
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုစနစ်ကို တည်ဆောက်ကြရာတွင် သက်ဆိုင်သူအားလုံးနှင့် ပြည်သူ လူထုတစ်ရပ်လုံး၏ နိုင်ငံရေးရင့်ကျက်မှုနှင့် စည်းလုံးညီညွတ်မှုက အခြေခံအကျဆုံးဖြစ်ပါသည်။ ခေတ်အဆက်ဆက် နိုင်ငံရေး ရင့်ကျက်ရန် လိုအပ်မှုများကြောင့် အမိမြန်မာနိုင်ငံတော်ကြီး တိုးတက်သင့်သလောက် မတိုးတက်ခဲ့သည်ကို သင်ခန်းစာယူရပါ မည်။ မိမိတို့လက်ထက်၌ ၎င်းကိစ္စကို ကျော်လွှားနိုင်အောင် ကြိုးစားကြရပါမည်။ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ‘‘ပညာပြည့်ဝ၊ နှလုံးလှသော’’ နိုင်ငံရေးရင့်ကျက်မှုနှင့် စည်းလုံးမှုကို တည်ဆောက်ကြရပါမည်။
(ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၅-၁၀-၂၀၂၁ ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၆) နှစ်မြောက် နှစ်ပတ်လည်နေ့သို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်)