်ရွက်

 

ယခုအခါ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကူးစက်ပြန့်ပွားမှုသည် ပြည်တွင်းကူးစက်မှုများ ပိုမိုများပြားလာလျက်ရှိရာ အမြို့မြို့အနယ်နယ်၌ ကြိုတင်ကာကွယ်ရေးအစီအမံများ အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ပြည်သူတစ်ရပ်လုံးအနေဖြင့်လည်း ရောဂါကူးစက်မှု မဖြစ်ပွားရေးအတွက် ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်လျက်ရှိပါသည်။ မြို့နယ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး ဆောင်ရွက်မှုများကို ဖော်ပြလိုက်ပါသည်။

 

တွံ​တေးမြို့နယ်၌ ပြည်သူများနှင့် ဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေးများ အရှိန်အဟုန်မြှင့်ထိုးနှံ
 

တွံတေး     စက်တင်ဘာ     ၂၇


ရန်ကုန်တိုင်းဒေသကြီး     တွံတေးမြို့နယ်၌ အသက်၁၈နှစ်အထက်   ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးကို   အရှိန် အဟုန်မြှင့်     ဆက်လက်ထိုးနှံခြင်းလုပ်ငန်း ကို     ယနေ့နံနက်ပိုင်းက     ​မြို့နယ်ပြည်သူ့ ဆေးရုံ    အစည်းအဝေးခန်းမ၌    ထိုးနှံပေးခဲ့ သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာ တွင် တွံတေးမြို့နယ်  ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများက   အသက်၁၈နှစ်နှင့် အထက်ပြည်သူများ၊   အ‌ကြောင်းအမျိုးမျိုး ကြောင့် ကျန်ရှိ‌နေသော ဌာနဆိုင်ရာဝန်ထမ်း
မိသားစုများ၊ ပရဟိတအဖွဲ့ဝင်များ၊ ဈေးသည် များ၊     ပို့ဆောင်ရေး   အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကဝန်ထမ်းများကို   ထိုးနှံပေးခြင်းဖြစ်ပြီး  ဌာနဆိုင်ရာ     ဝန်ထမ်းများနှင့်     ပရဟိတ အသင်းတို့က  ပူးပေါင်းပါဝင်ဆောင်ရွက်ပေး ခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း များကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြား ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ပြီး တွံတေး မြို့နယ်၌  အသက်၁၈နှစ်နှင့်အထက် ဆေးထိုး ရန်အကျုံးဝင်သူ ၁၇၅၈၁၆  ဦးတွင် စက်တင် ဘာ ၂၆  ရက်အထိ  ပထမအ​ကြိမ်   ထိုးနှံပြီးသူ ၁၇၁၉၁၈    ဦး၊   ဒုတိယအကြိမ်  ထိုးနှံပြီးသူ ၁၂၀၄၉၃  ဦး၊   တတိယအကြိမ်  ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပြီးသူ ၁၁၀၆၁  ဦးရှိပြီး အသက်ငါးနှစ်မှ ၁၂ နှစ်အထိ ကျောင်းသား ကျောင်းသူ  ထိုးနှံပြီးသူ  ၁၈၉၆၁  ဦးရှိသည့် အတွက် ရာခိုင်နှုန်းအားဖြင့် ၉၇ ဒသမ ၇၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။                       
တွံတေးသား

 

မိုးနဲမြို့နယ်၌ ပြည်သူများအား ဒုတိယအကြိမ်ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေး

မိုးနဲ     စက်တင်ဘာ    ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း       မိုးနဲမြို့နယ်၌ ပြည်သူများ ကိုဗစ်- ၁၉ ရောဂါ  ကင်းဝေး စေရန်နှင့်  ထိရောက်စွာ   ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ   ဝန်ထမ်း များက ဌာနဆိုင်ရာနှင့်   ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး ခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်း ကို မြို့နယ်ကမ္ဘောဇခန်းမ၌ ထိုးနှံပေးခဲ့သည်။  
အဆိုပါ    ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို      မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန မှ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်း ရှိ ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသူများ၊ နှစ်ကြိမ်ထိုးနှံပြီး ထပ်ဆောင်းကာကွယ်ဆေး ထိုးရန်   ကျန်ရှိသူများနှင့်    ထပ်ဆောင်း ကာကွယ်ဆေး  နှစ်ကြိမ်ထိုးနှံပြီး  ခြောက်လ ပြည့်ပြီးသူ စုစုပေါင်း  ၁၃၀  ကို ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။ 
      အဆိုပါ  ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  ဌာနဆိုင်ရာ   တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး         လိုအပ်သည်များ ဖြည့်ဆည်း   ဆောင်ရွက်ပေးခဲ့ကြောင်း  သိရ သည်။                           
  မျိုးညွန့်ရွှေ (မိုးနဲ)

 

ကျောက်ပန်းတောင်းမြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား 
ကျောင်းသူများအား ကာကွယ်ဆေးများ နေ့စဉ်ထိုးနှံပေးလျက်ရှိ
 

ကျောက်ပန်းတောင်း   စက်တင်ဘာ   ၂၇
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်၌  ကိုဗစ်-  ၁၉ ရောဂါကူးစက်ဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေးအတွက် မြို့နယ် ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် ထပ်ဆောင်းကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းများကို     နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၂၆ ရက်က ဆေးထိုးစုရပ်ဖြစ်သည့်   မြို့နယ်အားကစား ခန်းမ၌ ကာကွယ်ဆေးလာရောက်ထိုးနှံသူများပြားခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်၌    စက်တင်ဘာ  ၂၅   ရက်အထိ အသက် ၁၈ နှစ်နှင့်အထက် ဆေးထိုးရန် အကျုံးဝင်သူဦးရေ  ၁၆၉၇၆၇ ဦးအနက် ပုံမှန်ကာကွယ်ဆေး    ပထမအကြိမ်ထိုးနှံပြီးသူ    ၁၆၈၃၁၀ ရှိပြီး ဒုတိယအကြိမ် ထိုးနှံပြီးသူ ၁၁၅၄၈၅ ဦး ရှိကြောင်း သိရသည်။ အသက်  ၁၂  နှစ်အောက်  ကျောင်းသား ကျောင်းသူများအနေဖြင့် ဆေးထိုးရန်   အကျုံးဝင်သူ  ၆၅၃၄  ဦးရှိသည့်အနက် ပထမအကြိမ် ထိုးနှံသူ ၈၁၆၅ ဦးရှိပြီး ဒုတိယအကြိမ်   ထိုးနှံပြီးသူ  ၄၃၄၅  ဦးရှိရာ ရာခိုင်နှုန်းအားဖြင့် ၁၂၄ ဒသမ ၉၆ ရာခိုင်နှုန်းအထိ ကျော်လွန်ထိုးနှံ ပြီးစီးခဲ့သည်။ ထို့ပြင်  ထပ်ဆောင်းကာကွယ်ဆေးအနေဖြင့်  ၇၈၈၅ ဦး ထိုးနှံပြီးစီးခဲ့ကြောင်း၊  ဒုတိယအကြိမ်  ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံမှုအနေဖြင့် ၃၂၁၀ ထိုးနှံပြီးစီးပြီဖြစ်သည်။နေအောင်(ပြန်/ဆက်)