နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးတွင် မီးရထားကဏ္ဍဖွံ့ဖြိုးရေးသည် အရေးကြီး

နေပြည်တော်   ဖေဖော်ဝါရီ    ၂၈


ပို့ဆောင်ရေးနှင့်   ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် မြန်မာ့မီးရထားမှ တာဝန်ရှိသူများ၊ စီမံကိန်းရှိ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်-မန္တလေး ရထား လမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့်(၁)ဖြစ်သည့်    ရန်ကုန် - တောင်ငူ     ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို ယနေ့နံနက်ပိုင်းတွင် သွားရောက်  ကြည့်ရှုစစ်ဆေးသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်-တောင်ငူ   ရထားလမ်းပိုင်း    အဆင့်မြှင့် တင်ရေးစီမံကိန်း၏    တောင်ငူ-ညောင်လေးပင် လမ်းပိုင်း (CP-103) စီမံကိန်း (အုတ်တွင်း) ရှင်းလင်း ဆောင်သို့ ရောက်ရှိရာ မြန်မာ့မီးရထား၊ တိုင်းအမှတ် (၅) တောင်ငူမှ တိုင်းအရာရှိများ တိုင်းအမှတ် (၆) ရန်ကုန်မှ တိုင်းအရာရှိများနှင့် တွေ့ဆုံသည်။ 


တွေ့ဆုံစဉ်   စီမံကိန်းအင်ဂျင်နီယာများနှင့် တာဝန်ရှိသူများက  လုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ ဆောင်ရွက်ရန်  ကျန်ရှိသည့်    အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရထား လမ်းစီမံကိန်းဆောင်ရွက်နေမှုများနှင့်  စပ်လျဉ်း၍                  
လိုအပ်ချက်များရှိပါက သိရှိ ဖြည့်ဆည်းပေးနိုင်ရေး လာရောက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေ ရေးတွင် မီးရထားကဏ္ဍဖွံ့ဖြိုးရေးသည် အရေးကြီးပြီး ရထားပို့ဆောင်ရေးလုပ်ငန်းများကို     တာဝန်ယူ ဆောင်ရွက်ကြသော ဝန်ထမ်းများ အဆင့်အတန်း အားလုံးသည် နိုင်ငံတော်၏ အဓိက အရေးပါသည့် လုပ်ငန်းကို ဆောင်ရွက်နေကြသူများဖြစ်ကြောင်း၊ ယခုလို       အားထုတ်    ဆောင်ရွက်နေမှုများကို ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများသည်   နှစ်ရှည် ပင်မစီမံကိန်းရေးဆွဲခြင်း၊      စီမံကိန်းများအတွက် အသေးစိတ်လေ့လာမှု ဆောင်ရွက်ခြင်း၊ လေ့လာမှု ရလဒ်အပေါ်အခြေခံ၍ အကောင်အထည်ဖော်ခြင်း အချိန်ကာလကြာမြင့်စွာ ပြင်ဆင်ရသည်ကို သိရှိကြ မည်ဖြစ်ကြောင်း၊ အခြေခံအဆောက်အအုံများကို ရေရှည်တည်တံ့ရန်အတွက် ဆောင်ရွက်ရမည်ဖြစ်၍ အရည်အသွေးစံချိန်စံညွှန်း ပြည့်မီစွာ  ဆောင်ရွက် ကြရန် စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် ပြည်တွင်း   ပုဂ္ဂလိကများ၏    နည်းပညာနှင့်     ရင်းနှီး မြှုပ်နှံမှု၊     ပြည်ပမိတ်ဆွေနိုင်ငံများ၏    ချေးငွေများနဲ့ အကောင်အထည်ဖော်ရခြင်းဖြစ်၍    တာဝန်ရှိသူ အဆင့်ဆင့်အနေဖြင့်  စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ရာတွင်     သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊      လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ ဆောင်ရွက်ရေး၊   ဘဏ္ဍာငွေများကို   အကျိုးရှိစွာ ဆောင်ရွက်ရေး၊ ပြည်ပနိုင်ငံ နည်းပညာများရရှိရေး အတွက် ကြိုးစားလေ့လာသင်ယူ ဆောင်ရွက်ကြရေး၊ ဝန်ထမ်းများအနေဖြင့်   ဝန်ထမ်းကောင်းပီသစွာ ကဏ္ဍအလိုက် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြ စေရေး၊ ပုံမှန် ပြေးဆွဲနေသော  ရထားများ  အမြန်  ပြန်လည်ပြေးဆွဲပေးနိုင်ရေးအတွက်     ကြိုးပမ်း ဆောင်ရွက်ရေး၊ လက်ရှိတွင် ကိုဗစ်- ၁၉ ကာလ ကျန်းမာရေးဆိုင်ရာ   ကန့်သတ်ချက်များ    ရင်ဆိုင် ကြုံတွေ့နေရသော်လည်း       မြန်မာ့မီးရထားမှ အရာထမ်း၊ အမှုထမ်းများနှင့် လုပ်ငန်းကန်ထရိုက် တာများ၊ ကုမ္ပဏီများအနေဖြင့် သတ်မှတ်ချက်အတိုင်း လုပ်ငန်းများ အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက် မှုများအပေါ် အသိအမှတ်ပြုပါကြောင်း  ပြောကြား သည်။
ထို့နောက်  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှင်းလင်းဆောင်ဝင်းအတွင်းရှိ သံလမ်း(၈)ချောင်း ဂဟေဆက်လုပ်ငန်းခွင်သို့   ရောက်ရှိပြီး   သံလမ်း ဆက်လုပ်ငန်းများနှင့်   ပတ်သက်၍   အထွေထွေ မန်နေဂျာ ဦးမောင်မောင်သွင်က   ရှင်းလင်းပြသခဲ့ရာ ပြည်ထောင်စုဝန်ကြီးက     လိုအပ်သည်များ မှာကြား သည်။


