နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြန်လည်ဖြေကြားချက်

 

မေး။    ။    နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ကို ၂၆-၁-၂၀၂၃ ရက်နေ့က  ထုတ်ပြန် 
ခဲ့ပါတယ်။  ဥပဒေမှာ   ပါတီများမှတ်ပုံတင်ခြင်းဟာ ရက်ပေါင်း ၆၀ လို့  ပြဋ္ဌာန်းထားတာ  ရှိပါတယ်။  ၂၆-၃-၂၀၂၃ ရက်နေ့မှာ ရက်ပေါင်း ၆၀ ရက်ပြည့်မှာ ဖြစ်ပါတယ်။သတ်မှတ်ရက်ပြည့်ပြီးနောက်ပိုင်းမှာ မှတ်ပုံတင်လို့ ရ/ မရ သိလိုပါတယ်ခင်ဗျ။
ဖြေ။        ။    ဒီကိစ္စနှင့်    ပတ်သက်ပြီး    မီဒီယာ တော်တော်များများလည်း မေးကြတာ 
ကို တွေ့ရပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်းဥပဒေမှာ ဥပဒေပုဒ်မ၂၅ မှာလည်း ပြဋ္ဌာန်းပြီး ဖြစ်ပါတယ်။  နိုင်ငံရေးပါတီအဖြစ်   တည်ရှိနေတဲ့ ပါတီများဟာ      နိုင်ငံရေးပါတီအဖြစ်     ဆက်လက် တည်ထောင်လိုရင် ဒီဥပဒေပြဋ္ဌာန်းချက်မှာပါတဲ့ အတိုင်း ရက်ပေါင်း ၆၀အတွင်း ကော်မရှင်သို့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ     ပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားရမည်ဆိုပြီး  ပါရှိပါတယ်။ နည်းဥပဒေအပိုဒ် ၈ မှာလည်း ပါရှိပြီးဖြစ်ပါတယ်။ ရက်ပေါင်း ၆၀ အတွင်းမှာပဲ မှတ်ပုံတင်ကြေးထပ်မံ ပေးသွင်းခြင်းမှအပ ဥပဒေပုဒ်မ ၅ ပါပြဋ္ဌာန်းချက်များ အတိုင်း ကော်မရှင်သို့ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ   လျှောက်ထားခွင့်ရှိပြီး   လျှောက်ထားခြင်း မရှိတဲ့    နိုင်ငံရေးပါတီတွေက    အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်ဟု   မှတ်ယူရမည်လို့ပါပြီး ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး  မတ်လ ၂၆ ရက်နေ့ မှာ ရက်ပေါင်း ၆၀  ပြည့်မှာ  ဖြစ်ပါတယ်။ သို့သော်  ၂၅ ၊ ၂၆ ၊ ၂၇ ရက်နေ့တွေက  ရုံးပိတ်ရက်တွေ  ဖြစ်ပါ တယ်။ နည်းဥပဒေ ပုဒ်မ ၂၉ မှာက နောက်ဆုံး နေ့ရက်အဖြစ်     သတ်မှတ်ထားသောနေ့ရက်သည် အများပြည်သူရုံးပိတ်ရက်ဖြစ်ရင်     ရုံးပြန်ဖွင့်သည့် နေ့တွင်     အဲဒီကိစ္စကို     နောက်ဆုံးနေ့ရက်အဖြစ် ဆောင်ရွက်ခွင့်ရှိတယ်။    ဆက်လက်တည်ထောင် လိုတဲ့ နိုင်ငံရေးပါတီတွေက ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်ကို ပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက် ထားမယ်ဆိုရင် ၂၈ ရက်နေ့ နောက်ဆုံးဖြစ်ပါမယ်။ ဒါက ဥပဒေအရပြဋ္ဌာန်းခြင်း ဖြစ်ပါတယ်။ ပါတီကြီး ငယ်မဟူ မည်သည့်ပါတီမဆိုပြဋ္ဌာန်းချက်အတိုင်းဆောင်ရွက်သွားရမှာ  ဖြစ်ပါတယ်။  ရွေးကောက်ပွဲ ကော်မရှင်ကလည်း          ပြဋ္ဌာန်းချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။