ကြည့်ရှုစစ်ဆေး


ဆက်လက်၍    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည်   အုတ်တွင်းဘူတာမှ   မော်တော်ယာဉ်များ ဖြင့်    ဆက်လက်ထွက်ခွာရာ  ပိန်းဇလုပ်ဘူတာသို့ ရောက်ရှိပြီးနောက် ပိန်းဇလုပ်ဘူတာမှ တောကျွဲ အင်း ဘူတာအထိ (၁၇ ဒသမ  ၂၅)မိုင်အား သံလမ်း ပြေးယာဉ် (RGC) ဖြင့်    သံလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။


ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောကျွဲအင်းနှင့်    ကညွတ်ကွင်းဘူတာကြားရှိ တံတားအမှတ်(၁၈၃)သို့  ရောက်ရှိ၍   တံတား တည်ဆောက်ရေးလုပ်ငန်း   ဆောင်ရွက်နေမှုအား လည်းကောင်း၊ မြေသားလုပ်ငန်းဆောင်ရွက်နေမှု အားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ  တာဝန်ရှိသူ များက  ရှင်းလင်းတင်ပြချက်များအပေါ်  လုပ်ငန်း လိုအပ်ချက်များကို မှာကြားသည်။


ပုံမှန်ပြန်လည် ဖွင့်လှစ်


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖြူးဘူတာသို့ ရောက်ရှိပြီး ဖြူးဘူတာတည်ဆောက် ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဖြူးဘူတာရှိ ဝန်ထမ်းများကို တွေ့ဆုံ၍ ဖြူးဘူတာ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ပေးရန် နှင့်    ဝန်ထမ်းများအနေဖြင့်    ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများကို   လိုက်နာပြီး     တာဝန်များကို  ကျေပွန်စွာ   ထမ်းဆောင်ကြရေး    မှာကြားပြီး စားသောက်ဖွယ်ရာများ  ပေးအပ်သည်။ ထို့နောက် တိုင်းအမှတ် (၆)မှ တာဝန်ရှိသူများကို  ရန်ကုန်-မန္တလေး  ရထားလမ်းများ  ပုံမှန်ပြန်လည် ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ရန်      မှာကြားသည်။ ထိုမှတစ်ဆင့်   ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်    မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာရာ တံတားအမှတ် (၂၀၃)သို့ ရောက်ရှိ၍ တံတားကြီး တည်ဆောက်နေမှုလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးရာ   တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာတွင် လုပ်ငန်း လိုအပ်ချက်များကို      မှာကြားခဲ့ကြောင်း သိရသည်။                                                                          

သတင်းစဉ်